backup og meta

လိင်စိတ်စွဲလမ်းခြင်း - ဖြစ်ပွားမှု အကြောင်းအရင်းများနှင့် ကုသမှု

လိင်စိတ်စွဲလမ်းခြင်း - ဖြစ်ပွားမှု အကြောင်းအရင်းများနှင့် ကုသမှု

လိင်စိတ်စွဲလမ်းခြင်း ဆိုတာ ဘာလဲ

လူတစ်ယောက်ဟာ များပြားလှတဲ့ လိင်မှုဆိုင်ရာ အပြုအမူများကို ခဏခဏ ပြုလုပ်နေတဲ့ အခြေအနေမျိုးကို ခေါ်တာဖြစ်ပါတယ်။ လိင်စိတ်စွဲလမ်းခြင်း က ဘဝရဲ့ အစိတ်အပိုင်းတော်တော်များများအပေါ်  အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်။

လိင်စိတ်စွဲလမ်းခြင်း ရဲ့ သက်ရောက်မှုများ

လိင်စိတ်စွဲလမ်းခြင်း က လူတစ်ယောက်ရဲ့ ဘဝအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ထင်ထင်ရှားရှားပဲ ရှိနေပါတယ်။

  • သူငယ်ချင်း၊ မိသားစု စတဲ့ အပေါင်းအဖော်တွေနဲ့ ရင်းနှီးမှုအတိုင်းအတာ လျော့နည်းလာမယ်
  • အလုပ်နဲ့ ပညာသင်ကြားမှုမှာ အာရုံစူးစိုက်မှု လျော့လာပြီး စွမ်းဆောင်ရည် ကျလာမယ်
  • HIV ပိုး၊ ရေယုန်၊ ကြွက်နို့၊စတဲ့ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေလည်း ကူးစက်ခံရနိုင်တယ်
  • ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ ထိခိုက်လာမယ်
  • အလွန်အကျွံ ဖြစ်နေတာမို့ လိင်မှုကိစ္စတွေမှာလည်း စွမ်းဆောင်နိုင်စွမ်း မရှိတော့တာတွေ ဖြစ်လာနိုင်ပါတယ်

အဲဒါအပြင် ကာမစိတ်စွဲလမ်းမှု ကြုံတွေ့နေရတဲ့ လူတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်း ကြုံရနိုင်ပါတယ်။ တိတိကျကျ ပြောရင် စိတ်အလိုမကျတာ၊ ရှက်တာ၊ စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရတာမျိုး ရှိနိုင်တယ်။ အဲဒီကတစ်ဆင့် စိတ်ကျရောဂါ၊ စိတ်ပူပန်တာ၊ အရက်နဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲတာ၊ စိတ်ခံစားချက်တွေ မထိန်းချုပ်နိုင်တော့တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ စိတ်ရောဂါဝေဒနာတွေအထိ ကြုံတွေ့လာရတတ်ပါတယ်။

လိင်စိတ်စွဲလမ်းနေသလား သိနိုင်ဖို့

အကောင်းဆုံးကတော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ပါပဲ။ ဒါပေမယ့် အဲဒီလို စမ်းသပ်အကဲဖြတ်ခံဖို့ ဆေးရုံမသွားခင်မှာ Society for the Advancement of Sexual Health က သတ်မှတ်ထားတဲ့ ကာမစိတ်စွဲလမ်းမှုရဲ့ လက္ခဏာတွေ ကိုယ့်မှာ ရှိ၊ မရှိ ဆန်းစစ်ကြည့်စေချင်ပါတယ်။

  • ကိုယ်လုပ်ခဲ့တဲ့ လိင်မှုဆိုင်ရာ အပြုအမူတွေအတွက် ရှက်မယ်၊ သိမ်ငယ်မယ်၊ အပြစ်ရှိသလို ခံစားနေရမယ်
  • ကိုယ့်ရဲ့ လိင်စိတ်ဆန္ဒနဲ့ ရွေးချယ်မှုတွေက ကိုယ့်ဘဝကို ထိန်းချုပ်ရခက်အောင်၊ စီမံခန့်ခွဲရ ခက်အောင် ဖြစ်စေမယ်
  • ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပေမယ့် အမြဲတမ်း ပြန်ပြန်လုပ်မိနေမယ်
  • လိင်ဆက်ဆံဖက်တွေ အများကြီးရှိနေမယ်
  • ပြည့်တန်ဆာတွေနဲ့ ပတ်သက်လို့ပါ စဉ်းစားနေမိမယ်
  • ဘာအကာအကွယ်မှ မယူဘဲ ဆက်ဆံမိမယ်
  • အွန်လိုင်းကနေ လိင်ကိစ္စလုပ်ဖို့ ကြိုးစားမယ်

ဘယ်လိုအကြောင်းရင်းတွေကြောင့် လိင်စိတ်စွဲလမ်းမှု ဖြစ်စေသလဲ

မကြာသေးမီအချိန်ကအထိ လိင်စိတ်စွဲလမ်းခြင်း ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သိပ္ပံနည်းကျ တိတိကျကျ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် Medical News Today ရဲ့ အဆိုအရတော့ ဒီစွဲလမ်းမှုတွေဟာ ဦးနှောက်ထဲမှာ ဓာတုဗေဒသဘောအရ ပြောင်းလဲမှုတွေ ဖြစ်လာတာကြောင့်လို့ ဆိုထားပါတယ်။

လိင်စိတ်စွဲလမ်းမှုအတွက် ကုသနည်းများ

လိင်စိတ်စွဲလမ်းခြင်းအတွက် ကုသနည်းတွေကတော့ လူတွေကို လိင်မှုကိစ္စတွေ လုပ်ချင်လာအောင် လှုံ့ဆော်ပေးတဲ့ အာရုံကြော လှုံ့ဆော်မှုများကို ထိန်းချုပ်နိုင်ဖို့ အဓိက ရည်ရွယ်ပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံခြင်းဟာ လူတစ်ယောက်အတွက် မရှိမဖြစ် အရေးပါတဲ့ကိစ္စမို့ ဒါဟာ အနည်းငယ်တော့ ခက်ခဲပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ လိင်ဆက်ဆံစဉ်မှာ ခံစားရတဲ့ ခံစားမှုတွေကို ထိန်းချုပ်ပေးခြင်းအားဖြင့် လိင်ဆက်ဆံလိုစိတ်ဟာ သူ့ဘဝရဲ့ အချိန်တိုင်းမှာ ဖြစ်မနေစေတော့ဖို့ပါပဲ။

လိင်စိတ်စွဲလမ်းခြင်း ဟာ ဒီနေ့ခေတ် လူမှုအဖွဲ့အစည်းမှာ သိပ်ရှားပါးတဲ့ ပြဿနာတစ်ရပ်တော့ မဟုတ်ပါဘူး။ ဒီလို ခံစားနေရတဲ့သူတွေဟာ ဖြစ်နေပါတယ်လို့ သူတို့ကိုယ်သူတို့ လက်ခံဖို့၊ သူများကို ဖွင့်ပြောဖို့ ရှက်ရွံ့နေနိုင်ပါတယ်။ ဒီပြဿနာအတွက် ဆရာဝန်တွေ၊ ကျန်းမာရေးစောင့်ရှောက်သူတွေထံမှာ အကူအညီများ ရယူနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Causes Sexual Addiction? https://psychcentral.com/lib/what-causes- sexual-addiction/

Sex Addiction Treatment Program Options http://www.psychguides.com/guides/sex-addiction- treatment-program-options/

Sex Addiction Symptoms, Causes and Effects
http://www.psychguides.com/guides/sex-addiction- symptoms-causes- and-effects/

 

ယခုပုံစံ

13/10/2022

Dr. Kaung Thar မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒ ကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

လိင်ဆက်ဆံမှုနှင့် ပတ်သက်ပြီးသင်သိထားသင့်သော အချက်များ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 13/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement