လေ့ကျင့်ခန်း
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်ခန္ဓါကိုရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးရှိပါတယ်။ ခြုံပြောရရင် သင့်စိတ်အခြေအနေ ကောင်းမွန်ရင် သင့်ကိုယ်သင် တန်ဖိုးထားမှုလည်း မြင့်တက်လာမှာပါ။ ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ပြီးအစားအသောက်လည်း ပိုကောင်းလာမှာမို့ ယေဘုယျအားဖြင့် ပိုနေလို့ ကောင်းလာမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် စိတ်ဖိစီးတဲ့လူဆိုတာကို မမြင်ဖူးကြပါဘူး။ တကယ်လို့ လေ့ကျင့်ခန်းလုပ်ရတာကို မကြိုက်ရင်တောင် ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းဟာ အကျိုးရှိပါတယ်။ လမ်းလျှောက်ခြင်း၊ အကသင်တန်းတက်ခြင်းတွေဟာ တူညီတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာ ဖြစ်ပါတယ်။
ကျန်းမာတဲ့ စားသောက်ပုံ
ကျန်းမာတဲ့ စားသောက်ပုံဟာ ရောဂါတွေကိုကာကွယ် ပေးရုံသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးပါတယ်။ မကျန်းမာတဲ့အစားအသောက်ရွေးချယ်ပုံတွေဟာ ဦးနှောက်နဲ့ စိတ်ကို ထိခိုက်စေပါတယ်။ ဒါဆိုအားနည်းလာပြီး ကိုယ်ခံအားလည်း နည်းလာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီနဲ့ သကြားဓါတ်အနည်းငယ်သာ ပါတဲ့ စားသောက်ပုံဟာ ပိုမိုအိပ်ကောင်းခြင်း၊ ကြည့်ကောင်ခြင်း၊ အားပြည့်ခြင်းနဲ့ စိတ်နေလို့ပိုမိုကောင်းခြင်းတွေ ဖြစ်နိုင်စေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။