backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သဘာဝ ကပ်ဆိုးတစ်ခု ဖြစ်ပွားစဉ် လုံခြုံအောင် ဘယ်လိုနေထိုင်မလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နေထိုင်မှုနည်းလမ်းများ

မနှစ်က ပြည်နယ်တော်တော်များများမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုဟာ တာဝန်ရှိသူတွေရဲ့ ရေကြီးတဲ့အခါ ကြိုတင်ပြင်ဆင်မှုကို ပြန်လည် စမ်းစစ်စရာ ဖြစ်သွားခဲ့ပါတယ်။ သင့်မိသားစုကို လုံခြုံစိတ်ချရစေဖို့ ကြိုတင် ပြင်ဆင်ဖို့ လိုအပ်ပါတယ်။

ဘာဖြစ်လာမလဲ မသိတဲ့အရာကို ကြိုတင်ပြင်ဆင်ရတာဟာ အချိန်ယူရပါတယ်။ ဒါပေမယ့် ဒုက္ခရောက်တဲ့အခါမှာ စိတ်အေးသက်သာနေရတဲ့ တန်ဖိုးကို ကြည့်မယ်ဆိုတော့ အငြင်းပွားဖို့ ခက်ခဲပါတယ်။ ကပ်ဆိုးတွေဟာ သင့်အိမ်မှာ အချိန်မရွေး ကျရောက်နိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ ကပ်ဆိုးတွေရဲ့ ခေါင်းမူးဖွယ် စာရင်းဟာ ကြောက်စရာကောင်းပါတယ် (ရေကြီးမှု၊ မြေပြိုမှု၊ ငလျင်လှုပ်မှု၊ မုန်တိုင်းနဲ့ အကြမ်းဖက်မှု)။

စဉ်းစားရတာအောင် စိတ်ပျက်ဖို့ကောင်းပေမယ့် ကပ်ဘေးအချိန်မရွေး ဖြစ်ပွားနိုင်တယ်ဆိုတဲ့အတွေးဟာ တကယ်ဖြစ်လာတဲ့အခါ ပြင်ဆင်ဖို့ အကျိုးရှိပါတယ်။ အချက်အနည်းငယ်နဲ့ သင့်ဘဝကို အရေးပေါ်အချိန်တွေမှာ လွယ်ကူမှုဖြစ်စေနိုင်ပါတယ်။

ကပ်ဘေးပြင်ဆင်မှုနဲ့ အရေးပေါ်ထုပ်ပိုးမှုနဲ့ ပတ်သက်ပြီး အကြံပေးစကား အများအပြား ရှိပါတယ်။ ဒီဆောင်းပါးမှာ အသက်ရှင်နေနိုင်ဖို့၊ ကပ်ဘေးပြင်ဆင်ထုတ်ပိုးမှုနဲ့ ၎င်းကို လတ်ဆတ်စွာ ထားသိုဖို့ လူသုံးများတဲ့ အကြံပြုချက်တွေ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ဒါတွေကပဲ သင့်ဘဝကို ကယ်တင်နိုင်မှာပါ။

ကပ်ဘေးနဲ့ ပတ်သတ်တဲ့ ကြိုတင် စီမံမှုပြုလုပ်ခြင်း

သင်နေတဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့်ပါ။ မုန်တိုင်းဝင်နိုင်တဲ့ ပတ်ဝန်းကျင်မှာ နေပါသလား။ ရေကြီးနိုင်တဲ့ နေရာမှာ နေပါသလား။ ငလျင်လှုပ်တတ်တဲ့ နေရာမှာ နေပါသလား။ ဒီလို ကပ်ဆိုး အမျိုးမျိုးနဲ့ ကြုံလာခဲ့ရင် ဘာလုပ်မယ်ဆိုတာ လေ့လာပါ။

အရေးပေါ် ဘေးကင်းရာသို့ ပြောင်းရွှေ့နိုင်တဲ့ လမ်းကြောင်းတွေ ရှာဖွေပြီး သင့်မိသားစုနဲ့ တိုင်ပင်ဆွေးနွေးပါ။ သင့်အိမ်ကို ထားခဲ့ဖို့နဲ့ သင့်ပတ်ဝန်းကျင် (သို့) မြို့က ကပ်ဘေးဖြစ်လာရင် လွတ်မြောက်ဖို့ အကောင်းဆုံးနည်းလမ်းတွေကို သတ်မှတ်ပါ။

သင့်အိမ်အတွင်းမှာ သင်ချစ်တဲ့သူတွေနဲ့ မတွေ့ဆုံနိုင်ဘူးဆိုရင် သင့်ပတ်ဝန်းကျင်မှာ တွေ့ဆုံဖို့ နေရာ သတ်မှတ်ပါ။ (ဥပမာ ဘေးအိမ်ရဲ့ သစ်ပင်). ဒီလိုမျိုးမဖြစ်နိုင်ရင် တခြားတွေ့နိုင်တဲ့နေရာကို စီစဉ်ပါ (ဥပမာ ပတ်ဝန်းကျင်က ကော်ဖီဆိုင် (သို့) စာကြည့်တိုက်). ဒါဟာလည်းမဖြစ်နိုင်သေးဘူးဆိုရင် သင့်ပတ်ဝန်းကျင်ရဲ့ အပြင်ကို ဘေးကင်းစွာ ပြောင်းရွှေ့နိုင်တဲ့ အစီအစဉ်တွေ ရှာဖွေကြည့်ပါ။

အစီအစဉ် ၁၊ ၂၊ ၃ ဆိုပြီး ထားရှိတဲ့အကြံကတော့ မဆိုးပါဘူး။ သင့် အစီအစဉ်တွေက ဘယ်လိုပဲဖြစ်ပါစေ၊ သင့်မိသားစုဝင်အားလုံး သိရှိပြီး မတူညီတဲ့ အခြေအနေတွေမှာ ဘာတွေလုပ်ရမလဲဆိုတာကိုလဲ သိရှိပါစေ။

အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပတ်

တချို့အခြေအနေတွေမှာ တွေ့ဆုံမှုတောင် လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါဆိုရင် မြို့ပြင်က ဆက်သွယ်နိုင်တဲ့ ဖုန်းနံပတ်တွေ ရှိထားတာ ကောင်းပါတယ်။ ကပ်ဘေးအတွင်းမှာ တယ်လီဖုန်းလိုင်းတွေနဲ့ အနီးနအနားက တယ်လီဖုန်း ကွန်ရက်တွေ ပြတ်တောက်နိုင်တဲ့အတွက် ဝေးတဲ့နေရာကို ခေါ်လို့ ပိုလွယ်နိုင်ပါတယ်။

ကလေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူတွေအတွက် အရေးပေါ် အစီအစဉ်တွေမှာ အသေးစိတ်ကို ပိုမိုအာရုံစိုက်ဖို့ လိုပါလိမ့်မယ်။ ဥပမာ မိဘတွေဟာ ကလေးတွေ ကျောင်းရောက်နေတယ်ဆိုရင် အိမ်ရဲ့အစီအစဉ်ကို လိုက်နာမယ့်အစား ကျောင်းရဲ့ အရေးပေါ်ရွှေ့ပြောင်းတဲ့ အမိန့်တွေကို လိုက်နာပါတယ်ဆိုတာမျိုး ပြောပြထားသင့်ပါတယ်။

အရေးပေါ်အထုတ်အပိုး ပြင်ဆင်ပါ။

ကပ်ဘေးအတွင်းမှာ ဘာဖြစ်မယ်ဆိုတာ ပြောလို့မရပေမယ့် အဓိက လိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ရေ၊ မီးနဲ့ ဖုန်းလိုင်းတွေဟာ ပျက်တောက်တတ်ပါတယ်။ ပြန်လည်ပြင်ဆင်မှု (သို့) အကူအညီတွေဟာလည်း နေ့တော်တော်ကြာအောင် မရောက်လာတာမျိုးဖြစ်နေတတ်ပါတယ်။ သင့်အိမ်ကို ထားသွားရတာမျိုး ပြန်မလာနိုင်တာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် သင့်လက်တစ်ကမ်းမှာ တချို့ပစ္စည်းတွေ ထားရှိသင့်ပါတယ်။

ကြက်ခြေနီက သင့်ကို အဓိကကျတဲ့ အရာခြောက်ခုကို ထုပ်ပိုးဖို့ အကြံပြုထားပါတယ်။

  • ရေ – လူတစ်ယောက်ကို တစ်နေ့ တစ်ဂါလံရရှိပါစေ။ လူတစ်ယောက်တစ်နေ့စာအတွက် ထိုရေရဲ့ တစ်ဝက်ကို သောက်သုံးဖို့နဲ့ နောက်တစ်ဝက်ကို အစားအသောက်ပြင်ဆင်ဖို့နဲ့ အိမ်သာသုံးဖို့ အသုံးပြုသင့်ပါတယ်။
  • အစားအစာ – သေးငယ်ပေါ့ပါးတဲ့ မပုပ်မသိုးနိုင်ပဲ ရေခဲ သေတ္တာထဲ ထည့်ထားရန်၊ ပြင်ဆင်ရန်၊ ချက်ပြုတ်ရန်မလိုတဲ့ အစားအစာတွေကို ရွေးချယ်ပါ။ အလွယ်တကူစားနိုင်တဲ့ အသား၊ အသီး၊ အရွက်၊ အသင့်သောက် ဖျော်ရည်၊ ပင်မအစာ (ဆား၊ သကြား၊ ငရုတ်ကောင်း၊ ငရုတ်သီး)၊ အားအင်ပြည့်ဝတဲ့ အစာများ၊ ဗီတာမင်၊ ကလေးငယ်အတွက်အစာ၊ လွယ်ကူတဲ့အစာတွေကို အကြံပြုထားပါတယ်။ သင်ပုံမှန်အတိုင်းစားချင်တဲ့ အစားအစာတွေကိုသာ သိုလှောင်ပါ။ သင်စားနေကျအစာတွေဟာ ခက်ခဲတဲ့အချိန်တွေမှာ သင့်စိတ်ဓါတ်ကို မြှင့်တင် ပေးပါလိမ့်မယ်။ အစားအစာကို မီးအပူပေးမှ ရမယ်ဆိုရင် sterno တစ်ဘူးဆောင်ထားပါ။
  • ရှေးဦးသူနာပြုစုနည်း ကစ် – အိမ်မှာ တစ်ခု ကားတစ်ခုချင်းစီပေါ်မှာ တစ်ခုစီထားထားပါ။ ဆရာဝန် ညွှန်ကြားချက်မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ ဝမ်းလျှောပျောက်ဆေး၊ ဗိုက်နာပျောက်ဆေး၊ အအန်ပျောက်ဆေးနဲ့ ဝမ်းသွားဆေးတို့ကိုဆောင်ထားသင့်ပါတယ်။
  • အဝတ်အစားနဲ့အိပ်ရာ – လူတစ်ယောက်ကို အနည်းဆုံး အပြည့်အစုံလဲဖို့ အဝတ်အစားနဲ့ ဖိနပ်တစ်စုံစာ (အလုပ်ဝတ်ဖိနပ်၊ ဘွတ်ဖိနပ်)တော့ ဆောင်ထားသင့်ပါတယ်။ ရာသီဥတုအလိုက် ပစ္စည်းတွေဖြစ်တဲ့ ဦးထုတ်၊ လက်အိတ်၊ အပူထိန်း အတွင်းခံ၊ အပေါ်ထပ်၊ ကုတ်အကျီၤ၊ နဲ့ နေကာမျက်မှန်တွေကို မမေ့လျော့သင့်ပါဘူး။ စောင်နဲ့ လူတစ်ကိုယ်စာ ဝင်အိပ်နိုင်တဲ့ အိပ်ကိုလည်း ဆောင်ထားပါ။
  • အရေးပေါ်ကိရိယာများ – မီးဖိုချောင်သုံးပစ္စည်းတွေဖြစ်တဲ့ အဖုံးဖွင့်တံ၊ ဓါး၊ တစ်ခါသုံး ပန်းကန်၊ ခွက်နဲ့ အိုးခွက်ပန်းကန်တွေကို သိမ်းဆည်းပါ။ သန့်ရှင်းဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဖြစ်တဲ့ အိမ်သာစက္ကူ၊ လက်သုတ်ဝတ်၊ ဆပ်ပြာ၊ ဆပ်ပြာရည်၊ အမျိုးသမီးသုံး ပစ္စည်းတွေနဲ့ အခြား တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက်လိုအပ်တဲ့ပစ္စည်းတွေကို မမေ့သင့်ပါဘူး။ အရေးပေါ် ပြင်ဆင်မှုလမ်းညွှန်စာအုပ်ကို လက်တစ်ကမ်းမှာ ထားပါ။ သင့်ရဲ့အိတ်ထဲမှာ ဓါတ်မီးနဲ့ ဘက်ထရီထည့်ရတဲ့ ရေဒီယိုတစ်ခု ပါပါစေ။ နှစ်ခုလုံးအတွက် ဓါတ်ခဲအပို ယူဆောင်လာပါ။ ပိုက်ဆံ (သို့) ချက်လက်မှတ်တို့ကို ဆောင်ယူပါ။ အကြွေစေ့တွေကိုလည်း ဆောင်ထားပါ။ တခြားပါဝင်သင့်တဲ့ ပစ္စည်းတွေကတော့ ရေလုံတဲ့ ဘူးတစ်ခုထဲမှာမီးခြစ်ဆံ၊ သံလိုက်အိမ်မြှောင်၊ ပလာရာ၊ အလူမီနီယမ် သတ္တုလွှာ၊ ပလပ်စတစ်ဘူးတွေ၊ အချက်ပြမီး၊ စာရွက်၊ ခဲတံ၊ အပ်၊ အပ်ချည်၊ ဆေးစက်ချတဲ့ ဖန်ပြွန်၊ ဝီစီ၊ တိတ်၊ ပလပ်စတစ်အခင်းနဲ့ အနီးအနားက နားခိုစရာတွေ ရှာဖွေဖို့ မြေပုံတို့ဖြစ်ပါတယ်။
  • ကျန်းမာရေးဆိုင်ရာ အခြေအနေအတွက် အထူးသောက်ရတဲ့ဆေးများ – ကလေးတွေအတွက်ဆိုရင် နို့မှုန့်၊ အနှီး၊ ပုလင်းနဲ့ ဆေးတွေကိုဆိုလိုပါတယ်။ လူကြီးတွေကတော့ သူတို့လိုအပ်တဲ့ အင်ဆူလင်၊ ဆေး၊ သွားပစ္စည်း၊ မျက်ကပ်မှန်နဲ့ မျက်မှန်တစ်စုံအပိုတို့ကို သတိတရ ယူဆောင်သင့်ပါတယ်။

သင့်ပစ္စည်းတွေကို လေလုံ၊ သယ်ရလွယ်တဲ့ဘူးတွေနဲ့ထည့်ပြီး ကပ်ဘေးမသက်ရောက်နိုင်တဲ့ အလွယ်တကူ ယူငင်နိုင်တဲ့ နေရာတွေမှာထားပါ။ ပစ္စည်းတွေကို ကောင်းမွန်တဲ့ အခြေအနေမှာထားဖို့ ပြောင်းလဲတဲ့ အခြေအနေတွေကို ထိတွေ့မှုမရှိတဲ့ အေးမြခြောက်သွေ့တဲ့ နေရာမှာထားပါ။ သင့် ကစ်ကိုလည်း ခြောက်လတစ်ကြိမ် ပြန်လည် မွမ်းမံပါ။

ရေကြီးခြင်းမှ ပြန်လည် နာလန်ထူမှုဆိုင်ရာ အကြံပေးချက်များ

မလေးရှားမှာ ရေကြီးမှုဆိုတာ အဖြစ်အများဆုံး ကပ်ဆိုးတစ်ခုဖြစ်ပါတယ်။ ရေကြီးပြီးရင် သင့်ဘဝကို ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ကြာမြင့်တတ်ပါတယ်။

  • တာဝန်ရှိသူတွေက သင့်ပတ်ဝန်းကျင်မှာ စိတ်ချရပြီဆိုမှ အိမ်ပြန်ပါ။
  • အိမ်ထဲမဝင်ခင် ချောင်နေတဲ့ မီးကြိုး၊ ပျက်စီးနေတဲ့ ဓါတ်ကြိုး၊ အုတ်မြစ် ကွဲအက်မှုများ (သို့) အခြားသော ပျက်စီးမှုများကို ရှာဖွေပါ။
  • သင့်အိမ်ရဲ့ အစိတ်အပိုင်းတစ်ချို့ ပျက်စီး ပြိုလဲနေတာ တွေ့ရနိုင်ပါတယ်။ အဝင်ဝကို သတိထားပြီး ချဉ်းကပ်ပါ။ ဆင်ဝင်၊ အမိုးနဲ့ အုပ်မိုးနေတဲ့ အရာတွေမှာ လိုအပ်တဲ့ ထောက်ပံ့မှုတွေ ရှိမရှိ သေချာ စမ်းစစ်ပါ။
  • တောရိုင်းတိရစ္ဆာန်တွေကို သတိထားပါ။ အထူးသဖြင့် အဆိပ်ရှိတဲ့ မြွေတွေဟာ ရေကြီးခြင်းနဲ့အတူ သင့်အိမ်ထဲကို ဝင်လာခဲ့နိုင်ပါတယ်။
  • သင် ဂတ်စ်နံ့ (သို့) ရှူးရှူမြည်သံကြားရင် အမြန်ဆုံးထွက်ခွာပြီး မီးသတ်ဌာနကို အကြောင်းကြားပါ။
  • အိမ်ပြင်မှာ မီးပြတ်နေတယ်ဆိုရင် ဗွက်အိုင် (သို့) ရေအိုင်ထဲကို ခြေမလှမ်းပါနဲ့။
  • ကလေးတွေနဲ့ တိရိစ္ဆာန်တွေကို အန ္တရာယ်ရှိတဲ့ ရေကြီးနေတဲ့ နေရာတွေကနေ ဝေးဝေးနေပါစေ။
  • သန့်ရှင်းရေးလုပ်ပစ္စည်း၊ ပန်းချီဆွဲတဲ့ ပစ္စည်း၊ ဓါတ်ခဲ၊ နဲ့ ညစ်ညမ်းတဲ့ ဓါတ်ဆီထည့်တဲ့ဘူးတွေဟာ အန ္တရာယ်ရှိပါတယ်။ ၎င်းတို့ကို စွန့်ပစ်ဖို့ အာဏာရှိသူတွေဆီက အကူအညီယူသင့်ပါတယ်။
  • သန့်ရှင်းရေးလုပ်တဲ့ နေရာမှာ ရာဘာလက်အိတ်နဲ့ ရာဘာဖိနပ်အပါအဝင် ထူထဲတဲ့ အဝတ်အစားတွေကို ဝတ်သင့်ပါတယ်။
  • သင့်အစားအစာနဲ့ ရေကို လုံခြုံမှုရှိပါစေ။ ရေကြီးစဉ်ရေနဲ့ ထိတွေ့တဲ့ ဆီသွတ်ဘူး၊ ရေဘူး၊ ပလပ်စတစ် အသုံးအဆောင်တွေနဲ့ ကလေးနို့ဘူးတွေကို လွှင့်ပစ်ပါ။ ထိတွေ့မှု ရှိ မရှိ မသေချာရင်လည်း လွှင့်ပစ်ပါ။
  • ရေညစ်ညမ်းမှု ရှိမရှိ သိရှိရန် သင့်ရဲ့ ဒေသခံ (သို့) ပြည်နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုဌာနကို ဆက်သွယ်ပါ။ ရေကို သန့်စင်အောင်လုပ်ရန်သော်လည်းကောင်း ကျိုချက်ရန်သော်လည်းကောင်း လိုအပ်ပါလိမ့်မယ်။ ညစ်ညမ်းနိုင်တဲ့ ရေတွေကို ပန်းကန်ဆေးဖို့၊ သွားတိုက်ဖို့၊ အစာပြင်ဆင်ဖို့၊ လက်ဆေးဖို့၊ ရေခဲပြုလုပ်ဖို့ (သို့) ကလေးအာဟာရ ပြုလုပ်ဖို့ အသုံးမပြုပါနဲ့

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement