backup og meta

စိတ်ဝေဒနာကို ဘယ်လိုရင်ဆိုင်ရမလဲ

စိတ်ဝေဒနာကို ဘယ်လိုရင်ဆိုင်ရမလဲ

Stigma ဆိုတာကသင့်မှာသူများနဲ့မတူတဲ့ပင်ကိုလကဏာတွေရှိတဲ့အခါတစ်စုံတစ်ယောက်ကသင့်ကိုမကောင်းတဲ့အမြင်နဲ့ကြည့်ခြင်းကိုဆိုလိုတာပါ။ ကံမကောင်းစွာနဲ့ဘဲစိတ်ကျန်းမာရေးပြသနာရှိနေတဲ့သူတစ်ယောက်ကတခြားသူတွေအပေါ်ကောင်းတဲ့အမြင်နဲ့မကြည့်နိုင်တာ၊ ကောင်းတဲ့စိတ်မထားနိုင်တာကဖြစ်လေ့ရှိပါတယ်

Stigma ကခွဲခြားခံရခြင်းကိုဖြစ်စေနိုင်ပါတယ်။ ခွခြားခံရခြင်းကသိသာပါတယ်။ဥပမာ – တစ်စုံတစ်ယောက်ကသင့်ရဲ့စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုအခြေအနေနဲ့ကုသမှုတွေအပေါ်အပျက်သဘောဆန်ဆန်အတွေးအမြင်ရှိခြင်းဘဖြစ်ပါတယ်။ ဒီလိုခွခြားမှုတွေကသိမ်မွေ့နိုင်သလိုတစ်ခါတစ်လေလည်းတမင်ရည်ရွယ်တာမျိုးဖြစ်နိုင်ပါတယ်။ဥပမာ – တစ်စုံတစ်ယောက်ကသင့်ဟာသင့်ရဲ့စိတ်ပိုင်းဆိုင်ရာပြသနာကြောင့်သင်ဟာမတည်ငြိမ်ဘူး၊ဘေးဖြစ်နိုင်တယ်၊ကြမ်းတမ်းနိုင်တယ်လို့ယူဆပြီးသင့်ကိုရှောင်နေတာမျိုးဖြစ်ပါတယ်။ တတစ်ခါတစ်လေမှာသင့်ကိုသင်လည်းဒီလိုထင်မိပါလိမ့်မယ်။

Stigma ရဲ့ဘေးဖြစ်စေနိုင်တဲ့အချက်တွေကတော့ –

  • သူငယ်ချင်း၊ ဆွေမျိုး၊လုပ်ဖော်ကိုင်ဖက်တွေရဲ့နားလည်မှုမရခြင်း။
  • အကူအညီနဲ့ကုသမှုရှာဖွေဖို့တွန့်ဆုတ်ခြင်း။
  • အနိုင်ကျင့်ခြင်း၊ရုပ်ပိုင်းဆိုင်ရာစော်ကားခြင်း၊အရှက်ခွခြင်း။
  • တချို့သောစိန်ခေါ်မှုတွေမှာသင်လုံးဝမနိုင်နိုင်ဘူးလို့စိတ်ထဲစွခြင်း၊သင့်အခြေအနေကိုမတိုးတက်နိုင်လောက်ဘူးလို့စိတ်ထဲစွခြင်း။
  • အလုပ်ရနိုင်ချေည်းခြင်ူ၊ ကျောင်းဝင်ခွင့်ရနိုင်ချေနည်းခြင်း၊လူမှုရေးလှုပ်ရှားမှုတွေမှာပါဝင်ခွင့်ရနိုင်ချေနည်းခြင်းဒါမှမဟုတ် နေထိုင်ဖို့နေရာရှာဖွေဖို့ခက်ခခြင်း။

အောက်မှာဖော်ပြထားတာက Sigma ကိုထိန်းချုပ်ဖို့နည်းလမ်းတွေပါ။

  • Stigma ကြောင့်သင့်ကိုယ်သင်သံသယဝင်မှုတွေ၊ရှက်ရွ့မှုတွေမဖြစ်စေပါနဲ့။

သင့်အခြေအနေကသင့်ရဲ့အားနည်းချက်ဖြစ်တယ်ဒါမှမဟုတ်အကူအညီမလိုဘဲသင်ကိုယ်တိုင်ထိန်းချုပ်နိုင်တယ်လို့သင်ယုံကြည်ချင်ယုံကြည်နေပါလိမ့်မယ်။ တကယ်တော့ဒါကမှားပါတယ်။ စိတ်ကျန်းမာရေးဆရာဝန်ရဲ့အကူအညီကုယူုခင်း၊သင့်ရဲ့ပြသနာအကြောင်းကိုသင်ကိုယ်တိုင်သိအောင်လုပ်ပြီးတခြားစိတ်ကျန်းမာရေးပြသနာခံစားနေရတဲ့လူတွေနဲ့ဆက်သွယ်ခြင်းကမိမိကိုယ်ကိုမိမိယုံကြည်မှုပြန်ရပြီးသင့်ကိုယ်သင်မကောင်းမြင်တာကနေလွတ်မြောက်မှာပါ။

  • သင့်ကိုယ်သင်သီးသန့်ခွဲမထားပါနဲ့။

သင့်ရဲ့စိတ်ကျန်းမာရေးအခြေအနေကိုတစ်စုံတစ်ယောက်ကိုပြောပြသင့်ပါတယ်။ မိသားစုဝင်တွေကိုဖြစ်ဖြစ်၊သူငယ်ချင်းတွေကိုဖြစ်ဖြစ်၊စိတ်ကျန်းမာရေးဆရာဝန်ကိုဖြစ်ဖြစ်၊သင့်အဖွဲ့အစည်းကလူတွေကိုဖြစ်ဖြစ် ပြောပြသင့်ပါတယ်။ သင်ယုံကြည်နိုင်တဲ့၊သင့်ကိုအထောက်အကူပေးနိုင်မယ့်သင့်ကိမဝေဖန်မယ့်သတွေကိုရှာပြီးပြောပြပါ။

  • အထောက်အကူပြုအဖွဲ့အစည်းထဲပါဝင်ပါ။

အထောက်အကူပြုအဖွဲ့အစည်းကစိတ်ကျန်းမာရေးပြသနာတွေကြုံနေတဲ့သူတွေအတွက်ရွေးချယ်စရာတစ်ခုပါ။ ဒီအထောက်အကူပြုအဖွဲ့အစည်းတွေကပုံစံလေးတွေကွဲနိုင်ပေမယ့်အခြေခံကတော့တူတူပါဘဲ။ တစ်ဦးချင်းစီရဲ့ကြုံနေရတဲ့အတွေ့အကြုံတွေကိုပြောပြပြီးတစ်ဦးချင်းစီကအားပေးနှစ်သိမ့်ပေးပါတယ်။

  • ကျောင်းမှာလည်းအကူအညီယူပါ။

စိတ်ကျန်းမာရေးအခြေအနေကြောင့် ကျောင်းသားအချင်းချင်းခွခြားဆက်ဆံပြီး သွေဖယ်ထားတာကဥပဒေနဲ့ဆန့်ကျင်ပါယ်။ မူလတန်းကနေ ကောလိပ်အထိဆရာဆရာမတွေက ကျောင်းသားတွေကိုသူတို့အတတ်နိုင်ဆုံးအသင့်တော်ဆုံးနေရာချပေးကြပါတယ်။ ဒါကြောင့်သင့်ဆရာဆရာမတွေနဲ့ ကျောင်းကတာဝန်ရှိသူတွေကိုသင်အကူအညီလိုရင်တောင်းဖို့ဝန်မလေးပါနဲ့။

  • Stigma ကိုဆန့်ကျင်ပါ။

Support group တွေမှာသင့်ရဲ့အမြင်တွေကိုဝင်ပြောပါ။ အယ်ဒီတာတွေဆီဖြစ်ဖြစ်၊အင်တာနက်မှာဘဖြစ်ဖြစ်ပြောပါ။ ဒီလိုစိတ်ပိုင်းဆိုင်ရာပြသနာတွေကိုရင်ဆိုင်နေရတဲ့သူတွေအတွက်သင့်အမြင်တွေကအကူအညီပေးနိုင်သလိုလူထုကိုလည်းဒီအကြောင်းသတိပြုမိစေပါတယ်။

Hello Health Group does not provide medical advice, diagnosis or treatment.

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Coping with the Stigma of Mental Illness. http://www.webmd.com/mental-health/coping-stigma-illness. Accessed January 1st, 2017.

8 Tips for Dealing with Mental Health Stigma in Today’s Society. http://www.huffingtonpost.com/stan-popovich/mental-health-stigma_b_5800550.html

ယခုပုံစံ

12/09/2019

Kyaw Thura Htun မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။

ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ

Kyaw Thura Htun မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement