backup og meta

ဘာတွေက မကောင်းမြင်အတွေးတွေကို ဝင်စေသလဲ

သင့်အတွေးက သင့်စိတ်ကျန်းမာရေးကို သက်ရောက်စေပြေီး သင့်ရုပ်ပိုင်းဆိုင်ရာကိုတောင် သက်ရောက်စေနိုင်ပါတယ်။ အကောင်းမြင်အတွေးတွေက သင့်ကိုကျန်းမာစေပြီး အချို့သော စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလည်စေနိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း အဆိုးမြင်အတွေးတွေက သင့်ကျန်းမာရေးကိုဆိုးဆိုးရွားစွာသက်ရောက်ပြီး သင့်စိတ်ကျန်းမာရေးပြဿနာကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဘာတွေက မကောင်းမြင်အတွေးတွေကို ဝင်စေသလဲ ဆိုတာကို သိဖို့လိုပါတယ်။

ဘာတွေက မကောင်းမြင်အတွေးတွေကို ဝင်စေသလဲ

အဆိုးမြင်အတွေးဆိုတာ ဘာလဲ။

သင်လေယာဉ်စီးနေချိန်မှာ လေယာဉ်မယ်က သင့်ကို မယဉ်မကျေးဆက်ဆံတယ်။ ဒီလိုအခြေအနေမျိုးမှာ သင်ဘယ်လိုတုံ့ပြန်မလဲ။ ဒီဝန်ထမ်းနဲ့ပတ်သက်ပြီး ဒေါသထွက်မှာလား သင့်ကိုယ်သင်အတွက် ဝမ်းနည်းနေမှာလား။ မေ့လိုက်မှာလား။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုတုံ့ပြန်လဲဆိုတာက သင်ဘယ်လိုတွေးတယ်ဆိုတာကို ပြပါတယ်။

မေ့ပျောက်လိုက်နိုင်ပြီး ပြီးခဲ့တာတွေပြီးတဲ့အတိုင်းထားနိုင်မယ်ဆိုရင် သင်က အကောင်းမြင်တတ်တဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ်။ ကိစ္စတိုင်းကို စိတ်မကောင်းဘူး၊ ဒေါသထွက်မယ်၊ ဝမ်းနည်းမယ် ဒါမှမဟုတ် အခြားအဆိုးမြင်အတွေးတွေ ခံစားချက်တွေ ရှိနေရင်တော့ အဆိုးမြင်တတ်သူဖြစ်ပါလိမ့်မယ်။ ပြဿနာသေးသေးလေးကို ချဲ့ပြီး ရက်တွေ၊ သီတင်းပတ်တွေနဲ့ လပေါင်းများစွာထိတောင် ခံစားနေမယ်ဆိုရင် သင့်မှာ အဆိုးမြင်စိတ်သူ ဖြစ်နိုင်ပါတယ်။

အဆိုးမြင်အတွေးတွေက သင့်ကို ဝမ်းနည်းစေပြီး စိတ်ဓာတ်ကျစေပါတယ်။ သင့်စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ပိုဆိုးသွားစေပြီး သင့်နေ့စဉ်ဘဝကို သက်ရောက်စေပါတယ်။ အိပ်ရေးမဝခြင်း ဒါမှမဟုတ် အစားအသောက်မမှန်ခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေလည်း ပေါ်လာနိုင်ပါတယ်။

ဘာတွေက မကောင်းမြင်အတွေးတွေကို ဝင်စေသလဲ

အဆိုးမြင်အတွေးတွေက နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ သင့်နေ့စဉ်အဖြစ်အပျက်တွေကနေ လာလေ့ရှိပါတယ်။ ရောဂါ၊ ပြဿနာ၊ ကျန်းမာရေးအခြေအနေတွေကနေလည်း ဖြစ်နိုင်ပါတယ်။

ကလေးမီးဖွားပြီးချိန်– ကလေးမွေးထားတဲ့ အမျိုးသမီးတွေမှာ အဆိုးမြင်အတွေးတွေ ဖြစ်နိုင်ချေများပါတယ်။ ကလေးမွေးပြီးနောက်မှာ သင့်ကလေးလုံခြုံစိတ်ချရမှုရှိမရှိ အတွေးလွန်နေတာမျိုး၊ သင်မိခင်တစ်ယောက်ဖြစ်ရတာကို ကြောက်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီအရာတွေက အဆိုးမြင်အတွေးတွေကို ဖြစ်နိုင်ပါတယ်။

ကင်ဆာ၊ နှလုံးရောဂါ၊ ဝက်ခြံလိုမျိုး အရေပြားရောဂါအသေးစားလေးရှိနေခြင်းမျိုး ။ ဒီလို ရောဂါတွေကြောင့် ကိုယ့်ကိုယ်ကို ပျောက်ကင်းအောင် မကုသနိုင်တော့ဘူး၊ အသက်ရှည်ရှည်မနေရတော့ဘူး၊ သင့်ပုံပန်းသွင်ပြင်က ကြောက်မက်ဖွယ်ကောင်းနေတယ် စသဖြင့် သင်တွေးနေနိုင်ပါတယ်။ တချို့အချိန်တွေမှာ မှန်ကောင်းမှန်နိုင်ပေမယ့် တချို့အခြေအနေတွေမှာတော့ သင်အတွေးလွန်ခြင်း ဖြစ်ပါတယ်။

နှိပ်စက်စောက်ကားခံရခြင်း- လိင်ပိုင်းဆိုင်ရာစော်ကားခံခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရဖူးခြင်းက စိတ်ကျန်းမာရေးပြဿနာတွေနဲ့ အဆိုးမြင်တွေးတွေကိုပေါ်လာစေပါတယ်။

ဒါ့ပြင်

ကား၊ အိမ်၊ လက်စွပ်စသဖြင့် နှစ်သက်တာ တစ်ခုခု ဆုံးရှုံးသွားတာမျိုး

သင်နဲ့ ရင်းနှီးကျွမ်းဝင်သူတစ်ဦး သေဆုံးသွားခြင်း

အမှတ်ကောင်းကောင်းမရတာမျိုး၊ သင့်ကို မချေမငံဆက်ဆံတာမျိုး၊ အရည်အသွေးမကောင်းတဲ့ပစ္စည်းကို ဝယ်မိတာမျိုးတွေက သင့်အတွေးတွေကို သက်ရောက်စေပါတယ်။ နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ ခံစားနေနိုင်ပါတယ။်

အထက်မှာ ပြထားခဲ့တဲ့ အရာတွေက အဆိုးမြင်ရခြင်းအကြောင်းရင်းတော့ အမြဲတမ်းမဖြစ်နိုင်ပါဘူး။ ဒီလိုပြဿနာမျိုးတွေ ကြုံဖူးတဲ့ လူတိုင်းအားလုံးတော့ အဆိုးမြင်အတွေးမရနိုင်ပေမယ့် အချို့ကတော့ ဒီလိုဖြစ်ပျက်ပြီးနောက်မှာ အဆိုးမြင်အတွေးတွေ တွေးလာကြပါတယ်။

အဆိုးမြင်အတွေးတွေက အချို့သော အဖြစ်အပျက်တွေကနေ ဖြစ်လာနိုင်ပါတယ်။ သင့်ကျန်းမာရေးကို ထိခိုက်စေပြီး ပြဿနာပေးနိုင်ပါတယ်။ ဒါတွေက အတွေးတွေပဲဖြစ်တာကြောင့် အကောင်းမြင်အတွေးတွေဘက်ကို ပြောင်းပေးနိုင်ပါတယ်။ သင့်စိတ်ပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Dealing With Negative Thoughts-Topic Overview. http://www.webmd.com/balance/tc/dealing-with-negative-thoughts-topic-overview. Accessed December 2, 2016.
  2. Causes of Depression. http://www.webmd.com/depression/guide/causes-depression#1. Accessed December 2, 2016.
  3. Hall PL, Papageorgiou C. Negative thoughts after childbirth: development and preliminary validation of a self-report scale. Depress Anxiety. 2005;22(3):121-9.

ယခုပုံစံ

30/01/2024

Thin Myat Sandi Cho မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Thin Myat Sandi Cho မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 30/01/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။