backup og meta

ဆေးလိပ်သောက်ခြင်းနှင့် စိတ်ကျန်းမာရေး

ဆေးလိပ်သောက်ခြင်းနှင့် စိတ်ကျန်းမာရေး

ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်နဲ့ နှလုံးဆိုင်ရာ ရောဂါတွေဖြစ်စေတယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုရော ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်ပါသလဲ ?

စွဲလမ်းစေခြင်း

ဆေးလိပ်မသောက်ရင် မနေနိုင်အောင် စွဲလမ်းမှုဟာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ရရှိတဲ့ နီကိုတင်းဓါတ်က ဆယ်စက္ကန့်အတွင်း သင်ရဲ့ဦးနှောက်ထဲ ရောက်ရှိသွားပြီး ပိုကောင်းတဲ့ စိတ်ခံစားမှုနဲ့ အာရုံစူးစိုက်မှုကို ရရှိစေပါတယ်။ ဒီနည်းလမ်းက ဆေးလိပ်သမားတွေကို စိတ်အပန်းပြေစေပါတယ်။ ဒါပေမယ့် ခဏခဏသောက်ဖြစ်တဲ့ လူတွေအတွက် ဒီလိုအခြေအနေကို ရရှိစေဖို့ နီကိုတင်းဓါတ်ကို ပိုမိုပြီး လိုအပ်လာပါတယ်။ ဦးနှောက်ကနေ နီကိုတင်းဓါတ်လိုလာပြီဆိုတာကို အချက်ပေးပြီး ဆေးလိပ်ထပ်သောက်ဖို့ ခိုင်းစေပါတယ်။ ဒီလိုနဲ့ပဲ ခန္ဓါကိုယ်ထဲမှာ နီကိုတင်း သံသရာလည်ပါတော့တယ်။

စိုးရိမ်ပူပန်စိတ်ဖြစ်စေခြင်း

စိုးရိမ်ပူပန်စိတ်က နောက်ထပ်စိတ်ပိုင်းဆိုင်ရာ ပြသနာတစ်ခုပါ။ ဆေးလိပ်က ဆေးလိပ်သမားတွေအတွက် စိတ်သက်သာရာ ရစေတဲ့အရာတစ်ခုအဖြစ် ယုံကြည်နေကြတဲ့အတွက် သူတို့အတွက် စိတ်ပူပန်ကြောင့်ကြမှုတွေ လျော့ကျစေပါတယ်။ ဒါပေမယ့် ဒီလိုသက်သာရာရစေတာက အခိုက်အတန့်လေးတစ်ခုသာ ဖြစ်ပါတယ်။ ဒီအချိန်ပိုကြာစေဖို့ ဆေးလိပ်သမားတွေအတွက် နောက်ထပ်တစ်လိပ်ထပ်သောက်ဖို့ လိုအပ်လာပါတယ်။ ဒီအချိန်ကို ရှည်ကြာစွာရရှိဖို့ ဆေးလိပ်ထပ်မသောက်တဲ့အခါ မိမိစိတ်ကို ပိုပြီးအာရုံထွေပြားစေပါတယ်။

စိတ်ဓါတ်ကျခြင်း

စိတ်ဓါတ်ကျခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းက ကျွန်တော်တို့ခံစားချက်တွေကို ကောင်းမွန်စေတဲ့ ဒိုပါမင်း (dopamine) လို့ခေါ်တဲ့ ဓါတုဓါတ်တစ်မျိုးကို ထွက်စေပါတယ်။ စိတ်ဓါတ်ကျနေတဲ့ လူတစ်ယောက်မှာ ဒီဓါတ်က လျှော့နည်းနေတတ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းဖြင့် ကောင်းမွန်တဲ့ခံစားမှုကို ရရှိစေပြီး စွဲလမ်းစေတာပဲဖြစ်ပါတယ်။ ဦးနှောက်ရဲ့ ဒိုပါမင်း ထုတ်လုပ်တဲ့ဖြစ်စဉ်ကို ဆေးလိပ်သောက်ခြင်းဖြင့် ပြောင်းလဲစေပါတယ်။ ဒါကြောင့် စိတ်ဓါတ်ကျ စိတ်ညစ်နေတဲ့လူတစ်ယောက်က ဆေးလိပ်ပိုသောက်ဖြစ်ပြီး ဖြတ်ဖို့ ခက်ခဲစေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးလိပ်စွဲတဲ့လူတွေက ပိုပြီး စိတ်ဓါတ်ကျတတ်တဲ့လူတွေလား ဆိုတာနဲ့ စိတ်ဓါတ်ကျနေတဲ့လူက ဆေးလိပ်စသောက်တတ်သလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမပြောနိုင်သေးပါဘူး။

ပုံမှန်မဟုတ်တဲ့ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိခြင်း

ဒီလိုဖြစ်နေတဲ့လူတွေလည်း ဆေးလိပ်သောက်ဖို့ ဦးတည်စေပါတယ်။ ဒီအခြေအနေမှာရှိတဲ့လူတွေက သာမန်လူတွေထက် ဆေးလိပ်သောက်ဖို့ သုံးဆလောက် ပိုများပါတယ်။ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုတွေရဲ့ လက္ခဏာတချို့ကို ထိန်းချုပ်နိုင်ဖို့အတွက် ဆေးလိပ်သောက်ဖို့ လိုပါတယ်။

ကောင်းမွန်တဲ့စိတ်ခံစားချက် ရရှိစေတဲ့ အခိုက်အတန့်လေးတစ်ခု လိုချင်လို့ လူငယ်တော်တော်များများက ဆေးလိပ်သောက်ကြတာဖြစ်ပါတယ်။ အလုပ်ပြီးဖို့လိုအပ်တာ၊ စိတ်ဖိစီးမှုတွေနဲ့ ကြုံလာတဲ့အခါမှာ ဒီဟာတွေနဲ့ ခဏတစ်ဖြုတ်ပဲဖြစ်ဖြစ် လွတ်မြောက်ဖို့အတွက် ဆေးလိပ်သောက်ကြပါတယ်။ ၃၀ ရာခိုင်နှုန်းသော ဆေးလိပ်သောက်သူတွေက စိတ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် သောက်ဖြစ်တာလို့ အမေရိကန်နိုင်ငံမှာရှိတဲ့ ရောဂါထိန်းချုပ်မှုစင်တာက ဆိုထားပါတယ်။ စိတ်ဖိစီးမှုတွေကြုံလာပြီး စိတ်မကျန်းမမာဖြစ်တဲ့အခါမျိုးမှာ ဆေးလိပ်ကို ပိုပြီးသောက်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုကြုံလာတဲ့အခါမျိုးမှာ ဆေးလိပ်အစား တခြားစိတ်ဖြေဖျောက်စရာ တစ်ခုခုကို ရှာဖွေသင့်ပါတယ်။

Hello Health Group သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference: “Smoking and Mental Health: Five Things Every Psychiatrist Should Know”
https://www.psychiatry.org/news-room/apa-blogs/apa-blog/2016/06/smoking-and-mental-health-five-things-every-psychiatrist-should-know Accessed October 21, 2016
“Smoking and mental health, what’s the connection?”
https://www.theguardian.com/science/sifting-the-evidence/2014/jul/15/smoking-and-mental-health-whats-the-connection Accessed October 21, 2016
“Smoking and mental health”
https://www.mentalhealth.org.uk/a-to-z/s/smoking-and-mental-health Accessed October 21, 2016

ယခုပုံစံ

12/05/2020

Written by Dr. Phio Thiha

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

အဆိပ်သောက်ထားသူကို အရေးပေါ် ပြုစုနည်း


Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement