backup og meta

ကျေးဇူးတင်တတ်ခြင်းရဲ့အကျိုးကျေးဇူးများ

ကျေးဇူးတင်တတ်ခြင်းရဲ့အကျိုးကျေးဇူးများ

ကျေးဇူးတင်စကားဆိုခြင်းဆိုတာက ဘဝမှာတွေ့ကြုံလာရတဲ့ကျေးဇူးတင်ရလောက်တဲ့ အခြေအနေမျိုးကိုဆိုလိုတာ ဖြစ်ပါတယ်။ ဘာသာတရား တော်တော်များများမှာ ကျေးဇူးတင်တာကို အားပေးထောက်ခံကြပါတယ်။ ဘာသာရေး ကို သက်ဝင်ယုံကြည်မှုမရှိတဲ့သူတွေတောင်မှ သူတို့ရဲ့ကလေးငယ်တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောတတ်အောင် လေ့ကျင့်ပေးပါတယ်။ ဒါကြောင့်ကျေးဇူးတင်စကား ဆိုတတ်ဖို့ကအရေးပါပါတယ်။ လက်တွေ့မှာတော့ ကျေးဇူးတင်ပါတယ်လို့ ပြောတတ်တာက အခြားကောင်းမွန်တဲ့အကြောင်းအရာတွေထက် ပိုမိုကောင်းကျိုးရှိတယ်ဆိုတာကို ပြသနေပါတယ်။ ကေးဇူးတင်စကားဆိုခြင်းကနေ ရရှိနိုင်တဲ့ လက်တွေ့အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ကျေးဇူးတင်စကားဆိုတာက မိတ်ဆွေတိုးစေပါတယ်။

လူရယ်လို့ဖြစ်လာရင် လူ့အသိုင်းအဝိုင်းဆိုတာ လိုအပ်ပါတယ်။ မိတ်ဆွေဖွဲ့တာက လူမှုပတ်ဝန်းကျင် ကျယ်ပြန့်လာအောင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ မိတ်ဆွေဖွဲ့တဲ့နေရာမှာလည်း ခင်မင်မှုအဓွန့်ရှည်စေဖို့ အချက်အများအပြားလိုအပ်ပါတယ်။ ကျေးဇူးတင်စကားဆိုတတ်ခြင်းကလည်း အဆိုပါအချက်များစွာထဲက တစ်ချက်ဖြစ်ပါတယ်။ ကျေးဇူးတင်စကားဆိုတတ်တာက လက်ရှိဆက်ဆံရေး တွေကိုခိုင်မြဲစေရုံသာမက အခြားမသိသေးသူတွေနဲ့ မိတ်ဆွေဖွဲ့ရာမှာလည်းအသုံးဝင်ပါတယ်။ လူတိုင်းဟာသူတို့ရဲ့ကောင်းမွန်တဲ့လုပ်ရပ်တွေကို အသိအမှတ်ပြုပေးတာမျိုး လိုချင်ကြပါတယ်။ တကယ်လို့ မိတ်ဆွေတိုးချင်တယ်ဆိုရင်တော့ လူတွေကိုကျေးဇူးတင်ဖို့မမေ့ပါနဲ့။

၂။ ကျေးဇူးတင်စကားဆိုတာက ကောင်းမွန်စွာအိပ်စက်ခွင့်ရစေပါတယ်။

အသုံးချစိတ်ပညာမှာဖော်ပြခဲ့တဲ့လေ့လာမှုအရ ကျေးဇူးတင်စကားဆိုတတ်တဲ့ သူတွေဟာ အခြားသူတွေထက် ပိုမိုအိပ်ပျော်တာကိုတွေ့ရပါတယ်။ အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေကို မခံစားရသလို နိုးထတဲ့အခါမှာလည်း ကြည်ကြည်လင်လင်နဲ့ နိုးထလာနိုင်တာကိုတွေ့ရပါတယ်။ အိပ်စက်မှုဆိုင်ရာပြဿနာ ဖြစ်ပေါ်နေမယ်ဆိုရင်ပဲဖြစ်ဖြစ် အိပ်ဆေးသောက်မှ အိပ်ပျော်တယ်ဆိုရင်ပဲဖြစ်ဖြစ် ကျေးဇူတင်စကားဆိုတဲ့ အလေ့အကျင့် ကုထုံးကိုသုံးကြည့်ပါ လို့ပြောပါရစေ။ စာရွက်နဲ့ဘောလ်ပင်ယူပြီး ဘဝမှာတွေ့ကြုံခဲ့ ရတဲ့ပျော်ရွှင်စရာအဖြစ်အပျက်တွေနဲ့ အကြောင်းအရာတွေကိုရေးချပါ။ တကယ်လို့များ အမြင်အာရုံ၊ အကြားအာရုံ၊ လက်တွေခြေတွေဆုံးရှုံးခဲ့ရင် ဘယ်လိုများနေမလဲဆိုတာကိုတွေးကြည့်ပါ။ အခုထိ ဒီအရာတွေရှိနေသေးတာကို ကျေးဇူးတင်လိုက်ပါ။ တစ်ခါတရံမှာ တန်ဖိုးရှိတဲ့အရာတွေက အရမ်းကိုမြင်သာပြီး ကျွန်တော်တို့က ၎င်းတို့ရဲ့တန်ဖိုးအစစ်အမှန်ကို နားမလည်ပဲဖြစ်နေတတ်ပါတယ်။ အိပ်ရာမဝင်ခင်မှာ ကျေးဇူးတင်လောက်တဲ့အရာတွေကို တွေးတောရေးမှတ်တာက အိပ်စက်ရာမှာ ပိုပြီး ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်စေမှာဖြစ်ပြီး သင်ကအရမ်းကိုကံကောင်းတဲ့သူတစ်ဦးဆိုတာကို သိခွင့်ရ စေမှာဖြစ်ပါတယ်။

၃။ ကျေးဇူးတင်တတ်ခြင်းက စိတ်တည်ငြိမ်မှုကို ရရှိစေပါတယ်။

အပျက်သဘောဆောင်တဲ့ အတွေးတွေဖြစ်တဲ့ မနာလို၊ဝန်တိုတာနဲ့ စိတ်မကောင်းဖြစ်တာတွေက စိတ်ကျန်းမာရေး အပေါ်လွှမ်းမိုးစေပါတယ်။ ဘဝမှာပျော်ရွှင်စေဖို့အတွက် အဆိုးမြင်တဲ့ခံစားချက်တွေကို ကိုင်တွယ်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်။ အမြဲတမ်း တစ်ပါးသူက သင့်ထက်သာနေတယ်လို့ မတွေးပါနဲ့။ ကျေးဇူးတင်စကားဆိုတာက ထိုကဲ့သို့ နှိုင်းယှဉ်တာမျိုးကို လျော့ပါးသွားစေမှာဖြစ်ပါတယ်။ ကိုယ်အောင်မြင်ရေးကိုပဲ အာရုံစိုက်လိုက်ပါ။ အခြားသူကိုမနာလိုဝန်တိုဖြစ်မနေပါနဲ့။ ကိုယ်အတွက်အကျိုးရှိမယ့် အရာတွေပေါ်မှာပဲ အာရုံစိုက်ပါ။

ကျေးဇူးတင်စကားဆိုရတာက အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ သို့သော် အလေ့အကျင့်တစ်ခုလိုမျိုး ပျိုးထောင့်ကြည့်လိုက်ပါ။ သင့်အတွက်အစပိုင်းမှာ ခက်ခဲနေပေမဲ့ နောက်ပိုင်း ထိုက်တန်တဲ့ အကျိုးကျေးဇူးများစွာရရှိစေမှာ အမှန်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Scientifically Proven Benefits Of Gratitude That Will Motivate You To Give Thanks Year-Round.
http://www.forbes.com/sites/amymorin/2014/11/23/7-scientifically- proven-benefits- of-gratitude-that-will- motivate-you- to-give- thanks-year- round/#48af48e96800 Assessed September 24, 2016

ယခုပုံစံ

26/08/2021

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ



Aye Thi Mon မှ ရေးသားသည်။ · 26/08/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement