backup og meta

သင်၏ စိတ်ဖိစီးမှုကို သဘာဝသည်မည်ကဲ့သို့လျော့ပါးစေရန် ကူညီသနည်း


Dr.Nyan Linn မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်၏ စိတ်ဖိစီးမှုကို သဘာဝသည်မည်ကဲ့သို့လျော့ပါးစေရန် ကူညီသနည်း

    မိုက်ကယ်ဆိုနာ အမည်ရှိ အော်ရီဂွန်တက္ကသိုလ်၏ ကထိကပေါမောက္ခ သည် အာရုံစူးစိုက်မှုကိုလေ့လာသည်။ ကျွန်တော်တို့၏ဦးနှောက်များသည် အလုပ်ကြာမြင့်စွာ လုပ်ပြီးနောက်ပင်ပန်းလာကြပြီး အထူးသဖြင့် လုပ်ရသောအလုပ်မှာ အာရုံစူးစိုက်မှုလိုအပ်ကာ ထပ်ကာထပ်ကာလုပ်ဆောင်နေရသောအရာဖြစ်လျှင် ပိုဖြစ်တတ်သည်။

    အရမ်းဖိအားများတဲ့အချိန်တွေမှာ နားခြင်းသည် စိတ်ဖိစီးမှုကို ကူညီဖြေရှင်းပေးနိုင်စွမ်းရှိကောင်းရှိနိုင်သကဲ့သို့မရှိသည်လည်းဖြစ်နိုင်သည်။ အရေးကြီးဆုံးအချက်မှာ အနားယူပုံယူနည်းဖြစ်သည်။

    ဝေါလ်စရိဂျာနယ်အရ ပန်းခြံထဲကော်ဖီသောက်ရင်းလမ်းလျှောက်ခြင်းသည်ပို၍ စိတ်ဖိစီးမှုနည်းစေသည်ဟုဆိုသည်။

    မကြာသေးမီမှပြုလုပ်သော စစ်တမ်းကောက်ချက်များအရ သဘာဝပတ်ဝန်းကျင်ပုံစံထဲတွင် လမ်းလျှောက်ခြင်းသည် သင်၏အာရုံစိုက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်ဟုဆိုသည်။ သဘာဝကို ကြည့်ရှူနားဆင်ခံစားခြင်းသည် အကျိုးရှိသောစိတ်ဖြစ်လာစေနိုင်သည်။ အမှန်ဆိုရလျှင် ဒေါက်တာ မာ့ခ်ဘားမန်းနှင့် သူ၏အဖွဲ့ဝင် များဖြစ်သည့် မီချီကန် တက္ကသိုလ်မှ သုတေသီများသည် သစ်ရိပ်ဝါးရိပ်ရှိ၍စိမ်းစိုကာ သဘာဝအတိုင်းဖြစ်နေသည့် ခြံထဲတွင် လမ်းလျှောက်သော စမ်းသပ်ခံသူများတွင် မှတ်ဉာဏ်စွမ်းဆောင်ရည် နှင့် အာရုံစူးစိုက်မှုများ 20ရာခိုင်နှုန်းခန့်ပိုမိုတိုးတက်ကောင်းမွန်လာကြောင်းတွေ့ရှိရသည်။

    ထိုသူများကို ရှုပ်ထွေးသော မြို့လမ်းမများအပေါ်လမ်းပေးလျှောက်ကြည့်သောအခါ ထိုကဲ့သို့တိုးတက်မှုများမရှိကြောင်းတွေ့ရှိခဲ့ရသည်။

    တိတ်ဆိတ်သောအခန်းထဲတွင် သဘာဝအလှဓါတ်ပုံများကို ကြည့်ရှူခြင်းသည်ပင်လျှင်ရှုပ်ထွေးသောမြို့လယ်ကောင်တွင် လမ်းလျှောက်ရမှဖြစ်ပေါ်သည့် ဉာဏ်ရည်ထက်ပိုမိုကောင်းမွန်နေကြောင်းသိရှိရသည်။

    ထပ်မံလေ့လာမှုတွင်ကား သုတေသီများသည် တိတ်ဆိတ်သောအခန်းထဲတွင် သဘာဝအလှဓါတ်ပုံများ (သို့) မြို့လယ်ရှိလမ်းမများကို ဆယ်မိနစ်ခန့်နားကာ ကြည့်ရှူစေသည်။ သဘာဝအလှသည်စာရွက်ပေါ်တွင်သာရှိသော်လည်း ဉာဏ်စွမ်းရည်သည် သဘာဝအလှဓါတ်ပုံများကိုကြည့်ရှူအနားယူပြီးနောက် ပိုမို တိုးတက်လာကြောင်းတွေ့ရှိခဲ့ရသည်။ ထိုသို့တိုးတက်မှုသည် သစ်ပင်များကြား လမ်းဖြတ်လျှောက်သောအခါရသော ဉာဏ်စွမ်းရည်တိုးတက်မှုလောက် မကြီးမားသော်လည်း မြို့ထဲလျှောက်သွားသောအခါရသည့်ဉာဏ်စွမ်းထက်တော့ ပို၍များပြားထိရောက်သည်ဟု ဒေါက်တာဘားမန်းမှ ဆိုသည်။

    သင်သည် ပန်းခြံနှင့် သဘာဝပန်းဥယျဉ်ကြီးများ(သို့) သစ်တောအုပ်များကို အပြင်မှာတကယ်မခံစားရသော်လည်း

    ထိုသို့ကြည့်ရှူရာမှတဆင့်အကျိုးကျေးဇူးကိုရရှိနိုင်သေးသည်။

    ဒေါက်တာဘားမန်းမှ “သင်သည်ထိုသို့အကျိုးကျေးဇူးများရရန်အတွက်လမ်းလျှောက်ရန်ပင်အရမ်းမလိုအပ်ပါ။ အကျိုးရရှိရန် သင်ကြိုက်သောအရာများကို

    လက်တွေ့လုပ်ဆောင်ရန်ပင်မလိုအပ်ပါ။”ဟုဆိုသည်။ သဘာဝအလှဓါတ်ပုံများကို ကြည့်ရှူခြင်းသည် စိတ်ဖြင့်မလုပ်ဆောင်ရသောအာရုံစူးစိုက်မှုကို ပေးစွမ်းနိုင်ပြီး အတင်းအာရုံစိုက်ရန်မလိုအပ်ပဲစိတ်ဝင်စားစရာကောင်းနေသည့် ကြည်နူးကျေနပ်စရာဓါတ်ပုံပန်းချီကား(သို့)သဘာဝအလှတို့သည် ကျွန်တော်တို့၏စိတ်များကို ဆွဲဆောင်သွားနိုင်သည်။ ထိုအရာကို သတိပြုမိနေရင်းပင် ကျွန်တော်တို့စကားပြောခြင်း၊တွေးတောခြင်းတို့ကိုပြုလုပ်နိုင်ကြသည်။

    ဆန့်ကျင်ဘက်ပြောရလျှင်ရှူပ်ထွေးနေသောလမ်းမတွင်လမ်းလျှောက်ခြင်းသည် ကြာရှည်စွာ ပင်ပန်းစေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကားများ၊ဆိုင်ကယ်၊စက်ဘီးများနှင့် လူများကိုကျွန်တော်တို့အားလာမတိုက်မိစေရန်သတိထားနေရ၍ဖြစ်သည်။

    အချို့သောသဘာ၀ အကျိုးကျေးဇူးများရရှိရန် လူများသည် သဘာဝပတ်ဝန်းကျင်အနားတွင်နေထိုင်ရန်မလိုအပ်ပါ။

    ပို၍ဆိတ်ငြိမ်သောလမ်းများ၊စိတ်ဝင်စားစရာကောင်းသော သဘာဝအလှများနှင့် မြို့သည်လည်းတူညီသောအကျိုးကျေးဇူးတို့ကို ပေးစွမ်းနိုင်သည်။

    မည်ကဲ့သို့သောသဘာဝအလှများက ဉာဏ်ရည်ကို မြှင့်တင်ပေးနိုင်ကြောင်းကို သုတေသီများမှ လေ့လာဆောင်ရွက်နေဆဲဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Nyan Linn မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement