backup og meta

ဒေါသထိန်းချုပ်မှုဆိုင်ရာ ပြဿနာများ

ဒေါသဟာ စိတ်ရှုပ်ခြင်း၊ စိတ်ပျက်ခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်းတွေကနေ စတင်နိုင်ပြီး ပြင်းထန်တဲ့ ခံစားမှုတစ်ခုဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာ ဒေါသထွက်ခြင်းဟာ ခံစားချက်တွေကိုသက်သာစေတာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပါယတ်။ ဒါဟာ ပုံမှန်လူသား ခံစားမှုတစ်ခုသာ ဖြစ်ပါတယ်။

ဒေါသထိန်းချုပ်မှုဆိုင်ရာ ပြဿနာများ

ဒါပေမယ့် ဒေါသကို ဘယ်လိုဖေါ်ပြရမလဲဆိုတာ မသိရင်တော့ ဒါကို anger management problem လို့ ခေါ်ပါတယ်။ စိတ်တိုခြင်းဟာ ကောင်းခြင်း၊ ဆိုးခြင်း မရှိပါဘူး။ ဒါပေမယ့် သင်ဒေါသထွက်ပုံ၊ အခြားသူတွေကို ဆက်ဆံပုံပေါ်မူတည်ပြီး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ဒေါသကိုမထိန်းနိုင်သူ တစ်ယောက်ဟာ နားလည်မှုလွဲခြင်းကို ဖြစ်စေနိုင်ပြီး ဒါဟာ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ anger management problem ရှိသူတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို သတိမထားမိခြင်း၊ အခြားသူတွေကို ပြဿနာ ဖြစ်စေမှန်းကိုသတိမထားမိခြင်း တွေဖြစ်နိုင်ပါတယ်။

Anger management problem ရှိသူတွေရဲ့ အဖြစ်များတဲ့ အပြုအမူတွေက ဘာတွေလဲ။

anger management problem ရှိသူတွေမှာ သူတို့ရဲ့ ဒေါသနဲ့ပတ်သက်ပြီး ပြောရင်ပြင်းထန်တဲ့ တုန့်ပြန်မှု ရှိတတ်ပါတယ်။ သူတို့မှာ အောက်ဖေါ်ပြပါ အတွေ့အကြုံတွေ ရှိတတ်ပါတယ်။

  • စိတ်တည်ငြိမ်ရန် ခက်ခဲခြင်း၊ ဒေါသထွက်ခြင်းကို ကောင်းစွာ ထိန်းချုပ်နိုင်ဖို့ ခက်ခဲခြင်း
  • သူငယ်ချင်း၊ ဆွေမျိုး၊ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ ဒေါသထွက်စေတဲ့ တူညီတဲ့ ပြဿနာတွေအပေါ် မကြာခဏ အငြင်းပွားခြင်း
  • သေးငယ်တဲ့ ပြဿနာတွေကို လျင်မြန်စွာနဲ့ပြင်းထန်စွာ တုန့်ပြန်ခြင်း။ သူတို့ဟာ သေးငယ်တဲ့ပြဿနာတွေ ဖြစ်တဲ့ ရေဖိတ်ကျခြင်း၊ လမ်းမှာ အခြားသူက ဝင်တိုက်ခြင်း အစရှိတဲ့ ပြဿနာတွေကို ပြင်းထန်စွာ တုန့်ပြန်တတ်ကြပါတယ်။
  • နံရံ၊ စားပွဲ၊ တံခါး အစရှိတဲ့ အရာတွေကို ဒေါသပျောက်အောင် ပြင်းထန်စွာ ထိုးခြင်း
  • အခြားသူတွေကို မလေးစားဘူးလို့ စွပ်စွဲခြင်း၊ အခြားသူတွေကို မကောင်းမြင်ခြင်း
  • အငြင်းပွားချိန်မှာ စိတ်ရှုပ်မှုရှိခြင်း။ တခါတရံမှာ လုပ်ခဲ့တဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ဆက်တိုက်နောင်တ ရခြင်း
  • သတိမထားမိပဲ အရာဝတ္ထုတွေကို ဖျက်စီးခြင်း၊ စိတ်ဆိုးစဉ်မှာ ပြတင်းပေါက်၊ တံခါး အစရှိတာတွေကို ဖျက်စီးခြင်း
  • စိတ်ဆိုးရန် အကြောင်းရင်းမရှိပဲ စိတ်ဆိုးခြင်း
  • ဟိုးအရင်က ကိစ္စတွေ၊ လူတွေနဲ့ ပတ်သက်ပြီး အလွန်စိတ်ဆိုးခြင်း
  • တူညီတဲ့အခြေအနေမျိုးမှာ အခြားသူတွေထက်ပိုပြီး ဒေါသတကြီး တုန့်ပြန်ခြင်း
  • လူတွေနဲ့ ဆက်ဆံစဉ်မှာ သတိထားနေခြင်း
  • သွေးပေါင်တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းခြင်း၊ ခေါင်းအတွင်း ဖိအားများခြင်း၊ ရင်တုန်ခြင်း၊ ရင်ကျပ်ခြင်း၊ ထုံကျင်ခြင်း အစရှိတဲ့ ကိုယ်ခန္ဓါ လက္ခဏာများ

Anger management problem ရဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေက ဘာတွေလဲ။

ဒေါသထွက်ခြင်းမှာ စိတ်ခံစားမှုတွေရောထွေးနေတယ်လို့ ခံစားရမှာပါ။ ဒီခံစားမှုတွေဟာ အခြားစိတ်ရောဂါအခြေအနေ တစ်ခုခုရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပြီး ရလဒ်ကတော့ ဒေါသမထိန်းနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုအခါမျိုး မကြာခဏ ဖြစ်နေပြီး ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

  • စိတ်ကျခြင်း
  • မယုံခြင်း
  • စိတ်ရှုပ်ခြင်း
  • စိတ်ပူခြင်း
  • အိပ်ရေးပျက်ခြင်း
  • စိတ် အပြောင်းအလဲမြန်ခြင်း

Anger management problem တွေဟာ ခဏတာရော ကြာရှည်တဲ့ အကျိုးကျေးဇူးတွေဖြစ်တဲ့ သင်ချစ်တဲ့ သူ၊ သူငယ်ချင်း၊ အခြားသူတွေနဲ့ ဆက်ဆံရေးတွေ ပျက်ယွင်းခြင်း၊ ဦးနှောက်၊ နှလုံးကို ထိခိုက်စေခြင်း တွေပါ ဖြစ်စေနိုင်ပါတယ်။

သင့်မှာ anger management problem ရှိနေပြီလို့ သံသယရှိရင် သင့်ပြဿနာတွေကို အခြားတစ်ယောက်ကို ပြောပြသင့်ပြီး ဆရာဝန်နဲ့ တိုင်ပင်ကာ အကောင်းဆုံးကုသမှု ယူသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.psychguides.com/guides/anger-symptoms-causes-and-effects/
http://www.priorygroup.com/mental-health/anger-management/symptoms-of-anger-management

ယခုပုံစံ

03/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/02/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။