brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အာထရာဆောင်းဆိုတာ ဘာလဲ ။ ။

အာထရာဆောင်းဆိုတာ ဘာလဲ ။ ။

အာထရာဆောင်းဆိုတာ ဘာလဲ ။ ။

Ultrasound ( အာထရာဆောင်း ) ဆိုတာဘာလဲ ။ ။

Ultrasound ဆိုတာ သူ့နာမည်အတိုင်းပဲ ultra အဆင့်မြင့်နည်းပညာနဲ့ sound အသံလှိှုင်းတွေကို သုံးထားတဲ့ ပုံရိပ်ဖော်နည်းပညာ ဖြစ်ပါတယ်။

အာထရာဆောင်းကို ဘာအတွက် အသုံးပြုကြတာလဲ ။ ။

ဓါတ်မှန်ရိုက်လို့မရတဲ့ ကိုယ်ဝန်သည်တွေ ကိုယ်ဝန်ဆောင်တွေ ဗိုက်ထဲက ရင်သွေးလေး ဘယ်နှစ်ပတ်ရှိပြီလဲဆိုတာသိဖို့၊ ကလေးဖွံ့ဖြိုးမှုကို သိဖိုနဲ့ ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာကို သိဖို့အတွက် အာထရာဆောင်းကို သုံးကြပါတယ်။ ကိုယ်ဝန်သည်တွေ အတွက် အာထရာဆောင်းက စိတ်အချရဆုံးပါ။

ဒါ့အပြင်

အာထရာဆောင်းက ပုံရိပ်ကို ဘယ်လိုပုံဖော်ပေးတာလဲ ။ ။

အဆင့်မြင့် အသံလှိုင်းတွေကိုယ်တွင်းကိုဖြတ်တဲ့အခါ လမ်းမှာရှိတဲ့ ကိုယ်တွင်းကလီစာ တစ်ခုခုကို ထိသွားမိပြီး ထွက်လာတဲ့ အသံပဲ့တင်သံတွေကနေ ပုံရိပ်ဖော်ထားတာဖြစ်ပါတယ်။

ဥပမာ – သည်းခြေလမ်းကြောင်းကို ဖြတ်သွားတဲ့အခါ သည်းခြေကပုံမှန်ဖြစ်နေရင် ပုံမှန် အတိုင်းပဲ ပေါ်မှာဖြစ်ပြီး သည်းခြေမှာ ကျောက်တည်ေနရင်တော့ ကျောက်ရှိနေကြောင်းကို ထိမိတဲ့ အသံပဲ့တင်လှိုင်းတွေကနေတဆင့် သိရှိနိုင်မှာပါ။ ထိမိတဲ့ ပစ္စည်းတွေက သိပ်သည်းလေလေ အသံပဲ့တင်သံပြင်းပြီး ပုံရိပ်ပိုပေါ်လေလေပါ။

အာထရာဆောင်း ဘယ်လိုရိုက်ကြသလဲ ။ ။

အာထရာဆောင်း ရိုက်ဖို့အတွက်ဆို လူနာဘက်ကကြိုတင်ပြင်ဆင်ရမှာတွေရှိပါတယ်။

  • အာထရာဆောင်း မရိုက်ခင် ၁ နာရီအလိုမှာ ရေတစ်ပုလင်းသောက်ထားရမှာဖြစ်ပြီး အာထရာဆောင်း မရိုက်ပြီး မချင်း ဆီးသွားခွင့်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆီးအိမ်တင်းနေမှ သင့် ဆီးခုံရိုးအနားမှာရှိနေတဲ့ ကလီစာတွေကို ကောင်းကောင်းမြင်နိုင်တာကြောင့်ပါ။
  • အာထရာဆောင်းရိုက်ပေးမယ့် ကျွမ်းကျင်ပညာရှင်တွေကနေပြီးတော့ အာထရာဆောင်းရိုက်ချင်တဲ့ နေရာက အရေပြားပေါ်မှာ ဂျယ်လီလိုမျိုး အရည်တွေ သုတ်လိမ်းပေးပါတယ်။ ဒီ ဂျယ်လီပုံစံရှိတဲ့ အရည်တွေက အသံလှိုင်းဖြတ်လို့ကောင်းအောင် ကြားခံနယ်တစ်ခု အနေနဲ့ လုပ်ပေးတာဖြစ်ပါတယ်။
  • ဒါ့အပြင် အာထရာဆောင်ရိုက်တာရဲ့ အဓိက ဇာတ်လိုက်ကတော့ Ultrasound transducers လို့ခေါ်တဲ့ အသံလှိုင်းထုတ်ပေးတဲ့ ကိရိယာလေးပဲ ဖြစ်ပါတယ်။

Ultrasound transducers ၃ မျိုးရှိပါတယ် ။ ။

၁ ။ an endovaginal transducer – မိန်းမကိုယ်တွင်းထည့် အာထရာဆောင်းကိရိယာ

၂ ။ an endorectal transducer – စအိုတွင်းထည့် အာထရာဆောင်းကိရိယာ

၃ ။ a transesophageal transducer – အစာရေမျိုပြွန်တွင်းထည့် အာထရာဆောင်းကိရိယာ ဆိုပြီး သူ့နေရာနဲ့သူသုံးလို့ရတဲ့ ကိရိယာ ၃ မျိုးရှိပါတယ်။

အာထရာဆောင်းကြောင့် ရနိုင်တဲ့ ဆိုးကျိုးတွေက ဘာတွေလဲ ။ ။

အသံလှိုင်းကို အသုံးပြုပြီး ဓါတ်ရောင်ခြည် လှိုင်းတွေ မရှိတာကြောင့် အာထရာဆောင်းကြောင့်ရနိုင်တဲ့ ဆိုးကျိုးတွေက မရှိသလောက်ရှားပါတယ်။ ဒါကြောင့် အာထရာဆောင်းကို ကိုယ်ဝန်သည် တွေမှာ သုံးကြတာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 09/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။