backup og meta

အိပ်ရေးမဝခြင်းရဲ့ ကြောက်စရာဆိုးကျိုးတွေ သင်တွေးမိရဲ့လား

ညဘက် Battleလေး ဆိုင်လိုက်၊ Chattingလေးဝင်လိုက်၊ဖေ့စ်ဘုတ်လေး ပွတ်လိုက်နဲ့ ညဉ့်နက်နေကျမလား။ သူများတွေ တရေးနိုးတဲ့အချိန်လည်း ဇီးကွက်လေးတွေကအေးဆေးပဲ။ အွန်လိုင်းလေးတက်နေတုန်း။ ဒါပေမယ့် အိပ်ရေးပျက်တာကနေဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို မတွေးမိဘူးမလား။

အိပ်ချိန်မလုံလောက်တဲ့အခါ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေ တစ်ခုချင်းစီမှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ညက အိပ်ရေးပျက်ထားရင် နောက်နေ့ တစ်နေ့လုံး စိတ်မကြည်၊ အဆင်မပြေတော့ဘူးဆိုတာ သိထားပြီးသားဖြစ်မှာပါ။ ဒါတင်မကသေးဘဲ မှတ်ဉာဏ်မှာရော၊ ကျန်းမာရေး၊ ရုပ်အသွင်အပြင်နဲ့ ကိုယ့်ရဲ့အရည်အချင်းစွမ်းဆောင်ရည်တွေမှာပါ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာရော သင်သိပါသလား။

ညညအိပ်ချိန်နည်းမယ်၊ ဆက်တိုက်အိပ်ရေးပျက်နေမယ်ဆိုရင် –

(၁) ဉာဏ်က ထုံထိုင်းလာနိုင်တယ်

အိပ်ရေးပျက်ရင် တွေးခေါ်နိုင်စွမ်း၊ သင်ယူလေ့လာနိုင်စွမ်းတို့လို ဉာဏ်စွမ်းရည်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေအားနည်းလာပြီး ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်။

(၂) စိတ်ကျရောဂါ ဖြစ်လာနိုင်တယ်

ညအိပ်မပျော်ခြင်းက စိတ်ကျရောဂါနဲ့ဆက်နွယ်နေပါတယ်တဲ့။ အိပ်ရေးပျက်ထားရင် လူက ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ၊ လေးတိလေးကန်ထိုင်းမှိုင်းမယ်၊ စိတ်ဆတ်မယ်၊ စိတ်ညစ်ညူးနေမယ်။ ဘာမှအလုပ်မဖြစ်တော့ စိတ်ဓာတ်ကျတဲ့အတွေးတွေဝင်လာနိုင်တယ်။

(၃) ရုပ်ပိုရင့်စေတယ်

အအိပ်မမှန်ရင် အသားအရေညစ်ပြီး အရေးအကြောင်းတွေ၊ မျက်ကွင်းညိုတာတွေ ဖြစ်စေနိုင်တယ်လေ။ အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်က cortisol ဟော်မုန်းတွေပိုထွက်လာပြီး အသားအရေချောမွေ့စေဖို့၊ တင်းရင်းစေဖို့ထိန်းသိမ်းပေးတဲ့ skin collagen တွေကို ပျက်စီးစေပါတယ်။ ရလဒ်ကတော့ အသားမလှတော့ဘူး၊ မစိုပြည်တော့ဘူး၊ ရုပ်ပိုရင့်လာနိုင်တယ်။

(၄) နောက်ပိုင်းမှာ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်လာနိုင်တယ်

နောက်ဆက်တွဲပြဿနာအနေနဲ့ နှလုံးရောဂါ၊ သွေးတိုး၊ အဝလွန်ခြင်း စတဲ့ ရောဂါဆိုးတွေ ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတယ်။

(၅) ပိုဝလာနိုင်တယ်

အိပ်ရေးပျက်ရင် ပိုဆာတယ်၊ အစာစားချင်စိတ်ပိုဖြစ်လာနိုင်တယ်တဲ့။ အဆီများ၊ အချိုများပြီး ကျန်းမာရေးနဲ့မညီတာတွေကိုမှ ပိုစားချင်တတ်တာဖြစ်လို့ အဝလွန်ခြင်းကို ဦးတည်လာနိုင်တယ်။ အိပ်ရေးမဝတဲ့အခါ Leptin ဟော်မုန်း ပမာဏကိုလျော့စေပြီး ဆာလောင်မှုကိုနှိုးဆွတဲ့ Ghrelin ပမာဏကိုတိုးစေလို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်နှမျောရင် ညတိုင်း အနည်းဆုံး ၇ နာရီကနေ ၈ နာရီ လောက် အိပ်ချိန်ပေးပါလို့ အကြံပြုလိုက်တယ်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.practo.com/healthfeed/5-dangers-of-not-sleeping-enough-4963/post?utm_campaign=sleep110718&utm_medium=bnotif&utm_source=marketing_b2c_bnotif

Accessed May 3, 2019.

ယခုပုံစံ

09/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်ချိန်မှန်ရဲ့သားနဲ့ ဘာလို့ အိပ်ရေးမဝသလို ခံစားနေရတာလဲ

မနက်အိပ်ရာထ မလုပ်သင့်တဲ့ အမှား (၉) ခု


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement