backup og meta

ဖြည့်စွက်စာတွေက သင့်ကို လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေသလား

အံ့ဩသွားလား။ ဟုတ်ပါတယ် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းနေသူတွေ၊စိတ်မပါလက်မပါ ဖြစ်နေသူတွေ မပူပါနဲ့တော့။ ဘာလို့လဲဆိုတော့ သင့်လက်တကမ်းအကွာမှာ ရှာဖွေရလွယ်ကူပြီး အရသာရှိလှတဲ့ အစားအစာတွေက သင့်ကို ကယ်တင်ဖို့ စောင့်ဆိုင်းနေလို့ပါပဲ။ ဒီဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည့်ပြီး သင့်ရဲ့ စွမ်းဆောင်ရည်တွေကို အဆုံးစွန်ထိ မြှင့်တင်ပေးမယ့် အစားအစာငါး၅မျိုးအကြောင်း လေ့လာလိုက်ပါ။

၁။ ချောကလက် အမည်း

ချောကလက်စားတာဟာ ခံတွင်းလိုက်စေရုံသာမက သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးပါလိမ့်မယ်။ ချောကလက် အမည်းတွေရဲ့ ၇၀ရာခိုင်နှုန်းမှာ ကိုကာ ပါဝင်ပါတယ်။ ကိုကာဟာ ဒိုပါမင်းဓါတ် အလျှံပယ်ပါဝင်တာကြောင့် ချောကလက်အမည်းကို လုံလောက်စွာ စားပေးမယ်ဆိုရင် သင့်ဦးနှောက်ထဲမှာ ဒိုပါမင်းပမာဏ မြင့်မားနေပါလိမ့်မယ်။ ဒိုပါမင်းရဲ့ နောက်နာမည်တမျိုးက “သာယာမှုကို ပေးနိုင်တဲ့ ဓါတုပစ္စည်း” ဖြစ်ပါတယ်။ ဒီနာမည်အတိုင်းပဲ ဒိုပါမင်းဟာ သင့်ကို စိတ်တက်ကြွစေ၊စိတ်လက်သက်တောင့်သက်သာရှိစေပြီး သင့်ခန္ဓါကိုယ်ရဲ့ တုန့်ပြန်မှုကို မြင့်မားစေပါတယ်။

၂။ ဂျင်ဆင်း

လေ့လာချက်တွေအရ သွေးဆုံးချိန်ရောက်နေတဲ့ အမျိုးသမီးတွေအနေနဲ့ ဂျင်ဆင်းဆေးတောင့်၁ဂရမ်ကို တနေ့သုံးတောင့်နှုန်းနဲ့ ၂ပတ်တိတိသောက်ပေးရင် လိင်ပိုင်းဆိုင်ရာ တက်ကြွမှုကို မြင့်မားစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဂျင်ဆင်းဟာ အမျိုးသားတွေမှာဆိုရင် ပန်းသေပန်းညှိုးခြင်းကိုလည်း ကုသပေးနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဂျင်ဆင်းသောက်ရင် အိပ်မပျော်တာမျိုးတော့ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဖြည့်စွက်အားဆေးကို သုံးစွဲတော့မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေကနေ ရှောင်ရှားနိုင်ဖို့(ဥပမာ ဝမ်းလျှောတာမျိုး၊အမျိုးသမီးတွေမှာဆိုရင် ဓမ္မတာလာစဉ်ကိုက်ခဲတာမျိုး)အတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြံဉာဏ်နဲ့ လမ်းညွှန်မှုတွေကို တောင်းခံရပါမယ်။

၃။ ထောပတ်သီး

ထောပတ်သီးကို ကပ္ပါယ်အိတ်လို့ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကာလက ရှေးဟောင်းAztecsလူမျိုးတွေက ခေါ်လေ့ရှိကြပါတယ်။ ဒီအသီးရဲ့ ပုံပန်းသွင်ပြင်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထောပတ်သီးက သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကူညီမြှင့်တင်ပေးနိုင်တဲ့ အကြောင်းရင်းကတော့ သူ့မှာ ကောင်းမွန်တဲ့ အဆီဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး မကောင်းတဲ့ အဆီဓါတ်ကတော့ အနည်းငယ်သာ ပါဝင်တာကြောင့်ဖြစ်ပါတယ်။ ဒီလို အနေအထားတွေကြောင့် ထောပတ်သီးဟာ လိင်အားကို တိုးစေတဲ့ အစားအစာတခုဖြစ်ရုံသာမက သင့်နှလုံးနဲ့ သွေးကြောတွေအတွက်လည်း အထူးကောင်းမွန်ပါတယ်။ နှလုံးအားကောင်းလေလေ သင်အိပ်ယာထက်မှာပိုပြီး လှုပ်ရှားနိုင်လေပဲပေါ့။ ဘာလို့လဲဆိုတော့ နှလုံးရောဂါအခံရှိတဲ့ အမျိုးသားတဦးဟာ ပုံမှန်အမျိုးသားတဦးထက် ပန်းသေပန်းညှိုးဖြစ်နိုင်ချေ နှစ်ဆလောက်ပိုလို့ပဲ ဖြစ်ပါတယ်။

၄။ ဗာဒံ

ဗာဒံဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာပြေစားစရာတခု ဆိုတာထက် ပိုပါတယ်။ ဗာဒံဟာ လိင်စိတ်ကို နှိုးဆွပေးနိုင်တဲ့ စားစရာတခုဖြစ်ပြီး မျိုးအောင်ဖို့ကိုလည်း အားပေးပါသတဲ့။ ကညွတ်လိုပဲ ဗာဒံဟာလည်း အာဟာရဓါတ်ကြွယ်ဝပြီး သတ္တုဓါတ်တွေလည်း ပါဝင်တာကြောင့် မျိုးပွားတဲ့ ဖြစ်စဉ်ကို ကောင်းကောင်းကြီးအကူအညီဖြစ်စေပါတယ်လို့ ဆိုပါတယ်။ဥပမာ ဇင့်ဓါတ်(လိင်စိတ်ကို အားပေးပါတယ်)၊selenium ၊ဗီတာမင်အီး အစရှိသဖြင့် အာဟာရနဲ့ သတ္တုဓါတ်များစွာ ပါဝင်ပါတယ်။

၅။ ပင်လယ်စာ

တချို့လူတွေဟာ အနံ့နဲ့ ပုံစံတို့ကို မကြိုက်တာကြောင့် ပင်လယ်စာတွေကို စားဖို့ လက်တွန့်လေ့ရှိကြပါတယ်။ ဒါပေမယ့် ပင်လယ်စာတွေဟာ လိင်အားကောင်းစေတဲ့ ဇင့်ဓါတ်ကို ပေးနိုင်တဲ့ အဓိကရင်းမြစ်တွေထဲက တခုဖြစ်တယ်ဆိုတဲ့ အချက်ကို သူတို့ရဲ့ အနံ့နဲ့ ပုံစံက မဖျက်စီးနိုင်ပါဖူး။ ဒါ့အပြင် ပင်လယ်စာ အများအပြားဟာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြင့်မားစေတဲ့ အစားအစာတွေ ဖြစ်ကြပါတယ်။ဥပမာ ဆယ်လ်မွန်ငါးနဲ့ ဟဲရင်းငါးတို့ရဲ့ အဆီဟာ လိင်အားတိုးဆေးအဖြစ် ဆောင်ရွက်ပေးနိုင်ရုံသာမက နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ omega-3-fatty acid နဲ့တခြားသော ကောင်းမွန်တဲ့ fatty acid တွေလည်း ပါဝင်ပါသေးတယ်။

အံ့ဩဖို့ကောင်းတာက အစားအစာတွေဟာ ဗိုက်ပြည့်စေရုံတင်မကဘဲ သင့်ရဲ့ စွမ်းဆောင်ရည်ပါ မြင့်မားစေပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ အစားအစာငါးမျိုးကို မှတ်ထားပါ။ သူတို့ဟာ သင့်ကို အားကောင်းမောင်းသန် ဖြစ်သွားစေပါလိမ့်မယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားလေးကိုလည်း စိတ်ထဲမြဲမြဲ မှတ်ထားရပါမယ်။ ထပ်သိချင်တာတွေရှိတာ ဒါမှမဟုတ် အကြံဉာဏ်လမ်းညွှန်မှုတွေလိုချင်သေးတယ်ဆိုရင်တော့ သင့်ဆရာဝန်နဲ့ ဆွေးနွေးမေးမြန်းနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can Supplements Help Your Sex Life? http://www.webmd.com/a-to-z-guides/prevention-15/vitamins/sex-drive-supplements?page=4 Accessed day December 20, 2016

10 Best Herbs for Boosting Female Sex Drive http://www.globalhealingcenter.com/natural-health/10-best-herbs-boosting-female-sex-drive/ Accessed day December 20, 2016

7 Foods for Better Sex http://www.health.com/health/gallery/0,,20307213,00.html#figs-1
Accessed day December 20, 2016

 

ယခုပုံစံ

10/02/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့အနိုင်ကျင့်ခံရမှု

သင့်ကလေးက သူ့ရဲ့ လိင်နဲ့ ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေရင် ဘယ်လိုကူညီမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement