brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သားအိမ်ကင်ဆာဆိုတာ ဘာလဲ

သားအိမ်ကင်ဆာဆိုတာ ဘာလဲ ဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

သားအိမ်ကင်ဆာဆိုတာ ဘာလဲ

သားအိမ်ကင်ဆာဆိုတာ ဘာလဲ ……

သားအိမ်ကင်ဆာ ဆိုတာ အမျိုးသမီးတွေရဲ့ သားလောင်းဖွံ့ဖြိုးရာ အင်္ဂါဖြစ်တဲ့ သားအိမ်မှာ ဖြစ်တဲ့ ကင်ဆာပါ။ သားအိမ်ကင်ဆာက သားအိမ်ရဲ့ မျက်နှာပြင် အနားကွပ် ဆဲလ်တွေမှာ ဖြစ်တာပါ။ သားအိမ်ထဲမှာ ဖြစ်တဲ့ နောက်ထပ် uterine sarcoma(သားအိမ်ကြွက်သား ကင်ဆာ) ဆိုတဲ့ ကင်ဆာ တစ်မျိုးလည်း ရှိပါသေးတယ်။ ဒါပေမယ့် သူက သားအိမ် ကင်ဆာလောက် လူသိမများပါဘူး။ သားအိမ်ကင်ဆာကို ပုံပန်းသွင်ပြင် ပြောင်းလဲမှုကြောင့် ရှာဖွေတွေ့ရှိမှာ ဖြစ်ပြီး သူ့ကြောင့် မိန်းမကိုယ် ပုံမှန် မဟုတ်ဘဲ သွေးယိုခြင်း ဖြစ်လာတတ်ပါတယ်။ အဲဒီအခါမှာ ဆရာဝန်ဆီ ချက်ချင်းသွားဖို့ လိုပါတယ်။ တကယ်လို့ သားအိမ်ကင်ဆာ ရှိတာ စောစော သိခဲ့ရင် သားအိမ်ကို ဖြတ်ထုတ်ခြင်း နည်းဖြင့် ကာကွယ်နိုင်ပါလိမ့်မယ်။

ဖြစ်ရသောအကြောင်းအရင်းများ

သားအိမ်ကင်ဆာက သားအိမ်ထဲမှာ ဖြစ်တတ်တဲ့ ကင်ဆာတွေထဲမှာ လူသိအများဆုံး ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရလဲ ဆိုတဲ့ တိတိကျကျအကြောင်းပြချက်တော့ မရှိပါဘူး။ မဟော်မုန်းဓါတ် လွန်ကဲခြင်းက ဒီလို ဖြစ်စေတာ ဖြစ်နိုင်ပါတယ်။ မဟော်မုန်းတွေက သားအိမ်မျက်နှာပြင် အနားကွပ်တွေကို တည်ဆောက်ဖို့ အားပေးပါတယ်။ ဒါက သားအိမ် မျက်နှာပြင်သားတွေကို ကြီးထွားမှု လွန်ကဲပြီး ကင်ဆာဖြစ်လာစေနိုင်ပါတယ်။

သားအိမ်ကင်ဆာ အဖြစ်အများဆုံးက အသက် ၆၀ နဲ့ ၇၀ ကြားမှာပါ။ တချို့ အခြေအနေတွေမှာတော့ အသက် ၄၀ မတိုင်ခင် ဖြစ်နိုင်ပါတယ်။

အောက်ဖော်ပြပါ အချက်တွေက မဟော်မုန်းကို တိုးစေပြီး ကင်ဆာဖြစ်နိုင်ခြေကို မြင့်စေပါတယ်။

• progesterone မသုံးဘဲ မဟော်မုန်း အစားထိုးခြင်း

• သားအိမ်မျက်နှာပြင်သားများ မူမမှန် ကြီးထွားဖူးခြင်း

• ရာသီ မမှန်ခြင်း

• ကိုယ်ဝန် မဆောင်ဖူးခြင်း

• အဝလွန်ခြင်း

• Polycystic ovary syndrome (PCOS)ဆိုတဲ့ မမျိုးဥ ဟော်မုန်း ရောဂါတစ်မျိုး ရှိခြင်း

• အသက် ၁၂ နှစ် မတိုင်ခင် ရာသီစလာခဲ့ခြင်း

• အသက် ၅၀ ကျော် သွေးဆုံးခြင်း

• ရင်သားကင်ဆာအတွက် သုံးတဲ့ဆေး Tamoxifen သုံးဖူးခြင်း

အောက်ပါ အခြေအနေတွေ ရှိတဲ့ အမျိုးသမီးတွေလည်း သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။

• အူမကြီးကင်ဆာ ဒါမှမဟုတ် ရင်သားကင်ဆာ ရှိခြင်း

• ဆီးချို ရှိခြင်း

• သည်းခြေရောဂါ ရှိခြင်း

• သွေးတိုး ရှိခြင်း

ရောဂါရှာဖွေခြင်း

သားအိမ်ကင်ဆာက အများသောအားဖြင့် အစပိုင်း အဆင့်တွေမှာပဲ တွေ့ရတတ်ပါတယ်။

တကယ်လို့ ကင်ဆာက မပြန့်သေးရင် ၉၅ ရာခိုင်နှုန်းသော အမျိုးသမီးတွေက ငါးနှစ် နောက်ပိုင်းမှာ အသက်ရှင်ပါတယ်။ တကယ်လို့ကင်ဆာက တခြားအစိတ်အပိုင်းတွေဆီ ပြန့်သွားရင်တော့ ငါးနှစ်နောက်ပိုင်းမှာ ၂၅ ရာခိုင်နှုန်းသော အမျိုးသမီးတွေပဲ အသက်ရှင်နိုင်ပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲရောဂါများ။

• သွေးဆုံးရှုံးမှုကြောင့် သွေးအားနည်းခြင်း (ကင်ဆာမှန်း စမသိခင်)

• သားအိမ်မှာအပေါက်ဖြစ်ခြင်း၊ ဒါက အဆင့် D နဲ့ C ဒါမှမဟုတ် endometrial biopsy မှာ ဖြစ်နိုင်ပါတယ်

• ခွဲစိတ်မှု၊ ဓါတ်ကင်မှုနဲ့ ဓါတုကုထုံးတို့ကြောင့် ပြဿနာဖြစ်ခြင်း စတာတွေပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/02/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။