backup og meta

မောပန်းနွမ်းနယ်မှုကို ဘယ်လို တွန်းလှန်မလဲ

ပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်ဖိစီးမှုဆိုတာ ဘယ်သူနဲ့မဆို သက်ဆိုင်ပြီး လူကြီးတွေနဲ့ ကျောင်းသားအရွယ်တွေမှာလည်း ရှိတတ်ပါတယ်။ ဒီလိုဖြစ်လာရင် ကိုယ့်ရဲ့လုပ်နိုင်စွမ်း ကျလာတတ်ပါတယ်။ ဒါကို ဘယ်လိုတွန်းလှန်ရမလဲဆိုတာ သင့်အနေနဲ့ စဉ်းစားရကြပ်နေနိုင်ပါတယ်။ ယခုဆောင်းပါးမှာတော့ တိကျတဲ့အဖြေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

မောပန်းနွမ်းနယ်မှုကို ဘယ်လို တွန်းလှန်မလဲ

ဖြစ်စေတဲ့အကြောင်းအရင်းများ

• အရက်နှင့် မူးရစ်ဆေးဝါးသုံးစွဲခြင်း

• လေယာဉ်စီးလာပြီး နေရာဒေသအပြောင်းအလဲကြောင့် နေ့နဲ့ညမှားခြင်း

• ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

• အိမ်ချိန်လုံလောက်စွာမရှိခြင်း

• ကျန်းမာရေးအတွက်သင့်တော်တဲ့အစားအသောက်မရှိခြင်း

လက္ခဏာများ

• စိုးရမ်ပူပန်နေရခြင်း

• ဆီးချို

• အဝလွန်ခြင်း

• စိတ်ဖိစည်းခြင်း

• နှလုံးရောဂါ

• စိတ်ကျရောဂါ

• ဟိုက်ပါသိုင်းရွိက် (သိုင်းရွိက်ဟော်မုန်းများခြင်း)

• ဟိုက်ပိုသိုင်းရွိက် (သိုင်းရွိက်ဟော်မုန်းနည်းခြင်း)

ကုသမှု

၁။ လှုပ်လှုပ်ရှားရှားနေပါ – သင့်အနေနဲ့ ပင်ပန်းနေတယ် အိပ်ချင်နေတယ်လို့ ခံစားနေရရင်တောင် လေ့ကျင်ခန်းလုပ်ပါ။ ဒီနည်းက သင့်ရဲ့ ကိုယ်ခန္ဓါစွမ်းရည်ကို ပြန်လည်မြင့်တက်စေပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်ခန္ဓါကြံခိုင်သန်စွမ်းစေပြီး နှလုံး၊ အဆုတ်၊ ကြွက်သားတို့ရဲ့ စွမ်းရည်တိုးစေပါတယ်လို့ ပါမောက္ခ ကယ်ရီဂျေစတီးဝဂ် (ဆေးဝါးနှင့်ကိုယ်ကာယ လှုပ်ရှားမှုသုတေသန) က ဆိုထားပါတယ်။

၂။ စောစောအိပ်ယာဝင်ပါ – အိမ်ရေးပျက်တာက မလိုလားအပ်တဲ့ မတော်တဆမှုတွေကို ဖြစ်စေသလို၊ စိတ်အာရုံစူးစိုက်မှုကိုလည်း လျှော့နည်းစေပြီး ပင်ပန်းနွယ်နယ်မှု ဖြစ်စေပါတယ်။ ဒီတော့ အိပ်ယာစောစောဝင်ပါ။ အိပ်ရေးဝဝ အိပ်ပါ။

၃။ ခန္ဓါကိုယ်က စွမ်းရည်အမြင့်ဆုံးအချိန်နဲ့ ကိုက်ညီအောင်လုပ်ပါ။ – ညဘက်မှာ အလုပ်ကောင်းကောင်းလုပ်နိုင်သူနဲ့ အလုပ်ချိန်အဆုံးပိုင်းမှာ စွမ်းရည်အမြင့်ဆုံး ဖြစ်နေသူကြားက ခြားနားချက်ဆိုတာ ဦးနှောက်ရဲ့ ဖွဲ့စည်းပုံနဲ့ မျိုးရိုးဆိုင်ရာ သတ်မှတ်ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် ဒါကို လွယ်လွယ်နဲ့တော့ ပြောင်းလို့မရနိုင်ပါဘူး။ ဒါကြောင့် အလုပ်အချိန်ကို အစီအစဉ်ပြန်ဆွဲပါ။ သင့်ရဲ့ စွမ်းရည်အမြင့်ဆုံးအချိန်နဲ့ ကိုက်ညီပါစေ။

၄။ ကိုယ်အလေးချိန်ထိန်းသိမ်းပါ – အဝလွန်တာက လူငယ်ရောလူကြီးမှာပါ ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန် လွန်ကဲနေတာက ခန္ဓါကိုယ်အတွက် မကောင်းနိုင်တဲ့အပြင် မိမိကိုယ်ကို ယုံကြည်မှုကျစေပါတယ်။ အိပ်စက်ရာမှာ အနှောင့်အယှက်ဖြစ်နိုင်တာကြောင့် စွမ်းအင်အပြည့်အဝ ရနိုင်မှာမဟုတ်ပါဘူး။

၅။ ကျန်းမာရေးနဲ့ညီညွတ်တာစားပါ – လိုအပ်တဲ့အစာအဟာရ ရှိနေမှသာ သင့်ရဲ့တစ်နေ့တာမှာ စွမ်းအင်ပြည့်နေမှာ ဖြစ်ပါတယ်။ ဝိတ်မတက်စေဘဲ အားအင်ဖြစ်စေတဲ့ အစာတွေအဖြစ် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အဆီထုတ်ထားတဲ့နို့၊ အသားတွေကို တချို့က ညွှန်းဆိုပါတယ်။

ဆရာဝန်နဲ့တိုင်ပင်ပါ – ကာလရှည်ကြာစွာ ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပြီး လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ ရယူပါ။

မောပန်းနွယ်နယ်မှုတွေက ကျန်းမာရေးနဲ့ အလုပ်အတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလိုတွေမဖြစ်ဘဲ အကောင်းဆုံးအခြေအနေကို ရဖို့ဆိုရင်တော့ သင့်အနေနဲ့ ဇွဲကောင်းစိတ်ရှည်ဖို့ လိုပါတယ်။

Hello Health Group သည် မည်သည့် ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည် ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Reference: Fatigue,

http://www.mayoclinic.org/symptoms/fatigue/basics/causes/sym-20050894

Accessed March 15, 2017.
2. 9 ways to get your energy back,

http://www.webmd.com/balance/guide/get-energy-back

Accessed March 15, 2017.
3. Learn how to fight fatigue,

http://www.everydayhealth.com/rheumatoid-arthritis/living-with/how-to-fight-fatigue-and-stop-feeling-tired/

Accessed March 15, 2017.

ယခုပုံစံ

12/05/2020

Written by Dr. Phio Thiha

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

မပြေးလွှားခင် လုပ်ဆောင်နိုင်တဲ့သွေးပူလေ့ကျင့်ခန်းများ


Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung) · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ