brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးများ - နှစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း

Thirdhand smoke ဆိုတာ ဘာလဲ ၊ ဘာကြောင့် အရေးကြီးတာလဲ

ဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးများ - နှစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း

မမြင်သာသော အန္တရာယ်ပေးမှုများ

တွေ့ရှိချက်အသစ်ဖြစ်တာမို့ ဒီအငွေ့တွေဟာ ဘယ်လောက်ကြာအောင် ရှိနေနိုင်တယ်ဆိုတာ ဘယ်သူမှမသိကြသေးပါဘူး။ လွန်ခဲ့တဲ့နှစ်၂၀အတွင်း ဆေးလိပ်သောက်သူ မရှိခဲ့တဲ့ အိမ်တွေရဲ့ နံရံတွေ၊ ဖုန်မှုန့်တွေမှာတောင် တွေ့နေရတယ်လို့ ဆိုပါတယ်။ အဲဒီဓါတ်ငွေ့အကြွင်းအကျန်တွေကြောင့် အထိခိုက်နိုင်ဆုံးကတော့ ကလေးငယ်တွေပါပဲ။ သူတို့ဟာ ကြမ်းပြင်ပေါ်မှာ လေးဖက်သွားတယ်၊ ကော်ဇောပေါ် အိပ်တယ်၊ ပရိဘောဂတွေကို ပါးစပ်နဲ့ ကိုက်ကြည့်တယ်၊ အဲဒါတွေအားလုံးဟာ thirdhand smoke အငွေ့တွေနဲ့ ပြည့်နေတဲ့ နေရာတွေချည်းပါပဲ။ သုတေသီတချို့ကတော့ ကင်ဆာအပြင် ပန်းနာရင်ကြပ်နဲ့ ဓါတ်မတည့်တဲ့ရောဂါတို့လို တခြားသော ကျန်းမာရေးပြဿနာတွေပါ ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဟိုတယ်တွေမှာ ဆေးလိပ်သောက်သူရဲ့ အခန်းကို တံမြက်စည်းလှဲ၊ ဖုန်စုပ်၊ အခင်းလဲရတဲ့သူတွေ၊ ရှင်းလင်းပေးရတဲ့သူတွေဟာ ဒီအငွေ့တွေနဲ့ ထိတွေ့မှုမှာ ဆေးလိပ်ငွေ့တွေရှိနေတဲ့ အခန်းထဲမှာ ရက်အနည်းငယ်နေသွားတဲ့ ဧည့်သည်တွေထက် ပိုများပါတယ်။ ဘယ်လောက်ပမာဏထိ ထိတွေ့ရင် ကျန်းမာရေး ထိခိုက်မယ်ဆိုတာမျိုး မပြောနိုင်သေးပေမယ့် ယခင်က ဆေးလိပ်သောက်ခွင့်ပြုခဲ့တဲ့ နေရာတွေမှာလည်း ဒီအငွေ့တွေဟာ ကျန်သင့်သလောက် ကျန်နေလိမ့်မယ်ဆိုတာ သေချာပါတယ်။ ဆေးလိပ်သောက်သူ ပိုင်ဆိုင်ဖူးတဲ့ အိမ်ကို ပြောင်းရွှေ့လာမယ်ဆိုလည်း ဒီလိုပဲ ကြုံတွေ့နိုင်ပါတယ်။ ဒီအငွေ့တွေဟာ ဖယ်ရှားဖို့လည်း ခက်တာမို့ ကြမ်းခင်းတွေအကုန် ခွာလိုက်တာမျိုးထိ မလုပ်နိုင်ရင် ဒီအငွေ့တွေကလည်း ဆက်ရှိနေဖို့များပါတယ်။

ဘယ်လိုရှောင်ရှားလို့ ရမလဲ

ကိုယ့်ရဲ့ အိမ်တွင်းမှာ ဒီအငွေ့တွေ ရှိမနေအောင် လုပ်သင့်တာတချို့ကိုတော့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ ဆပ်ပြာနဲ့ သေချာဆေးကြောပါ။ အခန်းကို ဆေးပြန်သုတ်ပါ။ အကောင်းဆုံးကတော့ ကောဇောတွေ အသစ်လဲလိုက်ပါ။ လေဝင်လေထွက်စနစ်ကို သန့်ရှင်းနေအောင် ထားပါ။ ဘယ်လောက်ထိ များများစားစားရှိနေတယ်၊ ဘယ်လောက်ထိ အန္တရာယ်ပေးမယ်ဆိုတာ တိတိကျကျ မသိသေးပေမယ့် မိဘတွေအနေနဲ့ ကလေးတွေကို ဒီအငွေ့တွေနဲ့ မထိတွေ့အောင် ကာကွယ်ပေးဖို့၊ ဆေးလိပ်သောက်သူတွေ သုံးသွားတဲ့ အခန်းနဲ့ ကားတွေကိုဖြစ်နိုင်ရင် မငှားဖို့၊ ပြန်မဝယ်ဖို့ အကြံပေးလိုပါတယ်။ ဒါကြောင့် ရှောင်နိုင်သလောက် အကောင်းဆုံးရှောင်ကြမယ်ဆိုရင် သင့်ကျန်းမာရေးအတွက် အထောက်အကူပြုမှာပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Phio Thiha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။