ကျိုတိုစီရင်စု ဆေးတက္ကသိုလ်ရဲ့ သုတေသနတွေ့ရှိမှုအရ လက်သန့်ဆေးရည်တွေဟာ တုပ်ကွေးဗိုင်းရပ်စ် influenza A ကို သုတ်သင်နိုင်ဖို့ အနည်းဆုံး ၄မိနစ်လောက်ကြာအောင် ဆေးပေးရမှာပါ။
influenza A ဗိုင်းရပ်စ်ရဲ့အမှုန်စက်တွေမှာ ပတ်လည်ရှိနေတဲ့အချွဲတွေက ဗိုင်းရပ်စ်ကို ကာကွယ်ပေးနေတာကြောင့် သာမန် ၂ မိနစ်လောက် ဆေးရုံနဲ့ ဗိုင်းရပ်စ်တွေက မသေသွားပါဘူး။
ရေနဲ့လား ၊ Hand Gel လား
ရောဂါပိုးတွေ ကာကွယ်ဖို့ အကောင်းဆုံးက ရေ၊ ဆပ်ပြာ သုံးရတဲ့ သမားရိုးကျ လက်ဆေးနည်းပါပဲ။ ဆပ်ပြာမရှိရင် ရေနဲ့ပဲဆေးတာတောင် ထိုက်သင့်သလောက် သန့်စင်ပစ်နိုင်ပါတယ်။ လက်ဆေးတဲ့အခါ စက္ကန့် ၂၀ လောက်တော့ လက်ကို သေချာဆေးကြောဖို့တော့လိုပါတယ်။
အပေါ်မှာပြောခဲ့သလို ရေနဲ့ဆပ်ပြာမရှိတဲ့အခါ၊ လက်ဆေးဖို့ အခြေအနေမပေးတဲ့အခါ၊ သွားရင်းလာရင်း လက်သန့်ချင်တဲ့အခါ alcohol ပါဝင်မှု အနည်းဆုံး ၆၀ ရာခိုင်နှုန်းရှိတဲ့ Hand Gel တွေသုံးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။