သင်ချစ်တဲတစ်စုံတစ်ယောက်ကိုဆုံးရှုံးရတာကလုံးဝမလွယ်ကူပါဘူး။ ဒီဆုံးရှုံးမှုကြောင့်သင်ပြောင်းလဲသွားနိုင်သလိုဒီဆုံးရှုံးမှုကြောင့်ဘဲသင်ဘယ်လိုဆက်လက်ှငသန်ရမလဲဆိုတာကိုသိနိုင်ပါတယ်။
သင်ချစ်တဲတစ်စုံတစ်ယောက်ကိုဆုံးရှုံးရတာကလုံးဝမလွယ်ကူပါဘူး။ ဒီဆုံးရှုံးမှုကြောင့်သင်ပြောင်းလဲသွားနိုင်သလိုဒီဆုံးရှုံးမှုကြောင့်ဘဲသင်ဘယ်လိုဆက်လက်ှငသန်ရမလဲဆိုတာကိုသိနိုင်ပါတယ်။
ဝမ်းနည်းပူဆွေးခြင်းကသင်တစ်စုံတစ်ယောက်သို့မဟုတ်အရေးကြီးတဲ့တစ်စုံတစ်ခုကိုံးရှုံးတဲ့အခါပုံမှန်ဖြစ်လေ့ရှိတဲ့ကျန်းမာတဲတုံ့ပြန်မှုတစ်ခုပါ။ သင်ချစ်တဲ့တစ်စုံတစ်ယောက်ကိုဆုံးရှုံးတဲ့အခါတုန်လှုပ်မှုနဲ့ဝမ်းနည်းပူဆွေးခြင်းကသင့်ကိုလွှမ်းမိုးသွားပါတယ်။ ဒီလိုဆုံးရှုံးတဲ့အခါသင့်စိတ်ခံစားချက်တွေကအဆင့်လိုက်ဖြစ်ပေါ်ပါတယ်။ ဆရာဝန်တွေကဝမ်းနည်းပူဆွေးခြင်းကိုအဆင့်ငါးဆင့်သတ်မှတ်ထားပါတယ်။ ငြင်းကွယ်ခြင်း၊ ဒေါသထွက်ခြင်း၊ထိန်းညှိခြင်း၊စိတ်ဖိစီးခြင်းနဲ့လက်ခံခြင်းတို့ဖြစ်ပါတယ်။ လူတိုင်းကဒီအဆင့်တွေကိုဘဲသူတို့နည်းသူတို့ဟန်နဲ့ကြုံတွေ့ကြရပါတယ်။
လူတိုင်းဟာသူတို့ရဲ့ခံစာူချက်တွေကိုထိန်းချုပ်ပုံချင်းမတူပါဘူး။ အောက်ဖော်ပြပါအကြံပြုချက်တွေကသင့်ခံစားချက်တွေကို ကောင်းစေဖို့နည်းလမ်းတွေပါ။
သင်လိုအပ်နေချိန်မှာသင့်အတွက်ရှိပေးနေတဲ့သူတွေရှိတာသိဖို့အရေးကြီးပါတယ်။ သူငယ်ချင်းတစ်ယောက်ဒါမှမဟုတ်မိသားစုဝင်တစ်ယောက်ဒါမှမဟုတ်ျဆးဘက်ဆိုင်ရာကျွမ်းကျင်သကိုရင်ဖွင့်လိုက်တာကလည်းသင့်ကိုသက်သာစေပါတယ်။ နှစ်သိမ့်ပေးတဲ့အဖွဲ့အစည်းလိုမျိုးကလည်းတစ်ယောက်ချင်းစီရဲ့အတွေ့အကြုံတွေခံစားနေရတာတွေကိုနားလည်ပေးကြတဲ့အတွက် ရွေးချယ်သင့်ပါတယ်တစ်ယောက်ယောက်ကိုဆုံးရှုံးပြီးပူဆွေးနေရတာကရိုလာကိုစတာကိုအပေါ်တက်လိုက် အောက်ဆင်းလိုက်စီးနေရတာနဲ့တူပါတယ်။ သင်ဆုံးရှုံးရတာအတွက်ခံစားရတာကတော်ရုံနဲ့မပျောက်ပါဘူး။ ဒါပေမယ့်အချိန်ကြာလာတာနဲ့ပြန်ကောင်းစပြုလာပါလိမ့်မယ်။ တကယ်လို့သင့်ပူဆွေးမှုကတဖြည်းဖြည်းမပျောက်ဘူးဆိုရင်ကျွမ်းကျင်သူတွေရဲ့အကူအညီတောင်းပါ။
Hello Health Group does not provide medical advice, diagnosis or treatment.
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။