backup og meta

ညဉ့်မနက်ခင် စောစော အိပ်စက် ရင် သင် အရမ်းကျန်းမာလာမယ်ဆိုတာ သိပါလေစ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညဉ့်မနက်ခင် စောစော အိပ်စက် ရင် သင် အရမ်းကျန်းမာလာမယ်ဆိုတာ သိပါလေစ

    ညဉ့်မနက်ခင် စောစော အိပ်စက် ရင် သင် အရမ်းကျန်းမာလာမယ်ဆိုတာ သိပါလေစ …. အိပ်စက် ခြင်းဟာ လူ့ကျန်းမာရေးနဲ့ အမြဲဆက်စပ်နေတတ်ပါတယ်။ လူတစ်ယောက်ကျန်းမာရွှင်လန်းစွာ ရှင်သန်နေထိုင်ချင်တယ်ဆိုရင် အိပ်စက်ချိန်ကို သတိထားဖို့ လိုအပ်မှာပါ။

    ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ ည ၉ နာရီနဲ့ ၁၀ နာရီဝန်းကျင်တွေမှာ အိပ်စက်ဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းကြပါတယ်။ ဒီအချိန်မှာစတင်အိပ်စက်ပြီး ပျမ်းမျှ ၆-၈ နာရီလောက် အိပ်စက်ပေးဖို့လည်း အကြံပေးတတ်ကြပါတယ်။

    အကြောင်းကတော့ အိပ်ရာဝင်နောက်ကျခြင်းနဲ့ အိပ်ရေးပျက်ခြင်းတို့ဟာ ဆက်စပ်နေတာကြောင့်ပါ။ အိပ်ရေးမဝဘူးဆိုရင် သင့်ကျန်းမာရေးဟာလည်းထိခိုက်လာနိုင်ပါတယ်။ ပြောင်းပြန်အနေနဲ့ အိပ်ရာစောစောဝင်ပြီး အိပ်ရေးဝဝအိပ်မယ်ဆိုရင် သင့်ကျန်းမာရေးကို အကျိုးရှိစေမှာပါတဲ့။

    ညဉ့်မနက်ခင် စောစော အိပ်စက် ရင် သင် အရမ်းကျန်းမာလာမယ်ဆိုတာ သိပါလေစ

    တကယ်လို့သင်သာ သန်းခေါင်မတိုင်ခင် ဒါမှမဟုတ် ည ၉ နာရီနဲ့ ၁၀ နာရီအကြားမှာ ပုံမှန် အိပ်စက်မယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေ ရလာမှာပါ။

    ၁။ ကိုယ်အလေးချိန်ထိန်းပေးနိုင်တယ် – ညဉ့်နက်မှ အိပ်လေလေ ကိုယ်အလေးချိန်တိုးလေလေပါ။ ဒါကြောင့် စောစောစီးစီးအိပ်ရာဝင်တာက သင့်ကို ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးနိုင်ပါတယ်။

    ၂။ အိပ်မက်ဆိုးတွေ ကင်းဝေးစေမယ် – ညည အိပ်မက်ဆိုးတွေ မက်တက်သူတွေဟာ ညဉ့်နက်သန်းခေါင်မှ အိပ်စက်တတ်သူတွေလို့ လေ့လာချက်တွေကဆိုပါတယ်။ ညဉ့်နက်မှ အိပ်ယာဝင်ခြင်းဟာ stress hormone တွေကို တိုးပွားစေတာမို့ ခုလိုအိပ်မက်ဆိုးတွေ၊ ဘီလူးစီးတာတွေဖြစ်လာစေတာဖြစ်ပါတယ်။

    ၃။ ပိုပြီး ပျော်ရွှင်စေမယ် – အိပ်ရာဝင်တာစောပြီး အိပ်ချိန်လုံလောက်တဲ့သူတွေဟာ အိပ်ရာထရင်လည်း ကြည်လင်လန်းဆန်းနေတတ်ပါတယ်။ စိတ်လန်းဆန်းတက်ကြွနေတဲ့ လူတစ်ယောက်က စိတ်ချမ်းသာပျော်ရွှင်နေမှာ ဖြစ်ပါတယ်။

    ၄။ သောကင်းမယ် – အိပ်ရာဝင်ချိန်နောက်ကျလေလေ ပူပင်သောကများလေလေပါပဲ။ ဒါမှမဟုတ် ပူပင်သောကများပြီး ဟိုတွေးဒီတွေး တွေးမိနေလို့ အိပ်မပျော်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီနှစ်ခုက ဆက်စပ်နေတာကိုး။ အကောင်းဆုံးကတော့ စောစောအိပ်ရာဝင်နိုင်ရင် သောကတွေကို အများကြီးလျှော့ချပေးနိုင်တယ်ဆိုတာပါပဲ။

    ၅။ အာရုံစူးစိုက်မှု အားကောင်းမယ် – အိပ်ရာကနေ လန်းဆန်းတက်ကြွစွာ ထလာနိုင်တာကြောင့် တစ်နေ့တာလုံးမှာ အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ လုပ်နိုင်ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ အကြံပေးချက်တွေအရဆိုရင်တော့ ည ၁၁ နာရီခွဲမတိုင်ခင် အိပ်စက်တာက နောက်ရက်မှာ အာရုံစူးစိုက်မှုကို အားကောင်းစေပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်တဲ့။

    ၆။ ကျန်းမာရေးကောင်းစေမယ် – အိပ်ရာဝင်တာ နောက်ကျတဲ့အခါ ခန္ဓာကိုယ်က ပိုပြီးပင်ပန်းနွမ်းနယ်လာတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ဟာ ဘက်တီးရီးယားတွေကို တွန်းလှန်ရာမှာ အားနည်းသွားပြီး ကျန်းမာရေးကို ထိခိုက်စေမှာပါ။ ဒါကြောင့် စောစောစီးစီးအိပ်စက်တဲ့အခါ ရောဂါပိုးမွှားဒဏ်ကို ခံနိုင်စွမ်းမြင့်မားမှာဖြစ်တာမို့ ပိုကျန်းကျန်းမာစေမှာ ဖြစ်ပါတယ်။

    ၇။ အသားအရေလှမယ် – စောစောအိပ်တဲ့အခါ ခန္ဓာကိုယ်က စောစောစီးစီးနဲ့ အချိန်လုံလုံလောက်လောက်လည်း အနားယူခွင့်ရတာမို့ အရေပြားဆဲလ်တွေ ပြန်လည်ပြုပြင်တဲ့လုပ်ငန်းစဉ်ကို ကောင်းကောင်းအချိန်ယူပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် အသားအရေကြည်လင်ပြီး အမည်းစက်တွေ ထွက်ပေါ်တာမျိုးလည်း နည်းလာမှာပါ။

    ၇။ အမျိုးအစား ၂ ဆီးချိုကို တားဆီးပေးတယ် – အိပ်ရာဝင်တာနောက်ကျတဲ့လူတွေဟာ စောစောအိပ်ရာဝင်သူတွေထက် ဆီးချိုဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ အိပ်ချိန်စက်ဝန်းဟာ ဆီးချိုရောဂါကာကွယ်နိုင်စွမ်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့်ပါ။

    ၉။ မျိုးပွားနိုင်စွမ်း မြင့်မယ် – အိပ်ချိန်နောက်ကျတဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ရနိုင်ခြေ၊ ကလေးရနိုင်ခြေ လျော့နည်းသွားတတ်ပါတယ်။ အမျိုးသားတွေမှာတော့ ဒီအချက်က သိပ်ပြီးမသက်ရောက်ပါဘူး။

    ၁၀။ မှတ်ဉာဏ်ကောင်းမွန်လာမယ် – အကြောင်းအရာတွေကို ရုတ်တရက် မေ့နေတာမျိုး၊ စဉ်းစားရခက်နေတာမျိုး ကြုံဖူးကြမှာပါ။ ဒီအချက်က အိပ်ရေးမဝတာ၊ အိပ်ရာဝင်ချိန်နောက်ကျတာတွေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ အိပ်ရေးဝရင် အာရုံစူးစိုက်မှုကောင်းရုံတင်မကပါဘူး၊ သင့်မှတ်ဉာဏ်ပါ ကောင်းမွန်နေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement