လိင်ဆန္ဒမြင့်ပေးနိုင်တဲ့အစားအစာတွေဆိုတာ စားနေကျထဲက ခွဲထွက်ထားတဲ့ အစားအစာဆန်းတွေမဟုတ်ပါဘူး။ အချို့သောအစားအစာများကိုစားသုံးခြင်းက သင့်လိင်ဆန္ဒကို ကောင်းကျိုးသက်ရောက်နိုင်ပါတယ်ဆိုတဲ့ လူသိများတဲ့အယူအဆကို သိပ္ပံနည်းနဲ့ အတည်ပြုထားပါတယ်။Zinc ဓါတ်ဟာ testosterone ဟော်မုန်းထုတ်လုပ်ရာမှာ ကူညီခြင်းဖြင့် လိင်စိတ်တက်စေပါတယ်။ ကမာကောင်တွေမှာ အခြားမည်သည့်အစားအစာထက်မဆို zinc ဓါတ်ပို ပါဝင်ပါတယ်။ အခြား ရနိုင်တဲ့ အစားအစာတွေကတော့ အနီရောင်အသားများ (အထူးသဖြင့်လျှင်, မြက်ကျွေးပြီးမွေးထားတဲ့ ကျန်းမာသန်စွမ်းမှုလည်းရှိတဲ့အမဲသား) , ကဏန်းနှင့်သီဟိုဠ်စေ့တို့ပါဝင်ပါတယ်။
4. သင့်ရဲ့ဂလူးကို့စ် ပမာဏကိုထိန်းချုပ်ပါ
သိသာတာကတော့ ဒီအချက်ကို ခန္ဓါကိုယ်တစ်ခုလုံးအတွက်လိုအပ်တာဖြစ်ပြီး သင့်ရဲ့မလိင်အင်္ဂါကို လည်း ကောင်းကျိုးပေးပါလိမ့်မယ်။ သွေးတွင်းသကြားဓါတ်ကို ပုံမှန်ပမာဏမှာထိန်းထားတာဟာ အာရုံကြောပျက်စီးမှုကိုကာကွယ်ပေးခြင်း၊ သွေးကြောပျက်စီမှုမှကာကွယ်ပေးခြင်း ၊ သင့်ရဲ့လိင်အင်္ဂါရောဂါကူးစက်မှုကိုတားဆီးပေးခြင်း စတဲ့ အကျိုးတွေရနိုင်ပါတယ်။ ဂလူးကိုစ့်များတဲ့ အစာတွေစားမေယ့်အစား အစေ့, ပရိုတိန်း, သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များ စားပါ။ ကယ်လိုရီပမာဏစောင့်ကြည့်တာလည်း မရှိမဖြစ်အရေးပါပါတယ်။ အစားအစာနည်းနည်းစားတာက အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို နှိုးဆော်မှုနည်းစေပါတယ်။ ဒါကြောင့် ပိုထိရောက်ပြီး ပန်ကရိယအတွင်းက အင်ဆူလင်ထုတ်ပေးတာကို တားနေတဲ့ အဆီပို တွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။
5. လှုပ်ရှားပါ။
သုတေသနတွေအရ လေ့ကျင့်ခန်းတွေက ဆီးချိုရောဂါ လက္ခဏာတွေ နောက်ပြန်ဆုတ်အောင်လုပ်ပေးတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။ ဒါ့အပြင် သင့်လိင်မှုဘဝဘဝမှာလည်း နှလုံးသန်မာစေခြင်း ၊ ပျော့ပြောင်းစေခြင်းနှင့်သက်လုံတိုးတက်အောင်လုပ်ပေးနိုင်ခြင်း စတာတွေနဲ့ သင့်ကို အံ့သြသင့်စေမှာပါ။ မာရသွန်လျောက်ဖို့အထိမလိုပါ။ ယောဂလို သာမန် လှုပ်ရှားမှုတွေက အရေးကြီးသောအင်္ဂါများသို့ သွေးစီးဆင်းမှုကိုတိုးမြှင်ပေးခြင်းဖြင့် လက်ချောင်းနဲ့ခြေချောင်းကဲ့သို့ အာရုံကြောပျက်စီးမှုရှိနေတဲ့နေရာတွေမှာပါ ခံစားမှုပြန်ရလာနိုငိပါတယ်။
6. Sugar free ချောဆီကိုသုံးပါ။
ချောဆီကတော့ လူတိုင်းရဲ့လိင်ပိုင်းဆိုင်ရာ နှိုးဆမှု ပစ္စည်းတစ်ခု ဖြစ်ပေမယ့် ဆီးချိုရောဂါရှင်တွေမှာတော့ သုံးမယ့် lubes ကို စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ တချို့ချောဆီတွေမှာ glycerin နှင့် propylene glycol လို သကြားဓါတ်တွေပါဝင်ပြီး pH ကိုပျက်စေကာ မှိုကူးစက်ရောဂါတွေဖြစ်စေတတ်ပါတယ်။ သင့်ရဲ့လိင်အင်္ဂါအတွင်းက ရှိပြီးသား သကြားဓါတ်ကို ပိုပြီးထပ်ထည့်လိုက်သလို ဖြစ်သွားပါတယ်။ ဒါကြောင့် ပါဝင်ပစ္စည်းစာရင်းကို သေချာကြည့်ပါ။ ဆီလီကွန်ပါဝင်တဲ့ lube ကိုရွေးချယ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။