စိတ်ဓါတ်ကျခြင်း(သို့မဟုတ်) စိတ်ကျရောဂါဆိုသည်မှာ အတွေ့ရများသော စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခုဖြစ်သည်။ သင်၏အတွေးအခေါ် ၊ ခံစားချက်နှင့် နေ့စဉ်ဘဝကိုပါ ထိုအခြေအနေကထိခိုက်မှုရှိနိုင်ပါသည်။ သို့သော် သင့်အနေဖြင့်စိတ်ဓါတ်ကျခြင်း၏လက္ခဏာများကို သိရှိပြီးပါပြီလား။ ဤဆောင်းပါးတွင်စိတ်ဓါတ်ကျခြင်း၏အတွေ့ရအများဆုံးလက္ခဏာများကို ဖော်ပြထားသည်။
လူငယ်များတွင်တွေ့ရတတ်သောလက္ခဏာများ
• ဝမ်းနည်းခြင်း၊ဘာမှမရှိတော့ဟုခံစားရခြင်း ၊ စိတ်လှုပ်ရှားခြင်း။
• မျှောင်လင့်ချက်မဲ့သည်ဟုခံစားရခြင်း။
• အသေးအဖွဲကိစ္စများ၌ပင်စိတ်ဆိုးလွယ်ခြင်း။
• အားအင်ကုန်ခမ်း၍မောပန်းနေခြင်း။
• သင်စိတ်ဝင်စားသောပြုလုပ်နေကျအရာများကို စိတ်မပါတော့ခြင်း။
• အိပ်မပျော်ခြင်း(သို့မဟုတ်) အလွန်အမင်းအိပ်စက်ခြင်း။
• တွေးခေါ်စွမ်းရည်နှင့် လှုပ်ရှားမှုများနှေးကွေးလာခြင်း။
• စိတ်အာရုံစူးစိုက်ရန်ခက်ခဲခြင်း။
• အကြောင်းပြချက်မရှိဘဲခါးနာခြင်း ၊ ခေါင်းကိုက်ခြင်း။
• မိမိကိုယ်ကိုတန်ဖိုးမဲ့ ၊ အပြစ်ရှိသည်ဟုခံစားရခြင်း။ အခြားသူများ၏အမှားများအတွက် မိမိကိုယ်ကိုအပြစ်တင်ခြင်း။
• မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်းနှင့် အားထုတ်ခြင်း။
အထက်ပါလက္ခဏာများကိုအချိန်တော်တော်များများခံစား
နေရပြီး၂ပတ်နှင့်အထက် ကြာမြင့်ပါကသင့်တွင်စိတ်ကျရောဂါရှိနေပြီဖြစ်သည်။ ဆရာဝန်နှင့်တိုင်ပင်ကုသသင့်ပါသည်။
ကလေးများနှင့် ဆယ်ကျော်သက်များတွင် တွေ့ရတတ်သောလက္ခဏာများ
ကလေးများနှင့်ဆယ်ကျော်သက်များတွင်တွေ့ရသောလက္ခဏာများမှာအရွယ်ရောက်ပြီးလူငယ်များနှင့် ကွာခြားမှုရှိသည်။
• ကလေးများသည်ဝမ်းနည်းစိတ်ဆတ်လွယ်လာသည်။ စိုးရိမ်မှုများခြင်း၊ ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ ကျောင်းမသွားလိုခြင်း ၊ အစားပုံမှန်မစားတော့ခြင်းတို့ဖြစ်ပွားတတ်သည်။
• ဆယ်ကျော်သက်များတွင်ဝမ်းနည်းလွယ်ခြင်း၊ဒေါသဖြစ်ခြင်း ၊ အဆိုးမြင်ခြင်း ၊ မိမိကိုယ်ကိုတန်ဖိုးမဲ့သည်ဟုခံစားရခြင်း၊ လုပ်ကိုင်ဆောင်ရွက်သည့်အမူအရာများဆိုးရွားလာခြင်း ၊ ဆရာမကရှင်းပြသည်များကိုနားမလည်ခြင်း ၊ ထိုအရာတို့ကိုထိန်းချုပ်ရန် အရက်နှင့်ဆေးလိပ်တို့ကို သောက်သုံးတတ်လာခြင်းတို့ ဖြစ်ပွားတတ်သည်။
သက်ကြီးရွယ်အိုများတွင်တွေ့ရတတ်သောလက္ခဏာများ
အချို့လက္ခဏာများသည် သက်ကြီးရွယ်အိုများတွင် ပုံမှန်လည်းရှိတတ်သည့်အတွက် တစ်ခါတစ်ရံသတိမပြုမိခြင်းမျိုးရှိတတ်သည်။ သို့သော်လည်းသက်ကြီးရွယ်အိုများတွင် စိတ်ကျရောဂါခံစားရပါကဆေးကုသမှုခံယူရန်လိုအပ်ပါသည်။ ရောဂါလက္ခဏာများမှာ-
• အကြောင်းအရာတို့ကိုသတိရရန်ခက်ခဲလာခြင်း။
• ခေါင်းကိုက်ခြင်း ၊ အသားနာခြင်း။
• မောပန်းလွယ်ခြင်း။
• အိပ်မပျော်ခြင်း (သို့မဟုတ်) လွန်ကဲစွာအိပ်ခြင်း။
• တန်ဖိုးမဲ့၍အကူအညီမဲ့နေသည်ဟုခံစားရခြင်း။
• အပြင်မထွက်လိုတော့ဘဲအိမ်တွင်သာအနေများတော့ခြင်း။
• မိမိကိုယ်ကို သေကြောင်းကြံစည်သောအတွေးများဝင်လာခြင်း။
အထက်ပါတို့မှာစိတ်ဓါတ်ကျခြင်း၏ဖြစ်နိုင်ခြေရှိသော
လက္ခဏာများဖြစ်ပြီးအချို့သူများတွင် လက္ခဏာအားလုံးနီးပါးတွေ့ရတတ်ပြီးအချို့တွင်လက္ခဏာအချို့ကိုသာတွေ့ရတတ်သည်။ သင့်အနေဖြင့် သင့်တွင်စိတ်ဓါတ်ကျခြင်းရှိ/ မရှိထိုလက္ခဏာများကိုအခြေပြု၍စဉ်းစားနိုင်ပါသည်။
[embed-health-tool-bmi]