backup og meta

Conversion Disorder (စိတ်ကြောင့်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Conversion Disorder (စိတ်ကြောင့်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာစု) ကဘာလဲ။

Conversion disorder (သို့) Trans disorder ဆိုတာလူတစ်ယောက် စိတ်ဖိစီးမှု နဲ့ကြုံလာချိန် စိတ်ဖိစီးမှုများလာချိန် မှာ ခန္ဓါကိုယ်မှာဖြစ်ပေါ်လာတဲ့ရောဂါလက္ခဏာစုတွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Trans disorder ဆိုတာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။

စိတ်ခံစားမှုအထွတ်အထိပ်ရောက်နေချိန် (သို့) စိတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရနေချိန်မှာစိတ်ထွက်ပေါက်အနေနှင့် ခန္ဓါကိုယ်မှာပုံမှန်မဟုတ်သောပြောင်းလဲမှုတွေဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ မြင်းပေါ်မှလိမ့်ကျချိန်မှာခြေထောက်တွင် ဒဏ်ရာတစ်စုံတစ်ရာမရရှိဘဲခြေထောက်လှုပ်လို့မရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။Trans disorder ရဲ့ရောဂါလက္ခဏာများကအချိန်မရွေးဖြစ်ပေါ်လာနိုင်လို့သင့်အနေနှင့် ထိန်းချုပ်ခြင်း (သို့) ကြိုတင်ခန့်မှန်းခြင်းကိုပြုလုပ်လို့မရနိုင်ပါ။

Conversion Disorder (စိတ်ကြောင့်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာစု) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာလူဦးရေ ၁၀၀,၀၀၀ မှာ ၁၁ ယောက်ဖြစ်ပွားတတ်ပြီးအများစုဟာအမျိုးသမီးများမှာပိုဖြစ်တတ်ပါတယ်။ အသက် ၁၀ နှစ်အောက်ကလေးတွေနဲ့ ၃၅ နှစ်အထက်လူကြီးတွေမှာ ဖြစ်ပွားမှုအလွန်နည်းပါးပါတယ်။

လက္ခဏာများ

Conversion Disorder (စိတ်ကြောင့်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာစု) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာအများစုဟာစိတ်ဒဏ်ရာရရပြီးချင်းမှာရုတ်တရက်ပေါ်လာတတ်ပြီးမကြာခဏဆိုသလို၂ပတ်အတွင်းမှာပျောက်သွားလေ့ရှိပါ

တယ်။

အဓိကအားဖြင့် ခန္ဓါကိုယ်လှုပ်ရှားမှုပိုင်းဆိုင်ရာနှင့်အာရုံခံစားမှုပိုင်းဆိုင်ရာမှာပြောင်းလဲခြင်းတွေဖြစ်ပေါ်တတ်ပါတယ်။

အဓိကအားဖြင့် အဖြစ်များဆုံးရောဂါလက္ခဏာတွေကတော့

• ကြွက်သားများတောင့်တင်းခြင်း (သို့) ခန္ဓါကိုယ်တစ်ခြမ်းရှိကြွက်သားများအားနည်းခြင်း

• ထုံကျဉ်နေခြင်း

• လမ်းလျှောက်သောပုံစံမမှန်ခြင်း

• ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ချို့တွင် အာရုံခံစားမှုပျောက်ကွယ်သွားခြင်း

• ဘာသာစကားမေ့လျော့သွားခြင်း

• အမြင်အာရုံ ၁ ဖက် (သို့) ၂ ဖက်လုံးကွယ်သွားခြင်း

• အကြားအာရုံ ၁ ဖက် (သို့) ၂ ဖက်လုံးပျောက်ကွယ်သွားခြင်း

• နားအူခြင်း

• အတက်ရောဂါမရှိပဲတက်သည့် ပုံစံဖြစ်ခြင်းအစရှိသည်တို့ ဖြစ်ပါတယ်။

( Trans Disorder မှာတွေ့ရှိရတဲ့ အတက်ပုံစံဟာဦးနှောက်တွင်း ချို့ယွင်းမှု မရှိပဲစိတ်ဒဏ်ရာရခြင်းကြောင့်သာ ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေဟာဘယ်လောက်ထိဆိုးရွားနိုင်သလဲ နှင့် ဘယ်လောက်ကြာကြာထိ ဖြစ်နိုင်သလဲဆိုတာကတော့ ခန္ဓါကိုယ် ကြံခိုင်မှုနှင့် စိတ်ဒဏ်ရာရရှိမှု အတိမ်အနက်ပေါ် မူတည်ပြီးကွဲပြားခြားနားပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာရောဂါလက္ခဏာ ၁ ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဖော်ပြပါရောဂါလက္ခဏာများရှိတယ်လို့ သတိပြုမိပြီဆိုရင် ဆေးရုံ (သို့) နီးစပ်ရာဆရာဝန် နဲ့ချက်ချင်းပြသသင့်ပါတယ်။ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေဟာ Trans Disorder ကြောင့်မဟုတ်ပဲတခြားသောရောဂါများကြောင့်ဆိုရင် ရောဂါကိုသိအောင်လုပ်ပြီးအလျင်အမြန်ကုသဖို့လိုပါတယ်။ အကယ်လို့Trans Disorder ကြောင့်ဆိုရင် ရောဂါလက္ခဏာသက်သာလာဖို့နဲ့နောက်ထပ်မဖြစ်ပွားအောင် စိတ်ရောဂါအထူးကုဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အကြောင်းရင်းများ

Conversion Disorder (စိတ်ကြောင့်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာစု) ကိုဘာတွေကဖြစ်စေသလဲ

Trans Disorder မှာ ခန္ဓါကိုယ်ပိုင်းဆိုင်ရာယိုယွင်းပျက်စီးမှုဖြစ်ဖို့ တစ်စုံတစ်ခုသောစိတ်ဒဏ်ရာလှုံ့ဆော်မှု လိုအပ်ပါတယ်။ ဒါပေမယ့် စိတ်ဒဏ်ရာဟာဘယ်လိုနည်းနဲ့ Trans Disorder ဆိုတဲ့ ရောဂါကိုဖြစ်စေတာလဲဆိုတာကိုတော့ မသိသေးပါဘူး။

ကျွမ်းကျင်ပညာရှင်များကတော့ စိတ်ဒဏ်ရာအပြင်းအထန်ရထားခြင်းဟာဦးနှောက်အာရုံကိုထိခိုက်စေပြီး ခန္ဓါကိုယ်ဇီဝဖြစ်စဉ် ထိန်းချုပ်မှုကိုယိုယွင်းစေတယ်လို့ယူဆကြပါတယ်။

အကျိုးဆက်အားဖြင့် ခန္ဓါကိုယ်တစ်စိတ်တစ်ပိုင်းမှာခဏတာချိနဲ့သွားခြင်း (သို့) အလုပ်မလုပ်ခြင်းအစရှိတဲ့ ရောဂါလက္ခဏာတွေကိုတွေ့ရတာဖြစ်ပါတယ်။

ဒီရောဂါဟာကူးစက်ရောဂါမဟုတ်သလို မျိုးရိုးလိုက်တဲ့ရောဂါလည်းမဟုတ်ပါဘူး။

Risk factors

ငါ့ဆီမှာ Conversion Disorder (စိတ်ကြောင့်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာစု) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဘယ်အရာတွေက Conversion Disorder ဖြစ်ပွားနိုင်ချေကို မြင့်စေပါသလဲ။

အောက်ဖော်ပြပါ အကြောင်းအရာများက Conversion Disorder ဖြစ်ပွားမှုကို မြင့်တက်စေနိုင်ပါတယ်။

• စိတ်ဖိစီးမှုအလွန်တရာများပြားခြင်း

• အမျိုးသမီးများတွင် ပိုအဖြစ်များခြင်း

• စိတ်ရောဂါအခံရှိခြင်း

• အတက်ရောဂါကဲ့သို့သောရောဂါလက္ခဏာတူသည့်အာရုံကြောဆိုင်ရာရောဂါရှိခြင်း

• မိသားစုဝင်များတွင် Trans Disorder ရောဂါခံစားရသူရှိခြင်း

• ငယ်စဉ်အခါ ဖိနှိပ်ခံခဲ့ရဖူးသောရာဇဝင်ရှိခြင်း (ကလေးသူငယ်ညှင်းပန်းနှိပ်စက်ခံခဲ့ရဖူးခြင်း၊ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရဖူးခြင်း၊ စွန့်ပစ်ခံခဲ့ရဖူးခြင်း)

ဖော်ပြပါအကြောင်းအရာများမရှိသော်လည်းရောဂါမဖြစ်နိုင်ဘူးလို့မဆိုလိုပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေကိုကိုးကားဖို့အတွက်သာဖော်ပြထားခြင်း ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါကအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Conversion Disorder (စိတ်ကြောင့်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာစု) ကို ဘယ်လိုအတည်ပြုပါသလဲ

ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်များကဦးနှောက်ပိုင်းဆိုင်ရာရောဂါများရှိမရှိကိုစမ်းသပ်စစ်ဆေးခြင်းနှင့် ရောဂါဆိုင်ရာရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ပါမှာဖြစ်ပါတယ်။ ရှာဖွေရာမှာကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း (CT)၊သံလိုက်ဓါတ်မှန်ရိုက်ခြင်း (MRI)၊ အာထရာဆောင်းရိုက်ခြင်း နှင့် ဦးနှောက်ပိုင်းဆိုင်ရာစစ်ဆေးမှုများပြုလုပ်ခြင်း(EEG) အစရှိသည်ဖြင့် ရှာဖွေနိုင်ပါတယ်။ စိတ်ထိခိုက်ဒဏ်ရာကလွဲလို့မည့်သည့် ရောဂါလက္ခဏာမှ မရှိဘူးလို့သေချာပြီဆိုမှသာTrans Disorder ရှိကြောင်းသတ်မှတ်မှာဖြစ်ပါတယ်။

Conversion Disorder (စိတ်ကြောင့်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာစု) ကို ဘယ်လိုကုသပါသလဲ

Conversion Disorder ဟာရောဂါလက္ခဏာတွေ ရှိနေပေမယ့်လည်းစစ်ဆေးမှုဆိုင်ရာအဖြေများကပုံမှန်ဖြစ်နေတဲ့အတွက် ကုသဖို့ခက်ခဲပါတယ်။ ဒီရောဂါဖြစ်လာရင် သင်၏ဆရာဝန် (သို့) စိတ်ရောဂါအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးကုသမှုခံယူရမှာ ဖြစ်ပါတယ်။

တကယ်လို့ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါများ (ဥပမာ – အတက်ရောဂါ (သို့) ဦးနှောက် ပုံပန်းသဏ္ဍာန်မမှန်ခြင်း) ခံစားနေရတာဆိုရင် သက်ဆိုင်ရာဆေးနဲ့ရောဂါကုထုံးတွေနဲ့ကုသပေးမှာဖြစ်ပါတယ်။

ကုသရာမှာစိတ်ပိုင်းဆိုင်ရာကုထုံးနဲ့အမူအကျင့်ပိုင်းဆိုင်ရာကုထုံးများပါဝင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကုထုံးကသင်ခံစားနေရတဲ့ စိတ်ဒဏ်ရာကို ပြသပေးနိုင်မှာဖြစ်ပါတယ်။ အမူအကျင့်ပိုင်းဆိုင်ရာကုထုံးကတော့စိတ်ဖိစီးမှု နဲ့အစိုးရိမ်လွန်ကဲမှုတို့ကို ဖြတ်တောက်ပေးပြီးစိတ်ဒဏ်ရာရခြင်းကိုလျှော့ကျစေမှာ ဖြစ်ပါတယ်။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Printed version. Page 83.

ယခုပုံစံ

12/05/2020

Dr. Sandar Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement