စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေက သင့်ရဲ့ဘဝမှာ ဖြစ်နေကျပါ။ လေ့ကျင့်ခန်းတွေရဲ့ ကောင်းကျိုးက စိတ်ဖိစီးမှုပြေလျော့နိုင်ရုံသာမက စိုးရိမ်ကြောင့်ကြမှုတွေ၊ သူတို့နဲ့သက်ဆိုင်တဲ့ စိတ်ရောဂါတွေကိုပါ ဖြစ်မလာအောင် တားဆီးပေးပါတယ်။

လေ့ကျင့်ခန်းတွေက စိုးရိမ်ကြောင့်ကြမှုနဲ့ စိတ်ဖိစီးမှုကို လျှော့ပေးနိုင်ကြောင်း လေ့လာနေတဲ့ စိတ်ဆရာဝန်တွေက ၁၀မိနစ်လမ်းလျှောက်ခြင်းက ၄၅မိနစ် လေ့ကျင့်ခန်းလုပ်တာနဲ့တောင် ညီမျှနိုင်တယ်လို့ပြောပါတယ်။ တခြားလေ့လာမှုတွေအရ လေ့ကျင့်ခန်းတွေက လူတချို့ရဲ့ စိတ်ဖိစီးမှုကို ချက်ချင်းမြှင့်တင်ပေးတာ တွေ့ရပါတယ်။ ခဏတာ အကျိုးကျေးဇူးတွေအပြင် လမ်းမြန်မြန်လျှောက်ပေးခြင်းနဲ့ တခြားရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေက နာရီတော်တော်ကြာတဲ့အထိ သင့်ကိုကူညီပေးနိုင်ပါတယ်။ ဥပမာပေးရရင် ခေါင်းကိုက်မှုအတွက် အက်စပရင်သောက်ရသလိုမျိုးပေါ့။ လေ့လာမှုတွေအရ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများတဲ့လူတွေက သာမန်လူတွေထက် စိုးရိမ်ကြောင့်ကြခြင်းနဲ့စိတ်ကျခြင်း ဖြစ်နိုင်ချေနည်းပါတယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ဦးနှောက်ကို စိတ်ဖိစီးမှုတွေ စိုးရိမ်ကြောင့်ကြမှုတွေကို ပိုမိုထိန်းချုပ်စေနိုင်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမှာ ကူညီပေးပါတယ်။ လေ့လာမှုတစ်ခုမှာဆိုရင် လေ့ကျင့်ခန်းမှန်မှန်လုပ်တဲ့သူတွေက ပုံမှန်သူတွေထက် နောက်၅နှစ်အတွင်းစိတ်ဖိစီးမှုနဲ့ တခြားစိတ်ပိုင်းဆိုင်ရာရောဂါဖြစ်နိုင်ချေ ၂၅ရာခိုင်နှုန်းလျော့ကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းတွေသာမကတရားထိုင်ခြင်း ကုထုံးတွေက တချို့လူတွေအတွက် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြခြင်းဖြစ်နိုင်ချေကို လျှော့ချပေးတဲ့အပြင် ဒါကအကြာကြီးခံပါတယ်။ တက်ကြွတဲ့လေ့ကျင့်ခန်းတစ်ချိန်စာက သင့်ရဲ့ရောဂါလက္ခဏာတွေကို နာရီနဲ့ချီပြီး လျှော့ချထားပေးပြီး ဒီလိုလေ့ကျင့်ခန်းမှန်မှန်လုပ်နေခြင်းက ဒီလက္ခဏာတွေကို လျှော့ချချိန်ကြာလေပါဘဲ။
တကယ်လို့သင်က လေ့ကျင့်ခန်းစလုပ်နေပြီဆိုရင် သေချာလုပ်ဖို့ကြိုးစားပါ။ မစရသေးဘူးဆိုရင်တော့ စလုပ်ဖို့အချက်လေးတွေ ပြောပြပေးသွားပါမယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Get Regular Exercise for Mental Health. http://www.webmd.com/fitness-exercise/guide/get-regular-exercise-for-mental-health-topic-overview#1. Accessed January 1st, 2017.
How to look after your mental health using exercise. https://www.mentalhealth.org.uk/publications/how-to-using-exercise

ယခုပုံစံ
10/07/2020
Kyaw Thura Htun မှ ရေးသားသည်။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe