brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

စိတ်ခံစားမှု ပြင်းထန်ခြင်း၏ အဖြစ်များသောရောဂါလက္ခဏာများ

စိတ်ခံစားမှု ပြင်းထန်ခြင်း၏ အဖြစ်များသောရောဂါလက္ခဏာများ

စိတ်ခံစားမှု ပြင်းထန်ခြင်း၏ အဖြစ်များသောရောဂါလက္ခဏာများ

၁။ Borderline personality disorder ဆိုတာ ဘာလဲ။

Borderline personality disorder ဟာ ပြင်းထန်တဲ့ ခံစားမှုများ၊ စိတ်၊ အပြုအမူတွေ ဖြစ်စေတဲ့ စိတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ လူနာတွေဟာ သူတို့ရဲ့ ခံစားချက်တွေ၊ အတွေးတွေနဲ့ ပတ်သက်တဲ့ ပြဿနာ ရှိကြပါတယ်။

တခါတရံ သူတို့ကို မတည်ငြိမ်တဲ့ ဆက်ဆံမှုတွေ ဖြစ်စေတဲ့ အပြုအမူတွေ ရှိနိုင်ပါတယ်။ ဒီစိတ်ကျန်းမာရေးအခြေအနေဟာ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ကာစ အချိန်တွေမှာ အဖြစ်များပါတယ်။

၂။ Borderline personality disorder ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

Borderline personality disorder ရဲ့ လက္ခဏာတွေဟာ အခြားစိတ်ကျန်းမာရေးအခြေအနေတွေနဲ့ ကွဲပြားမှုမရှိတာကြောင့် ခွဲခြမ်းရခက်ပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် Borderline personality disorder ကို အောက်ဖေါ်ပြပါ လက္ခဏာတွေကြောင့် သိရှိနိုင်ပါတယ်။

  • Borderline personality disorder ရှိသူတွေဟာ စွန့်ပစ်ခံရမှာကို အလွန်အမင်းကြောက်တတ်ကြပါတယ်။ သူတို့ဟာ တခါတရံမှာ အမှန်တကယ် စွန့်ပစ်ခံရသည်ဖြစ်စေ၊ စွန့်ပစ်ခံရသည်လို့ ထင်ယောင်ပြီး ဖြစ်စေ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ဖြစ်တဲ့ ကြောက်ရွံ့ခြင်း၊ စိတ်ကျခြင်း၊ ဒေါသထွက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
  • သူတို့ဟာ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်ခင်သူတွေနဲ့တောင် တည်ငြိမ်တဲ့ ဆက်ဆံမှုတွေ မပြုလုပ်နိုင်ကြပါဘူး။ အခြေအနေတစ်ခုမှာ လူတစ်ယောက်ကို စံထားပြီး နောက် ဒီလူကို အလွန်အကျွံမနှစ်မြို့ခြင်း၊ စိတ်တိုခြင်းတွေ ဖြစ်နိုင်ပါတယ်။
  • ရုတ်တရက်လျင်မြန်စွာ ခံစားချက်၊ တန်ဖိုးထားမှု၊ နောင်အနာဂတ်ရည်မှန်းချက်တွေ ပြောင်းလဲမှုဟာ သူတို့ရဲ့ self-identity နဲ့ self-image ပေါ်မူတည်ပါတယ်။ လူနာတွေဟာ သူတို့ကိုယ်သူတို့ တန်ဖိုးမထားတော့ခြင်း၊ သူတို့ မတည်ရှိတော့ဘူးလို့ ထင်ခြင်းတွေ ခံစားရနိုင်ပါတယ်။
  • အန္တရာယ်ရှိပြီး ဆက်တိုက်လုပ်မိတတ်တဲ့ အပြုအမူတွေဖြစ်တဲ့ လောင်းကစားလုပ်ခြင်း၊ စိတ်လွတ်လက်လွတ် သုံးဖြုန်းခြင်း၊ အကာအကွယ်မပါပဲ လိင်ဆက်ဆံခြင်း၊ ဆေးသုံးခြင်း သတိမမူပဲ ကားမမောင်းခြင်း၊ အစားစွတ်စားခြင်း၊ အလုပ်ကောင်းတစ်ခုကို ရုတ်တရက်ထွက်လိုက်ခြင်း၊ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ရပ်လိုက်ခြင်းတွေ လုပ်နိုင်ပါတယ်။
  • ခွဲခွာရမှာ ကြောက်ရွံ့ခြင်း၊ ငြင်းပယ်ခြင်း တွေကြောင့် သေကြောင်းကြံတဲ့ အပြုအမူတွေ၊ ခြိမ်းခြောက်မှုတွေ၊ မိမိကိုယ်ကိုယ်ထိခိုက်စေနိုင်တဲ့ အပြုအမူတွေဖြစ်တဲ့ ဓါးနဲ့ ဖြတ်ခြင်းတွေ လုပ်နိုင်ပါတယ်။
  • ပြင်းထန်ပြီး စိတ်အပြောင်းအလဲမြန်ခြင်းဟာ နာရီအနည်းငယ်ကနေ ရက်အနည်းငယ်အတွင်းပြောင်းလဲနိုင်ပြီး အလွန်အကျူးပျော်မြူးခြင်း၊ စိတ်တိုခြင်း၊ ရှက်ခြင်း၊ စိတ်ပူခြင်းတွေဖြစ်နိုင်ပါတယ်။
  • ပျောက်ဆုံးခြင်း၊ ပျင်းခြင်း
  • မသင့်လျော်သော ပြင်းထန်သော ဒေါသထွက်ခြင်း၊ ဒေါသမထိန်းနိုင်ခြင်း၊ ခါးသီးခြင်း၊ ရန်ဖြစ်ခြင်း
  • စိတ်ဖိစီးမှုကြောင့် ဖြစ်သော မယုံသင်္ကာဖြစ်ခြင်းများ၊ ပြင်းထန်တဲ့ လက္ခဏာတွေဖြစ်တဲ့ မိမိကိုယ်တိုင် ဖြတ်တောက်ခြင်း၊ ကိုယ်ခန္ဓါပြင်ပမှ ပြန်ကြည့်ခြင်း၊ လက်တွေ့ဘဝနဲ့ထိတွေ့မှု ပျောက်ဆုံးခြင်းတွေ ဖြစ်နိုင်ပါတယ်

ဒါပေမယ့် Borderline personality disorder ရဲ့ အန္တရာယ် အရှိဆုံး လက္ခဏာကတော့ သေကြောင်းကြံခြင်းနဲ့ မိမိကိုယ်ကို ထိခိုက်အောင်လုပ်ခြင်းပဲ ဖြစ်ပါတယ်။ Borderline personality disorder ရှိသူတွေရဲ့ ၄-၉%အထိဟာ သေကြောင်းကြံသော အပြုအမူရှိခြင်း၊ သေကြောင်းကြံခြင်းတွေ လုပ်နိုင်ပါတယ်။

စိတ်ရောဂါရှိရင် သေကြောင်းကြံခြင်းဟာ ဝမ်းနည်းစရာအကောင်းဆုံးရလဒ်တစ်ခု ဖြစ်ပါယတ်။ ဆရာဝန်တွေက Borderline personality disorder ခံစားနေရသူတွေမှာ သတ်သေခြင်းကို လျှော့ချဖို့အတွက် နည်းလမ်းတွေကို ရှာဖွေနေကြပါယတ်။

ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်ခြင်းဟာ သေကြောင်းကြံခြင်းလောက် ပြင်းထန်ခြင်းမရှိပေမယ့် သူတို့ဟာလည်း ကိုယ်ခန္ဓါ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အချို့အခြေအနေတွေမှာ ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်ခြင်းဟာ အသက်ပေးရနိုင်ပါတယ်။

ဒီအပြုအမူတွေကတော့ ဓါးနဲ့ ဖြတ်ခြင်း၊ အပူလောင်ခြင်း၊ ရိုက်ခြင်း၊ ခေါင်းကို တစ်ခုခုနဲ့ ဆောင့်ခြင်း၊ ဆံပင်ဆွဲခြင်းနဲ့ အခြားအန္တရာယ်ရှိတဲ့ အပြုအမူတွေပါဝင်ပါတယ်။ လူနာတွေဟာ ဒါကို အန္တရာယ်ရှိတဲ့ အပြုအမူတွေလို့ မမြင်ကြပဲ သူတို့ကိုယ်သူတို့ အပြစ်ပေးခြင်းအနေနဲ့ နာကျင်အောင်လုပ်ကြပါတယ်။

၃။ ဘယ်အချိန်မှာ ဆရာဝန် ပြသသင့်သလဲ။

နေ့စဉ်ဘဝတွေ၊ လူမှုရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ လက္ခဏာတွေကို သတိထားမိမိချင်း ဆရာဝန်ကို အကြောင်းကြားပြီး သွားတွေ့သင့်ပါတယ်။ လူနာတွေမှာ Borderline personality disorder ရဲ့ လက္ခဏာတွေ တွေ့ရင် သင့်မိသားစု (သို့) သူငယ်ချင်းနဲ့ ဆရာဝန်ကိုသွားတွေ့ဖို့ ကြိုးစားသင့်ပါတယ်။

တကယ်လို့ ဆက်ဆံရေးတစ်ခုက သင့်ကို ကြီးမားတဲ့ စိတ်ဖိစီးမှု ဖြစ်စေရင် ကျွမ်းကျင်သူနဲ့ သွားတွေ့သင့်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/02/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။