backup og meta

မျှဝေပါ။

တစ်နှစ်ပတ်လုံး မိသားစုနှင့် ပျော်ရွှင်စွာနေထိုင်ခြင်း

နွေရာသီကုန်သွားပါပြီ။ သို့သော် ရာသီကုန်သလို ကျန်းမာသောမိသားစု၏ ပျော်ရွှင်မှုများကတော့ ကုန်သွားမည်မဟုတ်ပါ။ ကျန်းမာရေးနှင့်ညီသော အစားအစာများနှင့် မိသားစုပျော်ရွှင်ချိန်များအတွက် ကျောင်းပြက္ခဒိန်ကို မဟာမိတ်ဖွဲ့လိုက်ပါ။

အလုပ်သမားနေ့

နွေရာသီ၏အထင်ကရနေဖြစ်ပြီး ရာသီဥတုလည်း သာသာယာယာပင်ရှိဦးမည်။ ထို့ကြောင့် မိသားစုကို စက်ဘီးကိုယ်စီနင်းကာ ပန်းခြံ၊ ကမ်းခြေ၊ ရေကူးကန်၊ သို့မဟုတ် နှစ်သက်ရာ စားသောက်ဆိုင်တစ်ခုခုကို သွားကြဖို့ နှိုးစော်လိုက်ပါ။ ကြည့်စရာရှုစရာများရှိသည့် လမ်းမှ ပတ်ခေါ်သွားပါ။ အရောင်ပြောင်းသွားကြသည့် သစ်ပင်များ သို့မဟုတ် နွေရာသီ၏ နောက်ဆုံးလက်ကျန် ပန်းများ သစ်သီးများရှိရာ လမ်းကိုရွေးဖို့မမေ့ပါနှင့်။

အလုပ်သမားနေ့မှာ အပျော်ခရီးထွက်ပါ။ ကိုယ့်နယ်မှ ရာသီစာများ သစ်သီးများ သို့မဟုတ် ကျန်းမာရေးနှင့်ညီသည့် နယ်မြေအထင်ကရသွားရေစားများကို ယူသွားပါ။ အလုပ်သမားနေ့မှာ ကိုယ့်မြို့အတွက် အကျိုးရှိတာတစ်ခုခ လုပ်ကြည့်လိုက်ပါ။

ကျေးဇူးတော်နေ့

ဒီလိုနေ့မျိုးတွင် ရိုးရာအစာများကို စားသောက်နိုင်ပါသည်။ မိသားစုတွင် စုစုရုံးရုံးဖြစ်သွားအောင် ကျန်းမာရေးနှင့် ညီညွှတ်သည့ပန်းကန်များဖြစ်သွာအောင် ပြောင်းလဲကြည့်ပါ။ ပဲစိမ်းများကို သစ်ဂျပိုဖြူးထားသည့် လိမ္မော်သီး၊ စပျစ်သီးခြောက်၊ ရှမ်ပိန်စသည်တို့နှင့် အစားထိုးပါ။ သို့မဟုတ် ဆောင်းရာသီး၏ထမင်းစားပွဲအာ စတော်ဘယ်ရီ၊ ရွှေပဲသီး၊ အရှည်လိုက်လှီထားသည့် ခါကျက်ဥ၊ ဟင်းနုနွယ်တို့သုံးပြီး အရောင်စုံသည့် အသုပ်စုံတစ်ပွဲ ဖန်တီးလိုက်ပါ။

အားလပ်ရက်များအတွင် အစာမစားခင် လမ်းထွက်လျှောက်နိုင်ပါသည်။ သို့မဟုတ် စားချင်သောက်ချင်စိတ် တိုးမြှင့်စေရန် ပန်းခြံထဲ၌ ဘောလုံးပစ်ကစားကြည့်ပါ။ အိမ်အပြန်လမ်း၌ ဘယ်သူက ဘယ်သူ့ကို ဘယ်လိုကျေးဇူးတင်ကြောင်းပြောကြပါ။ အိမ်နီးချင်းများအကြောင်း၊ မိသားစုနှင့် မိတ်ဆွေများအကြောင်း ပြောဆိုကြည့်ပါ။

ဆောင်းရာသီအားလပ်ရက်များ

ခရစ်မတ်ပွဲတော် နှစ်သစ်ကူးပွဲတော်များ သင့်နှင့် ဆိုင်ဆိုင် မဆိုင်ဆိုင် ဆောင်းရာသီဆိုသည်မှာ အေးခဲနေသော်လည်း ပျော်စရာကောင်းသည်များ ရှိပါသည်။ မီးထွန်းပွဲတော်၊ တန်ဆောင်မုန်းပွဲတော်များ ရှိပါသေးသည်။ ကလေးများ မီးပုံဆွဲမလား၊ မီးထွန်းကားဆွဲကြမလား၊ ပျော်ပွဲစားလုပ်ကြမလား အဆင်ပြေ၏။

နှင်းကျသည့်နေရာများတွင်တော့ ရပ်ကွက်အတွင်းရှိလမ်းများ နှင်းဖယ်ခြင်း နှင်းဘောလုံးပစ်ကစားခြင်းများ ပြုလုပ်နိုင်ပါသည်။ နှစ်သစ်ကူးလည်း နီးလာပြီးမို့ မိသာစုနှင့် အစီအစဉ်အသစ်များ ဆွဲကြည့်ပါ။ နံရံတက်ခြင်း၊ ကစ်ဘောက်ဆင်းထိုးခြင်း တို့လိုသင်တန်းများ အတူတူတက်နိုင်သလို အိမ်တွင်းရေကူးကန်များလုပ်ပြီးလည်း ဆော့ကစားနိုင်ကြပါသည်။

အမှတ်တရနေ့

အမှတ်တရနေ့သည် မိသားစုအတွက် ပျော်ရွှင်စရာဖန်တီးနိုင်သည့် အချိန်ဖြစ်ပါသည်။ အစဉ်အလာတစ်ခုဖြစ်သည့် အမှတ်တရနေ့တွင် ကျဆုံးသွားသည့် စစ်မှုဝန်ထမ်းများ၏ အုတ်ဂူများတွက် အလံများ စိုက်ထူကြသည်ဖြစ်၏။ အများနည်းတူ သွားရောက်ဂုဏ်ပြုကြစဉ် အုတ်ဂူများကို လှည့်ကျင်းပေးနိုင်ပါသေးသည်။ သို့မဟုတ် မြိုးအတွင်းသို့ သွားရောက်ကာ အမှတ်တရနေ့အတွက် ပြုလုပ်သည့်ပွဲများကို လည်ပတ်နိုင်ပါသည်။

ထို့နေ့တွင် လယ်သမားဈေးများ၌ လူအပြည့်ရှိပါလိမ့်မည်။ အနီးအနားရှိထိုဈေးမျိုးအား စနေ တနင်္ဂနွေနေ့များတွင် သွားရောက်လည်ပတ်ပါ။ မိသားစုဝင်များအား အရင်က တစ်ခါမှမမြည်းဖူးသည့် သစ်သီးဟင်းရွက်များကို ရွေးဝယ်ခိုင်းကြည့်ပါ။

နွေးသောနေ့များရောက်လာသည်နှင့် ရေခဲလက်ဖက်ရည်များကို ခံစားကြည့်ပါ။ မျက်ခုံးပင့်သွားလောက်သည့် အရသာမျိုးဖြစ်သော အုန်းသီး-သရက်သီးအရသာ၊ နွယ်ချို သို့မဟုတ် ချောကလက်ပူရှိန်းများ သုံးကြည့်လိုက်ပါ။ ရာသီရောက်သည့် အနီးအနားတောထဲမှ ရာသီသီးနှံများကို ခူးဆွတ်ဖို့လဲ ပြုလုပ်နိုင်ပါသည်။

မိသားစုအတွက် ပျော်စရာများ ကောင်းမွန်သည့်အစာများကို တစ်နှစ်ပတ်လုံးလုပ်ဖို့ရာအတွက် မခက်ခဲပါ။ ကိုယ်တိုင်လဲ အားလပ်ရက်များမှာ ပြုလုပ်နိုင်မည့် အိုင်ဒီယာများကို ဖန်းတီးကြည့်လိုက်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Stay Close to Your Family All Year Round
http://www.webmd.com/parenting/family-bonding
Accessed: February 19 2017

ယခုပုံစံ

12/05/2020

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement