backup og meta

တစ်ဦးတည်းသော မိဘတစ်ယောက်ဘဝကို ဘယ်လိုဖြတ်သန်းမလဲ

တစ်ဦးတည်းသော မိဘတစ်ယောက်ဘဝကို ဘယ်လိုဖြတ်သန်းမလဲ

အခုအချိန်မှာ မိဘတစ်ဦးတည်းရှိတဲ့ မိသားစု အရေအတွက်ဟာ သိသာစွာ မြင့်တက်လာပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ကို ကြီးပြင်းလာအောင် စောင့်ရှောက်ရခြင်းဟာ ဘယ်တော့မှ မလွယ်ကူပါဘူး။

တစ်ဦးတည်းသောမိဘတွေ ရင်ဆိုင်ရမယ့် ပြဿနာတွေက ဘာတွေလဲ။

အချို့ပြဿနာတွေကို တစ်ဦးတည်းသောမိဘတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ပထမဦးစွာ အိမ်ထောင်ဖက် အကူအညီမရရှိတာကြောင့် ပြဿနာတိုင်းဟာ နှစ်ဆ ဖြစ်နိုင်ပါတယ်။ ကလေးရဲ့ အလုပ်တိုင်းကို နေ့တိုင်းအကုန် လုပ်ပေးဖို့ တာဝန်ရှိနေပါတယ်။

ရလဒ်အနေနဲ့ ဖိအားများစွာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ဖိအားတွေက သင်ကလေးကို သင့်လျော်အောင် မစောင့်ရှောက်နိုင်တော့ဘူးလို့တောင် အထင်ရောက်စေပါတယ်။ ဒါ့ပြင် တစ်ဦးတည်းသောမိဘ တွေဟာ ငွေကြေးပိုင်းဆိုင်ရာ ပြည့်စုံမှု မရှိကြပါဘူး။

နောက်ဆုံးအနေနဲ့ကတော့ တစ်ဦးတည်းသောမိဘတွေရဲ့ ကလေးငယ်တွေဟာ ကြီးပြင်းလာတဲ့အခါ စံထားစရာ အမျိုးသမီး၊ အမျိုးသား တစ်ဦးဦး ပျောက်ဆုံးတတ်ကြပါတယ်။

ဒီစိန်ခေါ်မှုတွေကို တစ်ဦးတည်းသောမိဘတွေက ဘယ်လိုကျော်ဖြတ်နိုင်မလဲ။

သင့်မေတ္တာကို ဖေါ်ပြပါ။

ကလေးဟာ ကောင်းမွန်တာ တစ်ခုခုကို လုပ်နိုင်မယ်ဆိုရင် ချီးကျူးပါ။ သူတို့ရဲ့ နေ့စဉ် ဆုံးဖြတ်ချက်တွေကို ထောက်ပံ့ပေးပြီး သူတို့တစ်နေ့တာ အကြောင်းမေးဖို့ အချိန်ဖယ်ထားပါ။ သူတို့နဲ့ကစားခြင်း၊ သူတို့အိပ်တဲ့အခါ ဖက်ထားခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

တော်တဲ့ကလေးထိန်း ရှာဖွေပါ။

တကယ်လို့ သင်ဟာ အလုပ်ရှုပ်နေတယ်ဆိုရင် အရည်အချင်းပြည့်ဝတဲ့ ကလေးထိန်းကိုရှာပြီး ကလေးငယ်ကို လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးထားသင့်ပါတယ်။

လူစိမ်းတစ်ယောက် ကလေးထိန်းတာ မကြိုက်ဘူးဆိုရင် သင့်မိဘ (သို့) ယုံကြည်ရတဲ့ ဆွေမျိုးတွေကို ကလေးထိန်းပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

အိမ်စည်းကမ်းတွေကို ချမှတ်ပါ။

သင့်ကလေးကို အိမ်မှာ သူတို့ရဲ့ အခန်းကဏ္ဍကို သိရှိဖို့အတွက် အိမ်စည်းကမ်းတွေကို ရှင်းပြထားသင့်ပါတယ်။ ဥပမာ အသက်ကြီးသူတွေကို ရိုသေစွာ ဆက်ဆံသင့်ပြီး ငယ်ရွယ်သူတွေကို ညင်သာစွာပြောဆိုသင့်တယ်ဆိုတာမျိုး ပြောထားသင့်ပါတယ်။

စည်းကမ်းထိန်းသိမ်းခြင်းဟာ အထူးသဖြင့် သင့်ကလေးက ငယ်ရွယ်သေးတယ်ဆိုရင် အလွန်အရေးကြီးပါတယ်။

သင့်ကိုယ်သင် အပြစ်မတင်ပါနဲ့။

တစ်ဦးတည်းသောမိဘ ဖြစ်ခြင်းဟာ သင့်အပြစ်မဟုတ်ပါဘူး။ ဒါကြောင့် သင့်ကိုယ်သင် အပြစ်တင်ခြင်း၊ ပျောက်ဆုံးနေတဲ့ မိဘနေရာကို အစားထိုးနိုင်မယ်လို့ ယူဆတာကြောင့် ကလေးကို အလိုလိုက်ခြင်းတွေ မလုပ်သင့်ပါဘူး။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

သင့်ကိုယ်သင် ဂရုစိုက်ခြင်းဟာ ကလေးကို ကြီးပြင်းအောင် စောင့်ရှောက်ရာမှာ လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိစေနိုင်ပါတယ်။ အလုပ်၊ အပန်းဖြေတဲ့အချိန်တွေကို ညီမျှအောင်ထားသင့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေကို စားသင့်ကာ အိပ်ရေးဝအောင်အိပ်သင့်ပါတယ်။

အခြား တစ်ဦးတည်းသောမိဘတွေထံမှ သင်ယူပါ။

တကယ်လို့ ကလေးကို တစ်ဦးတည်းကြီးပြင်းအောင် စောင့်ရှောက်ခြင်းနဲ့ ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် တစ်ဦးတည်းသောမိဘအုပ်စုကို ဝင်ခြင်း၊ လူမှုရေး အဖွဲ့အစည်းတွေရဲ့ အကူအညီကို ယူခြင်းတွေကို ပြုလုပ်သင့်ပါတယ်။

သင့်သူငယ်ချင်း၊ ဆွေမျိုး၊ သင်ယုံကြည်သူတစ်ယောက်ယောက်ကို အကြံဉာဏ် တောင်းသင့်ပါတယ်။

သင့်အခြေအနေ အကြောင်းကို ပွင့်လင်းစွာ ပြောသင့်ပါတယ်။

တစ်ဦးတည်းသောမိဘရှိတဲ့ မိသားစုတွေဟာ အိမ်ထောင်ကွဲခြင်း၊ ခွဲနေခြင်း တို့ကြောင့် ဖြစ်ပါတယ်။ အချိန်တန်ပြီလို့ ယူဆရင် သင့်ကလေးကို ဒါတွေကို ပြောပြသင့်ပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကို နားထောင်ပြီး မေးတဲ့မေးခွန်းတွေကို ရိုးသားစွာ ဖြေကြားသင့်ပါတယ်။

ကျန်တဲ့ မိဘတစ်ယောက်ကို အဆိုးမြင်စကားတွေ ပြောခြင်းကလည်း ရှောင်ကျဉ်သင့်ပါတယ်။ သင့်ကလေးဟာ သင်တို့နှစ်ယောက်ကြား ဘာတွေ ဖြစ်သည်ဖြစ်ပါစေ အခြားမိဘတစ်ယောက်ကို သူတို့ရဲ့ ဘဝမှာ လိုအပ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Single parent? Tips for raising a child alone. http://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/single-parent/art-20046774. Accessed January 21, 2017.
10 Ways to Reduce Single-Parent Stress. http://www.parents.com/parenting/dynamics/single-parenting/how-to-reduce-single-parent-stress/. Accessed January 21, 2017.
Surviving (and Thriving) as a Single Mom. http://www.parents.com/parenting/dynamics/single-parenting/surviving-and-thriving-as-a-single-mom/. Accessed January 21, 2017.

ယခုပုံစံ

31/03/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးပျိုးထောင်ရာမှာ ပြုလုပ်တတ်တဲ့ မိဘတွေရဲ့ စေတနာအမှားများ

မိဘတစ်ယောက်အနေနဲ့မိမိကလေးကိုဘယ်လိုပျိုးထောင်ပေးမလဲ



Dr . Phyu Mon Latt မှ ရေးသားသည်။ · 31/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement