ဓါတ်မတည့်ခြင်းဟုဆိုလျှင် ကျွန်ုပ်တို့သည် ဖြစ်နေကျ နှာချေခြင်း၊ မျက်လုံးယားလာခြင်း၊ အင်ပြင်ထလာခြင်း ၊ အသက်ရှုကျပ်လာခြင်း ၊ မူးဝေအော့အန်ခြင်း စသည်တို့ကို မျက်လုံးထဲတွင်မြင်ယောင်မိမည်ဖြစ်သည်။ ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုများဖြစ်ပြီး အခြားသော ဓါတ်မတည့်မှုပုံစံများလည်းများစွာရှိပါသည်။
အစားအစာ သို့မဟုတ် ဓါတုဗေဒပစ္စည်းများနှင့် ဓါတ်မတည့်လျှင် ရုတ်တရက်အမောဖောက်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ အပြုပိုင်းဆိုင်ရာပြောင်းလဲမှုများဖြစ်လာနိုင်ပါသည်။
ထိုမှတဆင့် စိတ်ပိုင်းဆိုင်ရာခံစားမှုများဆိုးလာကာ ဒေါသထွက်လွယ်ခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်းနှင့် အာရုံစူးစိုက်မှုမပြုနိုင်ခြင်းတို့ဖြစ်လာနိုင်ပါသည်။
ဦးနှောက်တွင် ဓါတ်မတည့်မှုဖြစ်ခြင်း
ဦးနှောက်တွင် ဓါတ်မတည့်မှုဖြစ်ခြင်းကြောင့် စိတ်တိုလွယ်ခြင်း၊ဒေါသထွက်လွယ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အာရုံစူးစိုက်မရခြင်း၊ စိတ်ဓါတ်ကျခြင်း စသည့် စိတ်ခံစားမှုနှင့် ဆိုင်သောစိတ်ပိုင်းဆိုင်ရာရောဂါ လက္ခဏာများဖြစ်လာရသည်။
အစားအစာများနှင့် ဓါတ်မတည့်မှုဖြစ်စဉ်ကြောင့် ဦးနှောက်ဆဲလ်များရောင်ရမ်းကာ ပင်ကိုယ်စရိုက်များပြောင်းလဲသွားခြင်း၊ တုန့်ပြန်မှုစနစ်များမမှန်တောခြင်း၊ အာရုံကြောစနစ်များပြောင်းလဲသွားခြင်း စသည်တို့ခံစားရပါသည်။
အဖြစ်များသော လက္ခဏာများမှာ စိတ်ဓါတ်ကျခြင်းနှင့် စိတ်ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ်သည်။
· စိတ်ပင်ပန်းနွမ်းနယ်ခြင်း
စိတ်ပင်ပန်းနွမ်းနယ်ခြင်း သည် ရုပ်ပိုင်းဆိုင်ရာပင်ပန်းခြင်းထက်များစွာပိုဆိုးသော ရောဂါလက္ခဏာဖြစ်သည်။ စိတ်ရှုပ်ထွေးခြင်း၊ တက်ကြွမှုမရှိခြင်း၊ အတွေးအခေါ်နှင့် ရည်မှန်းချက်များ အရင်လိုမရှိတော့ခြင်း၊ စိတ်တိုလွယ်ခြင်း၊ တခါတရံ လိင်စိတ်ကင်းမဲ့သွားခြင်း၊ စိတ်ပျက်လက်လျှော့ခြင်း၊ တကိုယ်လုံးပင်ပန်းနွမ်းနယ်ပြီး ကိုက်ခဲနေခြင်း စသည်တို့သည် စိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်ခြင်း၏ လက္ခဏာများဖြစ်သည်။
· စိတ်ဓါတ်ကျခြင်း
လွန်ခဲ့သော ၁ နှစ်က ပြုလုပ်ခဲ့သောလေ့လာမှုတခုအရ ဓါတ်မတည့်သော နှာစေးချောင်းဆိုးရောဂါတမျိုးသည် (Hay fever) အခြားသော ဓါတ်မတည့်မှုများတွင်ခံစားရသော စိတ်ကျရောဂါထက် ဖြစ်နိုင်ချေ ၂ ဆပိုဆိုးသည်ဟုဆိုပါသည်။
နောက်ထပ်လေ့လာမှု တခုအရ အသက် ၅/၆ နှစ်ဝန်းကျင်တွင် Hay fever ဖြစ်လျှင် အသက် ၁၇ နှစ်အထိဖြစ်တတ်ပြီး သူတို့တွင်လည်း အခြားသော ဓါတ်မတည့်မှုများတွင်ခံစားရသော စိတ်ကျရောဂါထက် ဖြစ်နိုင်ချေ ၂ ဆပိုဆိုးသည်ဟုဆိုပါသည်။
အစားအစာများတွင် ပါဝင်သော ဓါတ်မတည့်စေသော ပစ္စည်းများကို ဂရုပြုပါ။
အစားအသောက်များစားခြင်းဖြင့် ပျော်ရွှင်နိုင်စေသည်။ သို့သော် ဓါတ်မတည့်မှုရှိသူများသည် အစာစားချိန်တိုင်း၊ ပွဲလမ်းများတွင်စားသောက်ချိန်တိုင်း အစဉ်သဖြင့်
ရှောင်ရမည့်အစာများရှိနေခြင်းကြောင့် ရေရှည်တွင် စိတ်ဓါတ်ကျခြင်းများဖြစ်လာနိုင်ပေသည်။
အောက်ပါအချက်များသည် သင့်ကို စိတ်ဓါတ်မကျစေရန်ကူညီပေးနိုင်ပါလိမ့်မည်။
o သင့်တွင် အစာများနှင့် ဓါတ်မတည့်ကြောင်းသံသယရှိပါက တိကျသော ရောဂါအဖြေရရှိရန် ဓါတ်မတည့်မှုကျွမ်းကျင်ဆရာဝန်နှင့် ပြရမည်။
o သင်နှင့် မတည့်သော အစားအစာများအကြောင်းကို အင်တာနက်စာမျက်နှာများ၊ စာအုပ်များနှင့် အချို့သော အစားအစာတံဆိပ်များမှ ဖတ်ရှုသင့်သည်။
o သင်သည် ဓါတ်မတည့်သူများအတွက် အကြံဉာဏ်များပေးနေသော အဖွဲ့အစည်းများနှင့် ဆက်သွယ်သင့်သည်။
o သင့်တွင် ပန်းနာရင်ကျပ်ရောဂါရှိပါက သင့်ရောဂါကိုကောင်းမွန်စွာကုသမှုခ့ယူသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ပန်းနာရင်ကျပ်ဝေဒနာသည်များတွင် ဓါတ်မတည့်မှုပိုဆိုးတတ်သောကြောင့်ဖြစ်သည်။
o သင်သည် ဓါတ်မတည့်မှုကြောင့် အရေးပေါ် ကျန်းမာရေးအခြေအနေနှင့် မကြုံရသေးသည့်တိုင်အောင် ထိုလက္ခဏာများကို သိရှိထားသင့်သည်။
o ဓါတ်မတည့်မှုမရှိသော မောင်နှမသားချင်းများကိုလည်း မလိုအပ်ဘဲ အစာများရှောင်စားစေခြင်း၊ သင့်ကို ဂရုတစိုက်ရှိသော်လည်း သူတို့ကို ဂရုတစိုက်မရှိဘဲ ဖယ်ထားခြင်းမျိုးမဖြစ်ပါစေနှင့်။ သင့် အိမ်ထောင်ဘက်၏အကူအညီဖြင့် ထိုသို့မဖြစ်ရန် လုပ်ဆောင်သင့်သည်။
o မိသားစုလိုက် မကြာခဏအပြင်ထွက်မစားမိစေရန်ကြိုးစားပါ။ လူမှုရေးအရ အပြင်ထွက်ရမည်ဆိုပါကလည်း အပြင်စာများကို တတ်နိုင်သမျှရှောင်ကျဉ်ပါ။
သင်သိထားရမည့် အချက်မှာ အစားအစာများနှင့် ဓါတ်မတည့်မှုကြောင့် ဝေဒနာများခံစားရပြီးနောက်သင်သည် လူ့အဖွဲ့အစည်းမှဘေးထွက်နေရန်မလိုပါ။
သင့်နည်းတူ အစားအစာများနှင့် ဓါတ်မတည့်မှုများရှိသူတို့လည်း ကျန်းမာပြီး ပျော်ရွှင်သော ဘဝများပိုင်ဆိုင်အောင် ဂရုတစိုက်နေထိုင်လျက်ရှိကြောင်းသိထားသင့်ပါသည်။
[embed-health-tool-bmi]