backup og meta

သံစဉ်များရဲ့ အာနိသင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သံစဉ်များရဲ့ အာနိသင်

    ဂီတသံစဉ်ဆိုတာ လူ့စိတ်ကိုဖမ်းစားနိုင်တယ်။ သီချင်းမကြိုက်ဘူး၊ တစ်ခါမှလိုက်မဆိုခဲ့ဖူးဘူး ဆိုတဲ့သူတွေတောင် အမှတ်တရဟောင်းနဲ့ ဒါမှမဟုတ် လက်ရှိအဖြစ်နဲ့ တိုက်ဆိုင်မှုရှိခဲ့ရင် သီချင်းနဲ့မျောပါသွားမှာ ၈၀% သေချာပါတယ်။ လူတော်တော်များများက ဆူညံသံနဲ့ ဂီတသံကို ခွဲခြားသိနိုင်စွမ်းကို ပင်ကိုပိုင်ဆိုင်ထားပါတယ်(လော်အသံနဲ့မတရားနှိပ်စက်တဲ့သူတွေမပါ)။ ထားပါတော့။ ဆက်ပြောရရင် ဂီတသံက သိပ်မြန်နေရင် နားထောင်ရသူမှာ နှလုံးခုန်မြန်လာတယ်၊ အသက်ရှူမြန်လာတယ်၊သွေးခုန်နှုန်းမြင့်လာတယ်။ သီချင်းအေးအေးလေးတွေကျတော့ စိတ်တွေငြိမ်းချမ်းလာတယ်ပေါ့။

    သုတေသနတွေအရတော့ ကိုယ်နှစ်သက်တဲ့သီချင်းကိုနားထောင်နေရတဲ့အချိန်မှာ ဦးနှောက်က dopamine ဆိုတဲ့ဓါတ်တစ်မျိုးကိုထုတ်ပေးလို့ စိတ်ခံစားချက်ကို ကောင်းစေတာပါတဲ့။ သီချင်းသံတွေက ပျော်ရွှင်မှု၊ကြည်နူးမှု၊ ဝမ်းနည်းမှု၊ လွမ်းဆွေးမှု၊ ပေါက်ကွဲမှု စတဲ့ ခံစားချက်တွေအမျိုးမျိုးပေးစွမ်းနိုင်တယ်ဆိုတာ လက်ခံတယ်ဟုတ်။ စိတ်ပိုင်းဆိုင်ရာကတော့ ဟုတ်ပါပြီ။ လူ့ကျန်းမာရေးမှာရော ဂီတသံစဉ်တွေက ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာ သိရင် သီချင်းချစ်သူတွေ အရမ်းပျော်မှာပဲနော်။

    သံစဉ်တွေက –

    စိတ်ကိုပျော်ရွှင်စေတယ်။စိတ်ညစ်၊ ဒေါသထွက်၊ စိတ်ဖိစီးနေရင်တောင်မှ တချို့သီချင်းလေးတွေကြောင့် ကိုယ့်အပူတွေကို မေ့သွားစေတဲ့အထိ နစ်မျောသွားစေနိုင်ပါတယ်။ သီချင်းနားထောင်ရင်း စိတ်ခံစားချက်တွေကို ထိန်းသွားနိုင်တယ်၊ ပျော်ရွှင်မှုကိုဖန်တီးယူနိုင်လာတယ်၊ စိတ်ပေါ့ပါးစေတယ်။

    စိတ်ဖိစီးမှုကိုလျော့စေတယ်။ သီချင်းအေးအေးလေးတွေနားထောင်ရင် ငြိမ့်ညောင်းတဲ့သံစဉ်လေးတွေကြောင့် စိတ်ဖိစီးနေတာတွေ၊ ပူပန်သောကတွေကို လျော့စေပြီး စိတ်တည်ငြိမ်စေပါတယ်။ ရောဂါဝေဒနာသည်တွေတောင် သီချင်းသံကြောင့် ကုသမှုမှာပိုထိရောက်တာ၊ နာကျင်မှုသက်သာစေတာတွေရှိပါတယ်။

    မှတ်ဉာဏ်ပိုကောင်းစေတယ်။ တေးသွားသံစဉ်တွေနဲ့ စာသားတွေကို ထပ်ကာထပ်ကာကြားမိနေတဲ့အခါ ဦးနှောက်လုပ်ဆောင်ချက်တွေကိုအားပေးပြီး မှတ်ဉာဏ်ကိုနှိုးဆွသလိုဖြစ်စေပါတယ်။ လေဖြတ်ထားတဲ့လူနာတွေကို လေ့လာတဲ့ သုတေသနတစ်ခုမှာတော့ သီချင်းနားထောင်စေခြင်းကနေ သူတို့ရဲ့မှတ်ဉာဏ်၊ စဉ်းစားနိုင်စွမ်းနဲ့ အာရုံစူးစိုက်နိုင်စွမ်းကိုတိုးတက်လာစေတာတွေ့ရပါတယ်။

    နာကျင်မှုကိုလျော့ပါးစေတယ်။ ခွဲစိတ်လူနာတွေကို လေ့လာတဲ့အခါ မခွဲစိတ်ရသေးခင်၊ ခွဲစိတ်နေချိန် ဒါမှမဟုတ် ခွဲစိတ်ပြီး အချိန်တွေမှာ သီချင်းနားထောင်ရတဲ့လူနာတွေဟာ တခြားလူတွေထက် နာကျင်မှုခံစားရတာပိုလျော့နည်းပါတယ်။

    အားပေးနှစ်သိမ့်မှုရစေတယ်။ ရောဂါကြီးတစ်ခုခုရှိနေသူ သို့မဟုတ် တသက်လုံးစောင့်ရှောက်မှုလိုအပ်နေမယ့် လူနာတွေရဲ့ ကြောက်စိတ်၊ အထီးကျန်စိတ်နဲ့ ဒေါသစိတ်တွေကို ကူညီကုသပေးဖို့၊ ချဉ်းကပ်ဆက်သွယ်ဖို့ ဂီတကို ကုထုံးအဖြစ် အသုံးပြုနေကြပြီဖြစ်ပါတယ်။

    ဉာဏ်ရည်ပိုင်းရောဂါတွေကို ကုသနိုင်တယ်။ အယ်လ်ဇိုင်းမားေကြာင့် မှတ်ဉာဏ်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသူတွေကို သီချင်းနားထောင်စေတာက ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်တွေကို ပြန်ဖော်နိုင်ဖို့အပြင် စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေကိုလည်း ရောဂါကြောင့် မပျောက်သွားအောင်ထိန်းပေးနိုင်ဖို့ အထောက်အကူပေးပါတယ်။

    စိတ်ပင်ပန်းေနချိန် သီချင်းလေးနဲ့ အဖော်လုပ်တာက အားပေးမယ့်မိတ်ဆွေတစ်ယောက်လို၊ ပျော်စရာကောင်းတဲ့သီချင်းလေးတွေနဲ့ ခွန်အားပေးတဲ့သီချင်းတွေနားထောင်ရင်း ရှေ့ဆက်မယ့်ခြေလှမ်းတွေအတွက် အားတွေရှိလာနိုင်တယ်။ ခံစားချက်တွေပေါက်ကွဲလို့ ကောင်းမယ့် သီချင်းအကြမ်းလေးတွေနဲ့လည်း အသားကုန်ဟစ်ပစ်လိုက်လို့ ရင်ထဲပေါ့သွားတာမျိုးလည်းရှိတယ်။ ချစ်ဖို့ကောင်းတဲ့ ဂီတသံစဉ်လေးတွေက သင်နဲ့မကွာ အမြဲရှိနေပေးမှာပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement