brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးကျောက်တည်တာကို ကြိုတင်ကာကွယ်ဖို့ နည်းလမ်းကောင်းများ။ ။

ဆီးကျောက်တည်တာကို ကြိုတင်ကာကွယ်ဖို့ နည်းလမ်းကောင်းများ။ ။

ဆီးကျောက်တည်တာကို ကြိုတင်ကာကွယ်ဖို့ နည်းလမ်းကောင်းများ။ ။

ဆီးကျောက်တည်တယ်တဲ့ ဆိုတဲ့ ပြဿနာဟာ လူတိုင်းကြားဖူးနေကြဖြစ်တဲ့ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ မြန်မာနိုင်ငံမှာဆို ထုံးဓါတ်များတဲ့ အလယ်ပိုင်းဒေသမှာနေရတဲ့ လူတွေက ပိုဆိုးတာပေါ့။ သူတို့ဆီမှာ အဖြစ်အများဆုံးပြဿနာက ဆီးကျောက်တည်တဲ့ ပြဿနာလေ။ ဒါပေမယ့် ထုံးဓါတ်များတဲ့နေရာမှာ မနေပေမယ့် ဆီးကျောက်တည်တဲ့သူတွေလည်း အများကြီးပါ။

  • ဆီးသွားရင်နာတယ်၊
  • ဆီးသွားရင် ကျင်တယ်၊
  • ကိုယ်တွေလည်းပူပြီး ဆီးသွားရတာ ခက်နေတတ်ပါတယ်။
  • ဆီးအိမ်ကြီးတင်းပြီး နောက်ပိုင်းကျရင် ဆီးလမ်းကြောင်းတွေပိုးဝင်ပြီး
  • ကျောက်ကပ် တွေ ပျက်စီးတဲ့အထိ ဆိုးကျိုးတွေ အားလုံးဟာ ဆီးကျောက်တည်တဲ့ ပြဿနာကနေ အစပြုတာပါ။ ဒီတော့ ဆီးကျောက်မတည်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ ။ ။
  • ဆီးကျောက်တည်ခြင်းကို ကြိုတင်ကာကွယ်နိုင်ဖို့ ဒါတွေလုပ်ကြည့်ပါ။

    ( ၁ ) ရေများများသောက်ပါ။

    ရေများများသောက် လေလေ ဆီးအနည်ကျတာ နည်းလေလေဖြစ်ပြီး ဆီးကျောက်တည်တဲ့ပြဿနာတွေ ဝေးသွားမှာ ဖြစ်ပါတယ်။ ရေသောက်နည်းတဲ့အချိန်သွားတဲ့ဆီးအရောင်က အရောင်ရင့်နေတတ်ပါတယ်။ ရေများမျာသောက်ဆိုတဲ့နေရာမှာ ရိုးရိုးရေ တစ်မျိုးတည်းကသာ အသင့်တော်ဆုံး ဖြစ်မှာပါ။

    ( ၂ ) အငန်လျှော့စားပါ။

    ဆိုဒီယမ်နဲ့ ဆားဓါတ်တွေဟာ ရေကို ဆွဲယူတဲ့ အာနိသင်ရှိတာကြောင့် ေရဓါတ်ခမ်းခြောက် လေ့ရှိပါတယ်။ ရေဓါတ်ခမ်းခြောက်ရင် အနည်ပိုကျပြီး ဆီးကျောက်ပိုတည်တတ်ပါတယ်။ ဒါေ့ကြာင့် အငန်လျှော့စားပါ။ အရွယ်ရောက်ပြီးသားသူတစ်ယောက်ဟာ တစ်နေ့ကို ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏလောက်သာ စားသင့်ပါတယ်။

    ( ၃ ) ကိုယ်အလေးချိန်ကို ထိန်းထားပါ။

    အဝလွန်လေလေ ကျောက်ကပ်ပေါ်သက်ရောက်တဲ့ ဖိအားများလေလေနဲ့ ကျော်ကပ်ပိုအလုပ်လုပ်ရလေလေဖြစ်ပြီး စွန့်ပစ်ရမယ့် ပစ္စည်းတွေ မစွန့်ပစ်နိုင်ဖြစ်သွားကာ ဆီးကျောက်တည်တဲ့ပြဿာနတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်လက်လှုပ်ရှားဖို့ လေ့ကျင့်ခန်းလုပ်ဖို့ လိုကိုလိုအပ်ပါတယ်။

    ( ၄ ) calcium oxalate များတဲ့ အစားအစာတွေကို လျှော့စားပါ။

    calcium oxalate ဆိုတာ ဆီးကျောက်တည်ခြင်းကိုဖြစ်စေတဲ့ဓါတ်အမျိုးအစားတစ်ခုပါ။ ဒီတော့ calcium oxalate များတဲ့အစားအစာတွေကြောင့် ကိုယ်ခန္ဓါထဲမှာ သူတို့တွေများလာတဲ့အခါ ဆီးကျောက်တည်တဲ့ ပြဿနာ ပိုဖြစ်စေမှာပါ။ ဒါ့ကြောင့် calcium oxalate များတဲ့အစားအစာတွေဖြစ်တဲ့ စပျစ်သီး၊ အာလူး၊ ပဲပိစပ်၊ ဟင်းနုနွယ်၊ ချော့ကလက်၊ ရေကညွန့် လက်ဖက်နဲ့ ကန်စွန်းဥ စတာတွေကို လျှော့စားရမှာ ဖြစ်ပါတယ်။

    ( ၅ ) အရက်ဖြတ်ပါ။

    အရက်ဟာ ဆဲလ်တွေဆီက ရေဓါတ်ကို ဆွဲထုတ်ပြီး ဆဲလ်တွေထဲ ရေဓါတ်ပြန်ဝင်ခြင်းကို တားဆီးတာကြောင့် ရေဓါတ်ခမ်းခြောက်ခြင်းကိ ုဖြစ်စေတဲ့အရာတစ်ခုပါ။ ဒ့ါကြောင့် ဆီးကျောက်တည်မှာ ကျောက်တဲ့သူတွေအနေနဲ့ အရက်ကို လုံဝရှောင်သင့်ပါတယ်။

    ( ၆ ) ကဖင်းဓါတ်သုံးစွဲမှု လျှော့ချပါ။

    ကဖင်းဓါတ်များတဲ့ ကော်ဖီလက်ဖက်ရည်တွေဟာ ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး ရေဓါတ်ကို ခမ်းခြောက်စေတာကြောင့် ဆီးကျော်တည်မှ ာကြောက်တဲ့သူတွေ အနေနဲ့ ကဖင်းဓါတ်ကို လျှော့ချဖို့ လိုပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/06/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။