backup og meta

ရေခဲသေတ္တာထဲက အစားအသောက်တွေနှင့် ပတ်သက်ပြီး သိသင့်သည့် အချက် ၁၀ ချက်

ရေခဲသေတ္တာထဲက အစားအသောက်တွေနှင့် ပတ်သက်ပြီး သိသင့်သည့် အချက် ၁၀ ချက်
ရေခဲသေတ္တာထဲက အစားအသောက်တွေနှင့် ပတ်သက်ပြီး သိသင့်သည့် အချက် ၁၀ ချက်

သင်နေသည့် နေရာကျဉ်းနေပါက ရေခဲသေတ္တာအသေးတစ်ခုသာ သင့်အတွက်အကောင်းဆုံးရနိုင်သောပစ္စည်းဖြစ်သည်။ သို့သော် ရေခဲသေတ္တာအသစ်က သင်အစားအသောက်နည်းနည်းပဲ စားရမည်ဟုမဆိုလိုပါ။ အောက်ပါ (၁၀) ချက်က ကျန်းမာသော ရေခဲသေတ္တာလေးဖြစ်အောင်လုပ်နည်းကိုဖော်ပြထားသည်။

၁။ အဆီနည်းသော ချိစ်ကိုသိမ်းထားပါ။

ကောက်နှံတစ်ခုလုံးအပြည့်ပါသော ပေါင်မုန့်နှင့် အဆီနည်းသောချိစ်က အင်အားများများမြန်မြန်ရစေသော သရေစာဖြစ်သည်။ ပိုကောင်းသောအရာမျိုးလိုပါက ချိစ်ကို ကြက်ဥနှင့် မိုက်ခရိုဝေ့စ်ထဲ ထည့်ကင်ပြီး လုပ်နိုင်သည်။

၂။ အသီးအရွက်များစွာ ဝယ်ပါ

ဝယ်ပြီးဖြတ်ထားပြီး သင်ရေခဲသေတ္တာသေးအတွင်းသို့ သိမ်းထားခြင်းက သရေစာ သို့မဟုတ် အသားလုပ်ပြီး အဆင်သင့်ဖြစ်နိုင်သည်။ ဂျီးမများပါနှင့်။ အသီးအရွက်တွေက သင့်အတွက်ကျန်းမာရေးကောင်းစေပါသည်။

၃။ အသီးစားရန် မမေ့ပါနှင့်။

လတ်ဆတ်သော သို့မဟုတ် ခဲထားသောအသီးများ၊ အခြောက်ခံထားသော စီမံထားသောအသီးများကို သင်ကြိုက်သလိုစားနိုင်သည်။ အသင့်ပြင်ထားသော အသီးအားသကြားသတိထားထည့်ပါ။ သင့်သရေစာထဲ အသီးထည့်စားခြင်းက ပိုအရသာရှိစေသည်။

၄။ ရေ။

ပြောစရာမလိုလောက်အောင် ခန္ဓာကိုယ်အတွက် ရေကိုလိုအပ်ပါသည်။ သင်ရေငတ်နေပါက အချိုရည်ထက် ရေကိုသာသောက်သုံးပါ။

၅။ အခွံမာသီးများ သိမ်းထားပါ။

သစ်ကြားသီး၊ မြေပဲ၊ သစ်အယ်သီး၊ အခွံအညိုရောင်ရှိပြီး ခပ်ဆိမ့်ဆိမ့်အရသာရှိတဲ့ အခွံမာသီးတစ်မျိုးဖြစ်တဲ့ pistachios လိုမျိုး အစေ့အဆန်တွေက ရေခဲသေတ္တာထဲထည့်သိမ်းပါက ကြာရှည်ခံသည်။ ဒီအစေ့အဆန်တွေမှာ အဆီ၊ ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါသည်။ မြေပဲထောပတ်နဲ့ သစ်အယ်သီးထောပတ်တွေကို ပန်းသီး သို့မဟုတ် ဂျုံကြမ်းပေါင်မုန့် မီးကင်ထားတာလိုမျိုး အစားအစာတွေနဲ့ တွဲဖက်စားသုံးတဲ့အခါ တော်တော်လေးအရသာရှိပါတယ်။

၆။ ကြက်ဥ။

ရေခဲသေတ္တာတိုင်းတွင် ကြက်ဥက ပါသင့်သည်။ မနက်စာအတွက် ကြက်ဥမွှေကြော်စားလို့ရပါတယ်။ အာဟာရပြည့်ဝပြီး ချက်ပြုတ်ရလွယ်ကူသည့် အစားအစာတစ်မျိုးပါပဲ။

၇။ နို့နှင့် ဒိန်ချဉ်။

နို့နှင့်ဒိန်ချဉ်က အရသာရှိရုံမက အာဟာရလည်းရှိသည်။ အခြားအစားအစာ ဥပမာ အသီးအနှံများနှင့်လည်း တွဲစားနိုင်သည်။ ဘာမှမရှိပါက ဒီတိုင်းလည်းစားနိုင်သည်။ မနက်စာနှင့် သရေစာစားလည်းသင့်တော်သည်။

၈။ ဟူးမက်။

ဟူးမက်စားချင်းထက်ဘယ်ဟာ ပိုသက်သာစေသလဲ။ သင်ရေခဲသေတ္တာရှိအခြားအစာများနဲ့လည်းစားနိုင်သည်။ အရသာရှိရုံသာမက ကျန်းမာသောနေ့လယ်စာဖြစ်စေသည်။

၉။ လတ်ဆတ်သော ဆယ်ဆာ။

ဆယ်ဆာက အာလူး ငရုတ်သီး၊ နံနံပင် နှင့် ကြက်သွန်တို့ပါဝင်နေတာကြောင့်စားလို့ကောင်းပြီး အရသာရှိသည်။ ကောက်နှံစပါးတစ်ခုလုံးနှင့် အခြားအရွက်များနှင့်ပေါင်းစားလည်းကောင်းသည်။

၁၀။ ပါဝင်ပစ္စည်းတို့ကို ဖတ်ပါ။

သင်ဈေးသွားဝယ်ပါက ပါဝင်သော အာဟာရပမာဏကိုဖတ်ပါ။ ထိုအကျင့်က သင်ကျန်းမာရေးအတွက် အစားအသောက်ရွေးခြင်းကိုကူညီပေးနိုင်သည်။

ထိုသာမက ရေခဲသေတ္တာကို ၄ ဆဲစီးရပ်တွင်ထားရန် သို့မဟုတ် ဒီထက်နည်းအောင်ထားခြင်းက ပိုကောင်းစေသည်။ သာမိုမီတာထည့်ထားပါက ရေခဲသေတ္တာထဲထည့်ပြီး အအေးချိန်နိုင်သည်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Mini-fridge Makeover: 10 healthy choices to keep in your dorm mini-fridge. https://www.choosemyplate.gov/ten-tips-mini-fridge-makeover Assessed November 5, 2016

ယခုပုံစံ

26/10/2020

Nadi မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 26/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement