အဓိပ္ပါယ်ဖွင့်ဆိုချက်
Depression (စိတ်ကျရောဂါ ) ကဘာလဲ။
စိတ်ကျရောဂါဆိုသည်မှာ တောက်လျှောက်ဝမ်းနည်းမှုများခံစားနေရပြီး ပတ်ဝန်းကျင်အား စိတ်ဝင်စားမှုလျော့နည်းသွားသော စိတ်ရောဂါတစ်မျိုးဖြစ်သည်။ သင်မည်သို့ခံစားတွေးတောပြီး ပြုမူသည်များကို သက်ရောက်ထိခိုက်စေပြီးစိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေသည်။ အကယ်၍ပူဆွေးကြေကွဲဝမ်းနည်းမှုတစ်ခုသည် ရက်ပေါင်းများစွာ(သို့)အပတ်ပေါင်းများစွာကြာသွားပြီး မိသားစုဝင်များ(သို့)သူငယ်ချင်းများနှင့် အလုပ်လုပ်ရန်၊ပေါင်းသင်းဆက်ဆံရန်ခက်ခဲလာပါက (သို့)မိမိကိုယ်ကို အဆုံးစီရင်ရန်ကြံစည်ခြင်းတို့ရှိလာပါကစိတ်ကျရောဂါရှိချေများသည်။ အကယ်၍စိတ်ကျရောဂါလက္ခဏာများသင့်တွင်ခံစားနေရပါက သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။
Depression (စိတ်ကျရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။80ရာခိုင်နှုန်းသောလူအများတွင် ဘဝအချိုးအကွေ့တစ်ခုမှာ စိတ်ကျရောဂါဖြစ်ပွားတတ်ကြပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Depression (စိတ်ကျရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ
စိတ်ကျရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့လူတစ်ယောက်စီတွင် ကွဲပြားလှပါသည်။ဥပမာစိတ်ကျရောဂါဖြစ်နေ
သောအချို့သူများသည် ပိုအိပ်တတ်ကြပြီး အချို့ဝေဒနာရှင်များတွင်ကားအိပ်ပျော်ရန်ခက်ခဲခြင်း(သို့)အစာစားချင်စိတ်လျော့နည်း
နေခြင်းတို့ဖြစ်တတ်သည်။ သို့သော်လည်းအဖြစ်များသောလက္ခဏာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- အာရုံမစူးစိုက်နိုင်ခြင်း
- ဝမ်းနည်းနေခြင်း ကြေကွဲနေခြင်း
- အနာဂတ်သည် ဘယ်လိုမှ ကောင်းမွန်တော့မည်မဟုတ်ဟုခံစားနေရခြင်း
- စိတ်တိုစိတ်ဆက်ခြင်း(သို့)ဂနာမငြိမ်ခြင်း
- လိင်ကိစ္စအားစိတ်ဝင်စားမှုလျော့သွားခြင်း
- ပြင်းထန်သောစိတ်ဓါတ်ကျမှုများတွင် မိမိကိုယ်ကိုအဆုံး
စီရင်မည့်အတွေးများတွေးမိနေခြင်း စသည်ဖြင့်ဖြစ်သည်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် တတ်နိုင်သမျှအမြန်ဆုံးသင့်ဆရာဝန်နှင့်
တွေ့ဆုံပြသရန်စီစဉ်ပါ။ ကုသမှုခံယူရန် တွန့်ဆုတ်နေပါက သင့်သူငယ်ချင်း(သို့)ချစ်ခင်ရသောသူတစ်ဦးဖြစ်စေ၊ကျန်းမာရေးပညာရှင်၊ခေါင်းဆောင်တစ်ဦး(သို့)သင်ယုံကြည်ရသောသူတစ်ဦးကို
ဖြစ်စေပြောပြပါ။ အကယ်၍သင့်ကိုယ်သင်နာကျင်အောင်ပြုလုပ်ခြင်း(သို့)အဆုံးစီရင်ခြင်းတို့ပြုလုပ်လာနိုင်သည်ဟုယူဆပါက မြို့တွင်းအရေးပေါ်ဖုန်းနံပတ်သို့ချက်ချင်းခေါ်ဆိုပါ။
မိမိကိုယ်ကို အဆုံးစီရင်မည့်အတွေးများဝင်နေပါက အောက်ပါနည်း
လမ်းများကို စဉ်းစားပါ။
- သင့်၏ဆရာဝန်ထံမှ အကူအညီရယူပါ။
- သူ့အနီးကပ်သူငယ်ချင်း(သို့)ချစ်ခင်ရသောသူထံ ရောက်အောင်သွားပါ။
- သင့်ဘာသာရေး၏ဘုန်းကြီး(သို့)စိတ်ကျန်းမာရေး
အတွက်ပြုလုပ်သောဆွေးနွေးပွဲများ၏ခေါင်းဆောင်တို့ကို ဆက်သွယ်ပါ။
အကယ်၍သင်ချစ်ခင်ရသောသူ(သို့)သူငယ်ချင်းတစ်ယောက်သည်
မိမိကိုယ်ကိုအဆုံးစီရင်ရန်ကြိုးစားကြံစည်နေပါက (သို့)ကြိုးစားခဲ့ပြီး
ပါက ထိုသူနား တစ်ယောက်ယောက်အမြဲထားပေးထားပါ။
- သင့်၏မြို့တွင်းအရေးပေါ်ဖုန်းနံပါတ်ကို ချက်ချင်းခေါ်ဆိုပါ။
- (သို့)ဘေးကင်းစွာ လုပ်ဆောင်လိုပါက ဝေဒနာရှင်အား အနီးဆုံးဆေးရုံ၏အရေးပေါ်ခန်းသို့ခေါ်လာပါ။
အကြောင်းရင်းများ
Depression (စိတ်ကျရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ
များပြားလှသောအကြောင်းအရင်းများ(သို့)ပေါင်းစုထားသောအကြောင်းအရင်းများကြောင့် ဖြစ်ပွားစေနိုင်ပါသည်။
မျိုးရိုးဗီဇ-စိတ်ကျရောဂါမျိုးရိုးရှိသူများတွင် ရောဂါမျိုးရိုးမရှိသူများထက်ပိုမိုဖြစ်ပွားတတ်သည်။
ဦးနှောက်ဓါတုဗေဒအခြေအနေ – စိတ်ကျရောဂါသည်များသည်ရောဂါမရှိသူများနှင့် ကွဲပြားသော ဦးနှောက်ဓါတုဗေဒအခြေအနေ
များရှိကြသည်။
စိတ်ဖိစီးမှု-ချစ်ခင်ရသောသူတစ်ဦးအားဆုံးရှံူးလိုက်ရခြင်း၊အချစ်ရေးအဆင်မပြေခြင်း(သို့)မည်သည့် စိတ်ဖိစီးနိုင်သည့်အခြေအနေ
မဆိုစိတ်ကျရောဂါကို ဖြစ်ပွားစေနိုင်သည်။
ဖြစ်နိုင်ခြေများ
Depression (စိတ်ကျရောဂါ ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
စိတ်ကျရောဂါသည်ဆယ်ကျော်သက်အရွယ်နှင့် နှစ်ဆယ်၊သုံးဆယ်ကျော်အရွယ်များတွင်အဖြစ်များသော်လည်း မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်ပွားတတ်သည်။ မိန်းမများသည်အမျိုးသားများထက်စိတ်ကျရောဂါပိုဖြစ်ကြောင်းသိရသော်လည်း မိန်းမများသည် ကုသမှုခံယူရန်ကြိုးစားကြသောကြောင့်လည်းဖြစ်နိုင်သည်။ စိတ်ကျရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-
- အခြားသော စိတ်ရောဂါများဖြစ်ဖူးခြင်း ဥပမာ စိုးရိမ်လွန်ရောဂါ၊အစားအသောက်နှင့်ပတ်သတ်သော ရောဂါ(သို့)ဒဏ်ရာအနာတရဖြစ်ပြီးနောက်ရသော ဖိစီးမှုရောဂါ
- အရက်(သို့)တရားမဝင်သောမူးယစ်ဆေးများသုံးခြင်း
- အချို့သောအမူအကျင့်များ ဥပမာ – မိမိကိုယ်ကိုယုံကြည်မှုအားနည်းနေခြင်းနှင့်မှီခိုလွန်းနေခြင်း၊မိမိကိုယ်ကိုအပြစ်မြင်နေခြင်း
- ပြင်းထန်သော(သို့)နာတာရှည်ရောဂါများဖြစ်ခြင်း ဥပမာ ကင်ဆာ၊လေဖြတ်ရောဂါ၊နာတာရှည်နာကျင်ကိုက်ခဲမှု (သို့)နှလုံးရောဂါ
- အချို့သော ဆေးဝါးများ ဥပမာ သွေးတိုးကျဆေးများ(သို့)အိပ်ဆေးများ(ဆေးမဖြတ်ခင်သင့်ဆရာဝန်နှင့်တိုင်ပင်ပါ)
- ဒဏ်ရာအနာတရ(သို့)ဖိစီးမှုများစေသော အခြေအနေများ ဥပမာ ရုပ်ပိုင်းဆိုင်ရာ(သို့)လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ(သို့)ချစ်ရသောသူတစ်ဦးသေဆုံးခြင်း၊အချစ်ရေးအဆင်မပြေခြင်း(သို့)ငွေရေးကြေးရေးပြဿနာများ
- စိတ်ကျရောဂါ၊အစွန်းနှစ်ဖက်ဖြစ်သွားသောစိတ်ရောဂါ၊အရက်နာကျရောဂါဖြစ်ဖူးသော(သို့)မိမိကိုယ်ကိုစီရင်ဖူးသော သွေးသားတော်စပ်သူများရှိခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Depression (စိတ်ကျရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ
ပုံမှန်အားဖြင့်ဆရာဝန်များသည် သင့်၏ရောဂါလက္ခဏာများနှင့် ရောဂါရာဇဝင်အပေါ်မူတည်ပြီး အဖြေရှာအတည်ပြုပါသည်။ ထို အပြင် ဆရာဝန်သည် သွေးစစ်ခြင်း၊စိတ်ကျန်းမာရေးစစ်ဆေးခြင်းကဲ့သို့သောအခြားစစ်ဆေးမှုများကို ပြုလုပ်ကာ သင်ခံစားနေရသောလက္ခဏာများဖြစ်ပွားတတ်သည့် အခြားရောဂါများကို အတည်ပြုဖယ်ထုတ်တတ်ပြီး ရောဂါကိုအတည်ပြုကာ နောက်ဆက်တွဲရောဂါအခြေအနေများကို စစ်ဆေးတတ်သည်။
Depression (စိတ်ကျရောဂါ ) ကို ဘယ်လိုကုသပါသလဲ
စိတ်ကျရောဂါကုသမှုတွင် ဆေးဝါးများဖြင့်ကုသမှု၊စိတ်ပိုင်းဆိုင်ရာကုသမှုနှင့် လျှပ်စစ်အားရိုက်၍ကုသမှုတို့ပါဝင်သည်။ အသုံးပြုသည့်ဆေးဝါးများမှာ စိတ်ကျရောဂါပျောက်ဆေးများဖြစ်သည်။ အချို့သောအသုံးများသည့်ဆေးများမှာ escitalopram,paroxetine,sertraline,fluoxetine နှင့်citalopram တို့ဖြစ်ကြပြီး ထိုဆေးများသည် selective serotonin reuptake inhibitors(SSRIs)များဖြစ်ကြသည်။ အခြားသောဆေးများမှာ venlafaxine,duloxetine,နှင့်bupropionတို့ဖြစ်ကြသည်။ ထိုဆေးများသည် အောက်ပါဘေးထွက်ဆိုးကျိုးများကို ဖြစ်ပွားစေနိုင်ပါသည်။
- ကိုယ်အလေးချိန်တက်ခြင်း
- လိင်ဆက်ဆံရာတွင် အဆင်မပြေခြင်း
- ပျို့ခြင်း
စိတ်ကျန်းမာရေးဆိုင်ရာကုသမှုကိုလည်း စိတ်ကျရောဂါကိုကုသရန်သုံးသည်။ ထိုကုသမှုတွင် တွေးခေါ်ပြုမူခြင်းဆိုင်ရာနည်းလမ်းသစ်များကိုသင်ပေးခြင်းနှင့် စိတ်ဓါတ်ကျစေနိုင်သည့် အမူအကျင့်များကိုပြောင်းလဲပေးခြင်းတို့ပါဝင်သည်။ ထိုကုသမှုသည် သင့်၏ အချစ်ရေးအဆင်မပြေမှု၊စိတ်ဓါတ်ကျစေနိုင်သည့်အခြေအနေများ(သို့)ပိုဆိုးအောင်လုပ်ပေးနိုင်သည့် ကိစ္စရပ်များကိုနားလည်ကိုင်တွယ်တတ်စေသည်။
လျှပ်စစ်ဓါတ်ရိုက်၍ကုသခြင်း ECTကို ကုရခက်ပြီး ဆေးကုသမှုဖြင့် မပျောက်ကင်းသေးသည့်ဆိုးဝါးပြင်းထန်သောစိတ်ကျရောဂါများအတွက် သုံးသည်။ECTနှင့်ပတ်သတ်၍မကောင်းသတင်းများရှိဖူးသော်လည်း အခြားသောကုသမှုများဖြင့်မသက်သာသေးသည့်လူနာများတွင်ကားထိရောက်စွာကုသနိုင်ကြောင်း မြင်ခဲ့ရပြီးဖြစ်သည်။ECTသည် ဘေးထွက်ဆိုးကျိုးအနေဖြင့် စိတ်ေဝဝါးရှူပ်ထွေးခြင်းနှင့် မှတ်ဉာဏ်ပျောက်ဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။ ထိုဆိုးကျိုးများသည် ယာယီမျှဖြစ်သော်လည်းတခါတရံတွင် ကာလ ကြာရှည်သွားနိုင်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက စိတ်ကျရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် စိတ်ကျရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
- တစ်ဦးတည်းသီးခြားမနေပါနှင့်။
- သင့်ဘဝတွင် ရိုးစင်းစွာနေထိုင်ပါ။
- လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
- ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုပုံစံကို ကျင့်သုံးပါ။
- သင့်ဖိစီးမှုအား ဖြေလျှော့ကိုင်တွယ်နိုင်မည့် နည်းလမ်းများကိုလေ့လာပါ။
- သင်စိတ်ဓါတ်ကျနေစဉ်တွင် အရေးကြီးသောဆုံးဖြတ်ချက်များမချပါနှင့်။
- အကယ်၍သင့်ရောဂါလက္ခဏာများဆိုးဝါးလာပါက သင့်ဆရာဝန်အားဖုန်းခေါ်ပါ။
- သင့်အားပေးသောဆေးဝါးများမှ ဘေးထွက်ဆိုးကျိုးများကိုခံစားရပါက သင့်ဆရာဝန်အားဖုန်းခေါ်ပါ။
- သင့်တွင် မိမိကိုယ်ကို သတ်သေမည့်အတွေးများ(သို့)အခြားသူတစ်ဦးအား ထိခိုက်ခြင်း၊သတ်ခြင်းတို့ပြုလုပ်ရန်ကြံစည်နေပါက သင့်ဆရာဝန်အားဖုန်းခေါ်ပါ။
- သင့်တွင် မူမမှန်သောအသံများကြားနေခြင်း၊တုန်လှုပ်ခြောက်ခြားခြင်း(သို့) တကယ်မရှိသောအရာများအားမြင်နေခြင်းတို့ဖြစ်ပွားပါက လည်း သင့်ဆရာဝန်အားဖုန်းခေါ်ပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
[embed-health-tool-bmi]