backup og meta

Depression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Depression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ) ကဘာလဲ။

စိတ်ကျရောဂါဆိုသည်မှာ ကလေးဘဝ၏ပျော်ရွှင်မှုကို ပျက်စီးစေသော ဆိုးရွားသည့် စိတ်ရောဂါတစ်မျိုးဖြစ်သည်။ ကလေးတစ်ယောက်အတွက် ရံဖန်ရံခါ ဝမ်းနည်းခြင်း စိတ်ညစ်ခြင်းတို့သည် ပုံမှန်ဖြစ်သည်။ ထိုခံစားမှုများကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်သေဆုံးခြင်း၊ နေရာသစ်သို့ပြောင်းရွှေ့နေထိုင်ရခြင်းတို့တွင်တွေ့နိုင်သည်။ သို့သော် ထိုသို့လနှင့်ချီ၍ ဖြစ်နေပါက စိတ်ကျရောဂါ၏ လက္ခဏာဖြစ်နိုင်သည်။

အရွယ်ရောက်ပြီးသူများသာ စိတ်ကျရောဂါဖြစ်နိုင်သည်ဟု ယခင်ကထင်ခဲ့ကြသည်။ ယခုမူ ကလေးငယ်များတွင်ပင် ကုသရန်လိုအပ်သော စိတ်ကျရောဂါရှိနိုင်ကြောင်း သိရှိလာပြီဖြစ်သည်။

Depression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ကလေး၁၀ဝတွင်၂ယောက်၊ ဆယ်ကျော်သက်၁၀ဝတွင်၈ယောက်တို့သည် ဆီုးရွားသော စိတ်ကျရောဂါနှင့် ရင်ဆိုင်နေရသည်။ ရောဂါဖြစ်ပွားနှုန်းမြင့်မားစေသော အချက်များကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

လက္ခဏာများ

Depression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဖွံ့ဖြိုးမှုအဆင့်အလိုက် စိတ်ကျရောဂါ၏ လက္ခဏာများကွဲပြားသည်။

ကလေးငယ်များတွင်

  • ရန်လိုခြင်း
  • ဒေါသထွက်ခြင်း
  • အလွန်အမင်းငိုယိုခြင်း

မြီးကောင်ပေါက်အရွယ်လူငယ်များတွင်

  • စိတ်အလိုမကျခြင်း
  • ရှောင်ဖယ်လိုခြင်း
  • သီးခြားနေလိုခြင်း
  • မျှော်လင့်ချက်မဲ့သည်ဟု ခံစားရခြင်း
  • ပတ်ဝန်းကျင်နှင့် အဆက်အသွယ်နည်းလာခြင်း
  • ငြင်းပယ်ခံရမည်ကို အလွန်ကြောက်ခြင်း
  • အားအင်ကုန်ခမ်းခြင်း
  • ယခင်ကနှစ်သက်ခဲ့သည့်အလုပ်များကို စိတ်မဝင်စားတော့ခြင်း
  • အအိပ်အနေမမှန်ခြင်း(အအိပ်များခြင်း/နည်းခြင်း)
  • အစားအသောက်မမှန်ခြင်း(နည်းခြင်း/များခြင်း)
  • အားနည်းခြင်း
  • ကျောင်းစာနှင့်ပတ်သတ်၍ စွမ်းဆောင်ရည်ကျဆင်းခြင်း
  • မိဘဆရာများနှင့် ပဋိပက္ခဖြစ်ခြင်း
  • အရက်၊ဆေးတို့သုံးစွဲခြင်း
  • မိမိကိုယ်ကိုသတ်သေမည့် အတွေးများရှိခြင်း တို့ဖြစ်သည်။

အသက်အရွယ်မရွေး လူငယ်များတွင် ရောဂါအခြေအနေနှင့် မဆိုင်သော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ ဥပမာ ခေါင်းကိုက်ခြင်း၊ဗိုက်နာခြင်း တို့သည်လည်း စိတ်ကျရောဂါ၏ လက္ခဏာများဖြစ်နိုင်သည်။

ရောဂါ၏ အပြင်းထန်ဆုံးအခြေအနေများတွင် အမှန်တရားမှ သွေဖီသော စိတ်ခြောက်ခြားခြင်း၊ အထင်မှားခြင်းတို့ ကြုံရနိုင်သည်။ နောက်ဆုံးတွင် လူငယ်များ၏ အဆုံးစီရင်ခြင်းသည် စိတ်ကျရောဂါနှင့် ဆက်စပ်နေသည်။ မိမိကိုယ်ကိုသတ်သေရန် ကြိုးစားသော၊စဉ်းစားနေသော ကလေးအများစုသည် စိတ်ကျရောဂါခံစားနေရသဖြင့် ရောဂါလက္ခဏာများကို စောစီးစွာသတိပြုမိရန် အရေးကြီးသည်။

အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။

အကြောင်းရင်းများ

Depression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

စိတ်ကျရောဂါဖြစ်ပွားစေသော အကြောင်းအရင်းများကို ကောင်းစွာ နားမလည်ကြသေးပါ။

ရောဂါဖြစ်ပွားမှုမြင့်တက်စေသော အကြောင်းအရင်းများ

ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါသည် ဦးနှောက်၏ အစိတ်အပိုင်းအချို့ရှိ လှုပ်ရှားမှုအဆင့်နှင့် စိတ်ခံစားမှုအပေါ်သက်ရောက်သော ဦးနှောက်မှ ထုတ်လုပ်သည့် ဓါတုပစ္စည်းတို့မညီမျှမှုတို့နှင့် ဆက်စပ်နေသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Depression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ကျောင်းပြောင်းခြင်း၊ မိဘများ၏ ကွာရှင်းပြတ်စဲခြင်း၊ ရင်းနှီးသော မိသားစုဝင်သို့မဟုတ် သူငယ်ချင်းတစ်ဦးကို ဆုံးရှုံးရခြင်း စသည့် စိတ်ဖိစီးစရာ အခြေအနေများ

  • စတီးရွိုက်၊ နာကျင်ခြင်းအတွက်ပေးသော မူးယစ်ထုံထိုင်းဆေးများ
  • မိသားစုရာဇဝင်၊ အချို့ကလေးများတွင် စိတ်ကျရောဂါသည် မျိုးရိုးလိုက်တတ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Depression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပြီး သင့်ကလေး၏ ကျန်းမာရေးအကြောင်းမေးမြန်းမည်။ သင်ရော ကလေးပါ ဖောင်ဖြည့်ပြီး ဖြေဆိုရနိုင်သည်။ ဆရာဝန်သည် ကလေးမည်သို့တွေးခေါ်ပြုမူခံစားကြောင်းသိရှိရန် ကလေးကို မေးခွန်းများမေးမည်။ အချို့ရောဂါများတွင် စိတ်ကျရောဂါနှင့်တူသော လက္ခဏာများရှိနိုင်သည်။ ထို့ကြောင့် သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်း၊ သွေးအားနည်းခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာရောဂါများ ဟုတ်မဟုတ် ကလေးကို စစ်ဆေးမှုများပြုလုပ်သည်။ စိတ်ကျရောဂါရှိသော ကလေးများတွင် စိုးရိမ်လွန်ရောဂါ၊ အာရုံစူးစိုက်မရသော တက်ကြွလွန်ရောဂါ၊ စားသောက်မှုအလေ့အထမမှန်သော ရောဂါတို့နှင့်လည်းတွဲလျက်ရှိနေတတ်သည်။ မှန်ကန်စွာရောဂါရှာဖွေကုသရန်အတွက် ဆရာဝန်သည် ထိုရောဂါတို့နှင့် ပတ်သက်သောမေးခွန်းများကိုလည်း မေးလိမ့်မည်။

Depression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ) ကို ဘယ်လိုကုသပါသလဲ

ရောဂါကုသမှု ပထမအဆင့်သည် ကလေးနှင့်မိသားစုကို ပညာပေးခြင်း ဖြစ်သည်။ ကလေးနှင့်မိသားစုကို စိတ်ကျရောဂါအကြောင်း သင်ကြားပေးခြင်းဖြင့် ပြဿနာအတွက် သူတို့ကိုယ်ကို အပြစ်တင်ခြင်းလျော့နည်းလာစေသည်။ တခါတရံ မိသားစုဝင်များပါ စိတ်ကျရောဂါရှိနေကြောင်း သိမြင်လာစေသည်။

နှစ်သိမ့်ဆွေးနွေးခြင်းဖြင့် ကလေးကို သက်သာလာစေသည်။ နှစ်သိမ့်ဆွေးနွေးမှု အမျိုးအစားသည် ကလေးအသက်အရွယ်ပေါ် မူတည်သည်။ ကလေးငယ်များတွင် ကစားသည့်ကုထုံးသည် အကောင်းဆုံးဖြစ်သည်။ ကလေးကြီးများ နှင့် ဆယ်ကျော်သက်များအတွက် တွေးဆဆင်ခြင်ပြုမူသည့် ကုထုံးမှ ကောင်းကျိုးရရှိစေသည်။ ထိုဆွေးနွေးခြင်းသည် သူတို့ကို စိတ်ညစ်စေသော အနုတ်သဘောဆောင်သည့် အတွေးများကို ကူညီပြောင်းလဲပေးသည်။

ကလေးသည် အလွန်စိတ်ဓါတ်ကျနေပါက ဆေးအကူအညီ ယူနိုင်သည်။ စိတ်ကျရောဂါအတွက် ဆေးနှင့် နှစ်သိမ့်ဆွေးနွေးမှု ပေါင်းစပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ရောဂါပြင်းထန်သောကလေးကို ဆေးရုံတွင်ကုသရန် လိုသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ကလေးကို ပုံမှန်လေ့ကျင့်ခန်းလုပ်ရန် အားပေးခြင်း၊ အထောက်အကူဖြစ်သော သူငယ်ချင်းမျာနှင့် အချိန်ကုန်လွန်စေခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သောအစာများစားသုံးစေခြင်း၊ လုံလောက်စွာ အိပ်စက်အနားယူစေခြင်း

  • ညွှန်ကြားထာသောဆေးများ သောက်မသောက်ကြည့်ရှုခြင်းနှင့် ရက်ချိန်းမှန်မှန် ပြန်ပြခြင်း
  • ကလေးနှင့် စကားပြောရန ်နားထောင်ရန် အချိန်ပေးခြင်း၊ ကလေး၏ခံစားချက်များကို မေးမြန်းခြင်း၊ သင်၏ချစ်ခြင်းမေတ္တာနှင့် အကူအညီကို သိရှိစေခြင်း
  • ကလေးအား အရာအားလုံး အဆင်ပြေလာလိမ့်မည်ဟု သတိပေးခြင်း

သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။ ံနူသ ံနေူအ့ ွမသကစ မှ ဆေးပညာဆိုင်ရာ အကြံÓဏ်ပေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Depression in Children and Teens – Topic Overview https://www.webmd.com/depression/tc/depression-in-childhood-and-adolescence-topic-overview#3 Accessed November 01, 2017
Depression in Children and Adolescents http://www.depressiontoolkit.org/lifespan/children.asp Accessed November 01, 2017
Depression in Children and Teens http://www.aacap.org/aacap/families_and_youth/facts_for_families/FFF-Guide/The-Depressed-Child-004.aspx Accessed November 01, 2017

ယခုပုံစံ

04/12/2019

Dr. May Myat Hnin Aung မှ ရေးသားသည်။

Ye Myo Myat မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ



Dr. May Myat Hnin Aung မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement