backup og meta

သူငယ်ချင်းအသစ်ရအောင် ဘယ်လိုမိတ်ဖွဲ့မလဲ

သူငယ်ချင်းအသစ်ရအောင် ဘယ်လိုမိတ်ဖွဲ့မလဲ

အသက်၂၀ကျော်အရွယ်ဟာ မိတ်ဆွေအသစ်တွေရှာဖွေဖို့အကောင်းဆုံးအရွယ် ဖြစ်ပါတယ်။ ဒီအသက်အရွယ်အုပ်စုမှာရှိတဲ့ လူအားလုံးနီးနီးဟာ ဆိုရှယ်မီဒီယာတွေကို အသုံးပြုကြတဲ့အတွက် သူတို့ဘဝမှာနေ့စဉ်ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို လူရာပေါင်းများစွာ (ဒါမှမဟုတ် aထာင်ပေါင်းများစွာတောင် ဖြစ်နိုင်ပါတယ်)နဲ့မျှဝေလျက်ရှိပါတယ်။ တချိန်တည်းမှာပဲ သူတို့ဟာ ပိုပြီးအထီးကျန်ဆန်လျက်ရှိပြန်ပါတယ်။ စစ်တမ်းတွေအရ ကျွန်တော်တို့ဟာ ၁၉၈၀ပြည့်နှစ် ပတ်ဝန်းကျင်ကလူတွေထက် အပေါင်းအသင်းမိတ်ဆွေ ပိုနည်းလာတယ်လို့ဆိုပါတယ်။ facebook ၊ twitter တို့လို ဆိုရှယ်မီဒီယာတွေပေါ်ကတဆင့် သိရတဲ့အပေါင်းအသင်းတွေဟာလည်း တကယ့်အပြင်မှာပေါင်းသင်းဆက်ဆံရတဲ့ မိတ်ဆွေတွေလောက် အဆင်မပြေပါဘူး။

အသက်၂၀ကျော်၊ ၃၀ကျော်တွေဟာ သူငယ်ချင်းအသစ်နဲ့မိတ်ဖွဲ့ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိတော့ဘူး ဒါမှမဟုတ် အသက်ကြီးတဲ့သူတွေနဲ့ ပါင်းလို့သင်းလို့ အဆင်မပြေဘူးလို့ ငြီးတွားလေ့ရှိကြပါတယ်။

သူငယ်ချင်းဖြစ်လာနိုင်ချေရှိသူတွေကို ရှာဖွေပါ။

သင်နဲ့လက်ရှိအဆက်အသွယ်ပြုလုပ်လျက်ရှိတဲ့လူတွေထဲကနေ သူငယ်ချင်းအသစ်ရှာဖွေပါ။ နေရာအသစ်ကို အခုမှပြောင်းလာပြီး အနီးနားတဝိုက်မှာ ဘယ်သူ့ကိုမှမသိသေးဘူးဆိုရင်တော့ ဒီနည်းကိုသုံးလို့မရဖူးပေါ့။ ဒါပေမယ့် အများအားဖြင့် သင့်ပတ်ဝန်းကျင်မှာ သင်နဲ့မျက်မှန်းတန်းမိနေသူတွေ ရှိတတ်ကြပါတယ်။ သင့်အနေနဲ့အပြင်ထွက်လမ်းလျှောက်ပြီး တွေ့သမျှလူကို ရယ်ပြပြီး သူစိမ်းဆယ်ယောက်နဲ့တွေ့တိုင်း သူငယ်ချင်းတစ်ယောက်ရမယ်ဆိုပြီးလုပ်လို့တော့မရပါဘူး။ ဒါဟာ ဂိမ်းကစားနေတာမှ မဟုတ်တာ။ ဆိုတော့ လုံးဝကြီးသူစိမ်းတစ်ယောက်ထက်စာရင် မျက်မှန်းတန်းမိ၊ မေးထူးခေါ်ပြောရှိလက်စသူနဲ့ ပိုပြီးရင်းနှီးအောင်မိတ်ဖွဲ့တာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။ ဒီလိုမိတ်ဖွဲ့ရင်း သင့်အနေနဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာပြီဆိုရင်တော့ သူစိမ်းတွေနဲ့စတင်ပြီး မိတ်ဖွဲ့လို့ရပါပြီ။

ဝါသနာတူတွေကို ရှာဖွေပါ။

ဝါသနာပါရာလေးတွေကို လုပ်ရင်းနဲ့လည်း ကိုယ်နဲ့ဝါသနာတူမိတ်ဆွေအသစ်တွေ ရလာနိုင်ပါတယ်။ ဒါကြောင့် သင်ဝါသနာပါတဲ့ ဂစ်တာတီးသင်တန်းတက်တာ ဒါမှမဟုတ် ပန်းအလှပြင်သင်တန်း၊ ဟင်းချက်သင်တန်း တက်တာမျိုးကို ပြုလုပ်ပါ။ ဒါဆိုရင် သင်နဲ့ဝါသနာတူ မိတ်ဆွေအပေါင်းအသင်းသစ်တွေ အများကြီးနဲ့ တွေ့ရမှာပဲ ဖြစ်ပါတယ်။

သူငယ်ချင်းမိတ်ဆွေဖြစ်လာနိုင်ချေရှိသူတွေနဲ့အတူတကွ အချိန်ဖြုန်းပါ။

သင်နဲ့ ကီးကိုက်လောက်မယ့်သူတွေကို တွေ့ပြီဆိုရင် အပြင်ထွက်လည်ပတ်ကြ၊ ဈေးဝယ်ထွက်ကြဖို့၊ တွေ့နေကျသင်တန်း၊ ကျောင်းမဟုတ်တဲ့နေရာတခုခုမှာ တွေ့ဆုံစကားပြောကြဖို့ဖိတ်ခေါ်ပါ။ ဒါဟာ အရေးကြီးဆုံးအဆင့်ဖြစ်ပါတယ်။ သင့်အနေနဲ့ အလုပ်၊ သင်တန်း၊ ဘားတို့မှာ လူတွေအများကြီးနဲ့တွေ့နိုင်မှာဖြစ်ပြီး သူတို့ကလည်း သင့်ကိုခင်ဖို့ကောင်းတယ်၊ ဖော်ရွေတယ်စသဖြင့် သဘောကျကောင်းကျနိုင်မှာဖြစ်ပေမယ့် သင့်ဖက်ကသူတို့နဲ့အတူတကွ တခုခုလုပ်တာမျိုး၊ ချိန်းဆိုစကားပြော၊ လျှောက်လည်တာမျိုးမလုပ်ဘူးဆိုရင် သူငယ်ချင်းအဆင့်ရောက်လာမှာမဟုတ်ပါဖူး။

တကယ်လို့ သင်ဟာစကားနည်းပြီး ရှက်တတ်တယ်ဆိုရင် တခြားလူတွေကို အပြင်ဖိတ်ခေါ်ဖို့အနည်းငယ် နှောင့်နှေးကောင်း နှောင့်နှေးနေပါလိမ့်မယ်။ အစပိုင်းမှာတော့ နည်းနည်းကြောက်ဖို့ကောင်းနေမှာ ဖြစ်သလို ငြင်းပယ်ခံရတာမျိုးလည်း ရှိနိုင်ပေမယ့် ကြာလာရင်အသားကျသွားမှာဖြစ်တဲ့အတွက် ကြိုးစားကြည့်ပါ။ ရည်းစားစကား လိုက်ပြောရတာလောက်တော့ မခက်ပါဘူးလေ။

ရှာဖွေမယ့် သူငယ်ချင်းဦးရေကို ကြိုတင်သတ်မှတ်ပါ။

ဒါဟာ ကြားရတာ နည်းနည်းပေါ့ပျက်ပျက်နိုင်ကောင်းနိုင်ပါလိမ့်မယ်။ ဒါပေမယ့် နောက်တစ်ခါ ပါတီ ဒါမှမဟုတ် ဧည့်ခံပွဲသွားတဲ့အခါ “ငါ ဒီနေ့ မပြန်ခင် အနည်းဆုံး မိတ်ဆွေအသစ်သုံးယောက်တော့ ရအောင်လုပ်မယ်(တယောက်ပဲ ဖြစ်ဖြစ်ပေါ့)” လို့အားတင်းပြီး သွားပါ။ ဒီလိုဆိုတော့သင့်အနေနဲ့မိတ်ဆွေသူငယ်ချင်းအသစ်ရှာဖွေဖို့ ပိုပြီးတွန်းအားဖြစ်စေတဲ့အပြင် အိမ်သာတန်းစီရင်းတွေ့တဲ့သူနဲ့ ပြုံးပြရုံမဟုတ်ဘဲ ထွေရာလေးပါးမိတ်ဆက်စကားပြောဖြစ်စေတာပေါ့။

အခွင့်အရေးတွေကို လက်လွတ်မခံပါနဲ့။

တခြားသူတွေကို သင်ကစပြီးဖိတ်ခေါ်တာကောင်းသလို သူတို့ကသင့်ကိုစပြီးဖိတ်ခေါ်ရင် ပိုလို့တောင်ကောင်းပါသေးတယ်။ တကယ်လို့ တစုံတယောက်ကသင့်ကိုအပြင်သွားဖို့ပဲ ဖြစ်ဖြစ်၊ တခုခုလုပ်ဖို့ပဲ ဖြစ်ဖြစ် ဖိတ်ခေါ်ရင် (မတတ်သာလွန်းတဲ့အနေအထားမျိုးကလွဲပြီး) မငြင်းမိပါစေနဲ့။ မိတ်ဆွေအသစ်တယောက်ရမယ့်အခွင့်အရေးကို ဘာလို့လက်လွတ်ခံမှာလဲ။

သင့်မှာ မိတ်ဆွေအပေါင်းအသင်းတွေများပြီး သွားစရာနေရာ၊ ပျော်စရာအခွင့်အရေးတွေ များလေလေ၊ ရွေးချယ်စရာများလေလေ ကောင်းလေလေပဲပေါ့။ မဟုတ်ဘူးလား။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Make New Friends (and Keep the Old) as a Young Adult.

http://greatist.com/happiness/how-to-make-keep- friends

How to Make Friends And Get a Social Life. http://www.succeedsocially.com/sociallife

10 tips for making new friends. https://www.betterhealth.vic.gov.au/health/tentips/10-tips- for-making-new- friends

ယခုပုံစံ

12/05/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်နေသလဲ

စိတ်နှစ်ခွဖြစ်ခြင်းကို ဘယ်လို အောင်မြင်စွာ ဖြေရှင်းနိုင်မလဲ



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement