brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသည်းခြောက်ခြင်း ။ အခြေခံအချက်အလက်များ

အသည်းခြောက်ခြင်းဟာ အသည်းပျက်စီးခြင်းကြောင့် ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ အသည်းခြောက်ခြင်းဟာ ရောဂါသေဆုံးနှုန်းအများဆုံး အကြောင်းရင်း နံပါတ် ၁၂ မှာ ရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ အသည်းခြောက်ခြင်းအကြောင်းကို အသေးစိတ်ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

အသည်းခြောက်ခြင်း ။ အခြေခံအချက်အလက်များ

အသည်းခြောက်ခြင်းဟာ ကျန်းမာတဲ့ အသည်းတစ်ရှူးတွေနေရာမှာ အမာရွတ်တစ်ရှူးတွေနဲ့ အစားထိုးလိုက်တဲ့ ဖြည်းညင်းစွာ ဖြစ်ပေါ်လာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါဟာ အသည်းကို ကောင်းမွန်စွာ လုပ်ငန်းဆောင်တာဆောင်ရွက်နိုင်ခြင်းကနေ ကာကွယ်ပေးပါတယ်။ အမာရွတ်တစ်ရှူးတွေဟာ အသည်းကို သွေးဖြတ်သန်းစီးဆင်းမှုကို တားမြစ်ပြီး အာဟာရဓါတ်တွေ၊ ဟော်မုန်းတွေ သန့်စင်တဲ့ ဖြစ်စဉ်ကို နှောင့်နှေးစေပြီး အဆိပ်အတောက်တွေ ဖြစ်ပေါ်စေပါတယ်။ သူတို့ဟာ အသည်းကနေ ထုတ်လိုက်တဲ့ ပရိုတင်းနဲ့ အခြားအရာဝတ္ထုတွေ ထုတ်လုပ်ခြင်းကိုလည်း နှောင့်နှေးစေပါတယ်။

ဘယ်အရာတွေက အသည်းခြောက်ခြင်းကို ဖြစ်ပေါ်စေသလဲ။

အသည်းပျက်စီးခြင်းနဲ့ အသည်းခြောက်ရောဂါကို ဖြစ်စေနိုင်တဲ့ ရောဂါအခြေအနေ အများအပြား ရှိပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့

  • အရက်ကို အလွန်အကျွံရေရှည်သောက်ခြင်း
  • နာတာရှည်ဗိုင်းရပ်စ်ပိုးကြောင့် အသည်းရောင်ခြင်း (အသည်းရောင် ဘီနှင့် စီပိုး)
  • အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်း

အခြားဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့

  • မျိုးရိုးလိုက်သော သံဓါတ်များသောရောဂါ
  • Cystic fibrosis (မျိုးရိုးလိုက်သော အရည်ထုတ်ဂလင်း ရောဂါတစ်ခုဖြစ်ပြီး အဆုတ်၊မုန့်ချိုအိတ်နှင့်အခြား ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေသည်)
  • ကိုယ်ခန္ဓါအတွင်း ကော့ပါး စုပြုံခြင်း (Wilson’s disease)
  • သည်းခြေပြွန် ကျဉ်းခြင်း
  • သကြားဓါတ်ချေဖျက်ခြင်းနှင့် ပတ်သက်သော မွေးရာပါ ပုံမမှန်ခြင်းများ
  • မွေးရာပါ အစာအိမ်လမ်းကြောင်း ဆိုင်ရာ ရောဂါများ (Alagille syndrome)
  • ကိုယ်ခန္ဓါ ခုခံအားစနစ်ကြောင့် ဖြစ်သော အသည်းရောဂါ (autoimmune hepatitis)
  • သည်းခြေပြွန် ပျက်စီးခြင်း (primary biliary cirrhosis)
  • သည်းခြေပြွန် မာခြင်း၊ အမာရွတ်ဖြစ်ခြင်း
  • Schistosomiasis လိုမျိုး ကူးစက်ရောဂါများ
  • ဆေးများ (ဥပမာ – methotrexate)

အသည်းခြောက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

အသည်းပျက်စီးမှု မများမချင်း အသည်းခြောက်ခြင်းမှာ လက္ခဏာ မရှိတတ်ပါဘူး။ ရောဂါလက္ခဏာတွေ ရှိခဲ့မယ်ဆိုရင်တော့ အောက်ပါအချက်တွေ ပါဝင်နိုင်ပါတယ်။

  • ပင်ပန်းနွမ်းနယ်ခြင်း
  • အလွယ်တကူ သွေးထွက်ခြင်း
  • အညိုအမဲ စွဲလွယ်ခြင်း
  • အရေပြား ယားယံခြင်း
  • အသားဝါ၊ မျက်လုံး ဝါခြင်း
  • ရေဖျဉ်းစွဲခြင်း
  • ပျို့ခြင်း
  • ခြေထောက်ဖောရောင်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ခေါင်းမူးခြင်း၊ စကားမပီခြင်း (အသည်းကြောင့် ဦးနှောက်ထိခြင်း)
  • အရေပြားပေါ်မှာ ပင့်ကူအိမ်ကဲ့သို့သော သွေးကြောများ ဖြစ်ပေါ်ခြင်း
  • လက်ဖဝါး နီရဲခြင်း
  • အမျိုးသားတွေမှာ ဝှေးစေ့ ကျုံ့ခြင်း
  • အမျိုးသားတွေမှာ ရင်သားကြီးလာခြင်း

အသည်းခြောက်ခြင်းကို ဘယ်လို ရောဂါရှာဖွေမလဲ။

အသည်းခြောက်ခြင်း အစောပိုင်းဟာ ရောဂါလက္ခဏာ မပြတတ်ပါဘူး။ များသောအားဖြင့် အသည်ခြောက်ခြင်းကို ပုံမှန် သွေးစစ်ဆေးမှု (သို့) အခြားစစ်ဆေးမှုတွေမှ တစ်ဆင့် တွေ့ရှိနိုင်ပါတယ်။ သင့်ဆရာဝန်က အသည်းခြောက်ခြင်းကဲ့သို့ အသည်းရောဂါ ရှိမရှိဆိုတာ သိရှိနိုင်ဖို့ ဓါတ်ခွဲခန်းစစ်ဆေးမှု တွေကို တစ်ခု (သို့) တစ်ခုထက်ပိုပြီး ပြုလုပ်စေနိုင်ပါတယ်။

ဓါတ်ခွဲခန်းစစ်ဆေးမှု

  • အသည်းစစ်ဆေးခြင်း – သွေးမှာ bilirubin(သွေးသွင်းအဝါဓါတ်) အလွန်အကျွံများပြားလားခြင်း ကို ရှာဖွေခြင်းဖြစ်ပြီး သူဟာ သွေးနီဥ ပျက်စီးသွားရင် ထွက်လာတဲ့ အရာဖြစ်ပါတယ်။ အသည်းပျက်စီးမှုကို ဖေါ်ပြတဲ့ အင်ဇိုင်းတွေကိုလည်း ရှာဖွေနိုင်ပါတယ်။
  • ကျောက်ကပ်စစ်ဆေးခြင်း – အသည်းခြောက်ခြင်းနဲ့ နောက်ပိုင်းအဆင့်တွေမှာ ကျောက်ကပ် လုပ်ငန်းဆောင်တာတွေ ကျဆင်းနိုင်တာကြောင့် သွေးတွင်း creatinine ပမာဏ ကို စစ်ဆေးနိုင်ပါတယ်။
  • အသည်းရောင် ဘီပိုး နှင့် စီပိုး စစ်ဆေးခြင်း – သွေးမှာ အသည်းရောင်ပိုး ဘီနဲ့ စီကို စစ်ဆေးမှာ ဖြစ်ပါတယ်။
  • သွေးခဲခြင်း – သွေးခဲနိုင်စွမ်း INR ကို စစ်ဆေးမှာ ဖြစ်ပါတယ်။

သင့်ဆရာဝန်က အသည်းခြောက်ခြင်းကို ထပ်မံသိရှိစေဖို့ အခြားစစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါသေးတယ်။

  • Magnetic resonance elastography or transient elastography – ဒီနည်းဟာ အသည်းမာခြင်း၊ တောင့်နေခြင်းကို စစ်ဆေးပေးပြီး အသည်းအသားစ ယူနိုင်ခြေကို လျော့နည်းစေပါတယ်။
  • အခြားပုံရိပ်ဖော်နည်းများ – အာထရာဆောင်း၊ ကွန်ပျူတာဓါတ်မှန်၊ သံလိုက်ဓါတ်မှန်တွေဟာ အသည်းပုံရိပ်တွေကို ဖန်တီးပေးနိုင်ပါတယ်။
  • အသားစယူခြင်း – အသည်းခြောက်ခြင်းကို သိရှိနိုင်ဖို့ အသားစ ယူနိုင်ပါတယ်။ ဒါပေမယ့် သင့်ဆရာဝန်က ဒီနည်းကို အသည်းခြောက်ခြင်းရဲ့ ပြင်းထန်မှုနဲ့ အကြောင်းရင်းတွေကို ရှာဖွေဖို့ အသုံးပြုနိုင်ပါတယ်။

အသည်းဟာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ပါတယ်။ ဒါကြောင့် အသည်းရောဂါတွေဖြစ်တဲ့ အသည်ခြောက်ခြင်း၊ အသည်းရောင်ခြင်း အစရှိတာတွေကို ကာကွယ်ဖို့ အရေးကြီးပါတယ်။ ပိုမိုသိလိုတာရှိရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Translated by Phyu Mon latt

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။