backup og meta

မကြာခဏဆိုသလို သွားကြိတ်တတ်တဲ့ အကျင့်ဖြစ်နေပြီလား

မကြာခဏဆိုသလို သွားကြိတ်တတ်တဲ့ အကျင့်ဖြစ်နေပြီလား

ဒီအခြေအနေကို Bruxism လို့ ခေါ်ပါတယ်။ အပေါ်သွားနဲ့ အောက်သွားတွေကို ပွတ်ပြီးကြိတ်တာ၊ အံကိုတင်းတင်းကြိတ်တဲ့ လက္ခဏာမျိုးပေါ့။ ပုံမှန်အားဖြင့် နိုးထနေစဉ် တမင်တကာ သို့မဟုတ် မရည်ရွယ်ဘဲ သွားကြိတ်မိခြင်း (Awake Bruxism) နဲ့ အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း (Sleep Bruxism) ဆိုပြီး အမျိုးအစား ၂မျိုးရှိပါတယ်။

၁။ နိုးထနေစဉ် သွားကြိတ်ခြင်း (Awake Bruxism)

တချို့လူတွေ စိတ်ဆိုး၊ ဒေါသထွက်တဲ့အခါ ကိုယ်တိုင်ကမသိလိုက်ဘဲ အံကို တင်းတင်းကြိတ်တဲ့ အကျင့်ဖြစ်လာပါတယ်။ ဒီအကျင့်ကကြာလာတဲ့အခါ သိသိကြီးနဲ့ သွားကြိတ်တာလည်း ဖြစ်နိုင်သလို လုံးဝသတိမထားမိဘဲ အံသွားက အကျင့်ပါသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေ ဥပမာ – စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာ၊ ဒေါသ၊ စိတ်ညစ်တာ၊ စိတ်ရှုပ်တာ၊ စိတ်ကိုတင်းထားတဲ့ အခြေအနေတွေမှာ ပိုအဖြစ်များသလို အာရုံစူးစိုက်နေတဲ့အချိန်မှာ သွားကြိတ်လိုက်တာမျိုးလည်း ရှိပါတယ်။

၂။ အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း (Sleep Bruxism)

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အချိန်မှာ ဖြစ်လာတတ်တဲ့ အမူအကျင့်မျိုးဖြစ်ပါတယ်။ အိပ်မက်မက်နေစဉ်၊ လိင်ပိုင်းဆိုင်ရာ အိပ်မက်တွေ မက်နေတဲ့အချိန်မှာ ခံတွင်းရဲ့ အံသွားက သူ့အလိုလို ကြိတ်နေတတ်ပါတယ်။ ဒီလိုအိပ်နေစဉ် သွားကြိတ်တဲ့သူတွေမှာ ဟောက်တာ၊ အိပ်နေစဉ် အသက်ရှူရပ်သွားတာမျိုးလည်း ရှိပါတယ်။

သွားကြိတ်တတ်တဲ့ အကျင့်ရှိလားဆိုတာ ဘယ်လိုသိနိုင်မလဲ။

  • ကိုယ်သွားကြိတ်နေတဲ့ အသံက ဘေးမှာအိပ်နေတဲ့သူကိုတောင် လန့်နိုးလာစေလောက်တဲ့အထိ အသံကျယ်နေတာ
  • သွားရဲ့ အောက်နား၊ အပေါ်နားတွေက အချွန်လေးလိုမဟုတ်တော့ဘဲ ပြန့်နေတာ၊ ပဲ့နေတာ
  • သွားက ချောင်ပြီး လှုပ်စိစိဖြစ်လာတာ
  • သွားအပေါ်ယံကြွေလွှာတွေ ပါးလာတာ
  • မကြာခဏ သွားကိုက်တာ၊ သွားကျဉ်တာ
  • တစ်ခုခုဆိုရင် သွားက ထိခိုက်လွယ်တာ
  • သွားဖုံးကြွက်သားတွေ နာကျင်နေတာ
  • မေးရိုးအပြင် လည်ပင်းနဲ့ ပါးတစ်ဝိုက်မှာ ကိုက်နေသလိုဖြစ်တာ
  • နားကိုက်နေသလို ခံစားရတာ
  • ခေါင်းအနည်းငယ်ကိုက်တာ
  • ညဘက်မှာ ကောင်းစွာမအိပ်ပျော်အောင် နှောင့်ယှက်တာ စတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင် ကိုယ့်မှာ သွားကြိတ်တတ်တဲ့အကျင့်ရှိတာ သေချာပါပြီ။

သွားကြိတ်တတ်တာ စိုးရိမ်စရာရှိလား။

ပုံမှန်အားဖြင့်တော့ ဒီအကျင့်ဟာ တခြားသူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတာ မှန်ပေမယ့် ကာယကံရှင်အတွက်တော့ အစာစားတဲ့အခါ ပြဿနာတစ်စုံတစ်ရာမဖြစ်စေတာမို့ စိတ်ပူဖို့လည်း မလိုသလို ကုသမှုလည်း ခံယူစရာမလိုအပ်ပါဘူး။ ရံဖန်ရံခါ အခြေအနေမျိုးမှာ သွားကြိတ်တဲ့အကျင့်ကြောင့် မေးရိုးနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ၊ ခေါင်းကိုက်တာ၊ သွားတွေပျက်စီးကျိုးပဲ့တာ ဖြစ်လာပြီဆိုရင်တော့ ကုသမှုခံယူသင့်ပါတယ်။ အထူးသဖြင့် အိပ်နေစဉ် သွားကြိတ်တတ်တဲ့သူတွေမှာ ကိုယ်တိုင်က ဒီလိုအကျင့်မျိုးရှိမှန်းမသိတာကြောင့် မိသားစုဝင်တွေအနေနဲ့ ဒီကိစ္စကို အသိပေးဖို့ လိုပါတယ်။

ငယ်သေးတဲ့ကလေးတွေ သွားကြိတ်တတ်ရင်တော့ မေမေတွေအနေနဲ့ သွားဆရာဝန်ဆီ အမြန်ဆုံးသွားပြပေးဖို့ လိုအပ်တယ်နော်။ ကလေးတွေမှာ အဖြစ်များတာမှန်ပေမယ့် ဆယ်ကျော်သက်နဲ့ အသက် ၂၀ နောက်ပိုင်းမှာတော့ သူ့အလိုလို ပျောက်ကင်းသွားတာမျိုးတွေလည်း ရှိပါတယ်။ အကောင်းဆုံးကတော့ သွားဆရာဝန်ဆီ ၆လ သို့မဟုတ် တစ်နှစ်တစ်ကြိမ် ပုံမှန်ပြသပေးပါ။ သွားကြိတ်တဲ့အကျင့်ရှိရင် ရာဘာအံစွပ်လေးတွေ အသုံးပြုမယ်ဆိုလည်း အဆင်ပြေပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/bruxism/symptoms-causes/syc-20356095(July 22, 2019)

ယခုပုံစံ

11/05/2020

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Ye Myo Myat မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွားကိုက်ဝေဒနာ သက်သာစေမယ့်နည်းလမ်း (၅) ခု

သွားကြိတ်ခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement