backup og meta

အမျိုးသားတွေဟာ ညစ်ညမ်းခွေတွေကို ဘာလို့ ကြိုက်ကြတာလဲ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေဟာ ညစ်ညမ်းခွေတွေကို ဘာလို့ ကြိုက်ကြတာလဲ။

    သင့်ရည်းစားအပါအဝင် အမျိုးသားတွေဟာညစ်ညမ်းခွေတွေကို ကြိုက်နှစ်သက်ကြပါတယ်။ အမျိုးသမီးတွေရောပါပဲ။ အမျိုးသားတွေဟာအမြင်အာရုံခံစားမှုတွေကို ကြိုက်နှစ်သက်တာကြောင့် ညစ်ညမ်းခွေကြည့်သူတွေအများစုဟာအမျိုးသားတွေ ဖြစ်နေတတ်ပါတယ်။ Pew Internet and American Life Project ရဲ့ စစ်တမ်းတစ်ခုအရအမျိုးသားအင်တာနက် အသုံးပြုသူတွေရဲ့ ၂၆ရာခိုင်နှုန်းဟာညစ်ညမ်းတဲ့ ဝက်ဘ်ဆိုဒ်တွေကိုဝင်ကြည့်ကြပြီးတော့ အမျိုးသမီးတွေကတော့ ၃ရာခိုင်နှုန်းသာရှိပါတယ်။ ၂၀၀၆ မှာညစ်ညမ်းကားလုပ်ငန်းဟာဒေါ်လာ ၁၃ ဘီလီယံရရှိခဲ့ပါတယ်။

    ဒါဟာမသိကျွမ်းသူတွေနဲ့ လိင်ဆက်ဆံတာထက်စာရင် ပိုစိတ်ချရပါတယ်။

    ဒါဟာအိမ်ထောင်မကျသေးတဲ့ အမျိုးသားတွေကိုရည်ညွှန်းပေမယ့်လည်းမှန်ကန်နေပါတယ်။ တွေ့တဲ့သူနဲ့ တွဲပြီးလိင်ဆက်ဆံတာဟာလိင်မှတစ်ဆက်ကူးစက်တတ်တဲ့ ရောဂါတွေ ပိုမို ဖြစ်ပွားစေပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ လိုအပ်ချက်တွေကိုရောဂါမရရှိစေပဲဖြည့်ဆည်းနိုင်ဖို့အတွက်ညစ်ညမ်းကားတွေဟာလုံခြုံစိတ်ချရတဲ့ အစားထိုးတွေ ဖြစ်ပါတယ်။

    အမျိုးသားတွေဟာအမြင်အာရုံနှိုးဆွခြင်းအားဖြင့် သာယာမှု ရရှိနိုင်ပါတယ်။

    အမျိုးသားတွေရဲ့ ဦးနှောက်ဟာလိင်မှုဆိုင်ရာသာယာမှုကိုအလွယ်တကူရရှိနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာဘယ်လိုအချိန်မျိုးဖြစ်ဖြစ် လိင်ဆက်ဆံရန် အဆင်သင့်ဖြစ်နေခြင်း ဖြစ်ပါတယ်။ အလွယ်တကူရရှိနိုင်တဲ့ အွန်လိုင်းညစ်ညမ်းကားတွေနဲ့အတူအခွင့်အရေးတွေဟာအမြဲရှိနေပါတယ်။ ဒါ့ပြင် အမျိုးသားတွေကလည်းဒါတွေကို ကြည့်ချင်ပါတယ်။

    ခန္ဓါကိုယ်အနေအထားပြောင်းလဲမှုကိုအမျိုးသားတွေကြိုက်နှစ်သက်ပါတယ်။ ညစ်ညမ်းကားကြည့်နေချိန်မှာအမျိုးသားတွေ ထိုင်ပြီး ကြည့်ကာသာယာနေစဉ်မှာပဲကင်မရာဟာသူ့အလုပ်သူလုပ်ပါတယ်။

    စိတ်ကူးအာရုံတွေကိုပျံသန်းခွင့်ပေးလိုက်ပါ။

    လူတွေဟာသူတို့မြင်ရတဲ့ အရောတွေနဲ့ အမြဲဆက်စပ်တွေးတောလေ့ရှိပါတယ်။ ဒါ့ကြောင့်သာကိုယ်တိုင်မြင်တွေ့နေရတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို ကြည့်ရှုရခြင်းဟာအိမ်မှာသီချင်းနားထောင်ရတာထက် ပိုပြီးစိတ်ကျေနပ်ဖို့ ကောင်းနေတာဖြစ်ပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ညစ်ညမ်းကားရိုက်တဲ့ အမျိုးသားအတော်များများဟာလည်းသူတို့ဘာလုပ်နေလဲဆိုတာသေချာသိပုံပေါ်ပါတယ်။ အမျိုးသားတွေ ညစ်ညမ်းကားကြည့်ရင် သူတို့ဟာသူတို့ကိုယ်သူတို့ ညစ်ညမ်းကားရိုက်တဲ့ အမျိုးသားနေရာကဝင်ခံစားပါတယ်။ ဒါဟာခဏလေးပေမယ့် ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးမြှင့်ဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

    အပန်းဖြေဖို့ နည်းလမ်းတစ်ခုအနေနဲ့ပါ။

    အမျိုးသမီးအတော်များများအတွက်ကတော့ စိုးရိမ်စရာမရှိပါဘူး။ အမျိုးသားတစ်ယောက်ကိုဆွဲဆောင်နေတဲ့ ဘယ်လိုကားမျိုးဖြစ်ဖြစ် ဒါဟာသူ့ လိင်ဆက်ဆံဖက်ကိုရည်ရွယ်တာမဟုတ်ပါဘူး။

    အမျိုးသားအများစုဟာညစ်ညမ်းကားတွေကိုအမြန် တစ်ကိုယ်ရည် ဆန္ဒဖြေဖျောက်ဖို့ အသုံးပြုကြပါတယ်။ သူတို့မှာစိတ်ကျေနပ်ဖွယ် လိင်ဆက်ဆံမှု တစ်ခုရှိရင်တောင်မှ ညစ်ညမ်းကား ကြည့်တာမျိုးလုပ်တတ်ပါတယ်။ အမျိုးသမီးတွေဟာအမျိုးသားတွေ တစ်ယောက်တည်း ဆန္ဒဖြေဖျောက်ခြင်းကိုမကျေနပ်ကြပေမယ့် တကယ်တော့ ဒါဟာပုံမှန်အမျိုးသားအများစုဟာပုံမှန်ကို ပြုလုပ်ကြတာပါ။

    အမျိုးသားတွေဟာညစ်ညမ်းခွေကြည့်ပြီးလိင်စိတ်ဖြေဖျောက်ခြင်းကို ပြင်းထန်ပြီးရိုးရှင်းတဲ့ စိတ်ဖြေဖျောက်စရာအဖြစ် ဆိုကြပါတယ်။ ဒါဟာသူတို့အိမ်မှာမရနိုင်တာတွေကို ကြည့်ရှုပြုမူနေခြင်းလုံးဝမဟုတ်ပါဘူး။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement