backup og meta

ဇင့်၏ ကောင်းကျိုး ဆယ်ချက်

ဇင့်၏ ကောင်းကျိုး ဆယ်ချက်

ZINC (ဇင့်) ပမာဏ အနည်းငယ်ကို ကျန်းမာစေဖို့အတွက် လိုအပ်တာကြောင့် ZINC ကို မရှိမဖြစ် ဒြပ်စင်တစ်ခုလို့ ဆိုကြပါတယ်။ ဒါပေမယ့် ZINC မလုံလောက်ခြင်းဟာ ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတွေဖြစ်တဲ့ ကြီးထွားနှုန်းတန့်ခြင်းနဲ့ ကလေးတွေမှာ ရုတ်တရက် ဝမ်းလျှောခြင်းနဲ့ အနာမကျက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ လုံလောက်တဲ့ ZINC ပမာဏရှိခြင်းဟာ အောက်ပါအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။

ZINC မလုံလောက်မှုကို ကိုယ်ခံအားကျဆင်းစေပါတယ်။ ZINC နည်းပါးတဲ့သူတွေဟာ ရောဂါပိုးအမျိုးမျိုးကို ပိုမို ကူးစက်ခံရနိုင်စေပါတယ်။ ကျန်းမာရန်အတွက် သင့်အစားအသောက်ထဲမှာ ZINC လုံလုံလောက်လောက် ပါဝင်သင့်ပါတယ်။

ကလေးတွေမှာ ဝမ်းလျှောတာကို ကုသကာကွယ်ပေးပါတယ်။

ဝမ်းလျှောခြင်းဟာ ငါးနှစ်အောက် ကလေးသန်းပေါင်းများစွာကို သေဆုံးစေပါတယ်။ လေ့လာမှုတွေက ZINC ဆေးပြားတွေကို ဆယ်ရက်လောက်သောက်ခြင်းဟာ ဝမ်းလျှောခြင်းကို ကုသပေးပြီး ပြန်ဖြစ်ခြင်းကိုလည်း ကာကွယ်စေပါတယ်။

မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်း တိုးတက်စေခြင်း

လေ့လာမှုတွေက ZINC ဟာ neurons တွေ အချင်းချင်း ဆက်သွယ်မှုကို တိုးတက်စေတယ်လို့ဆိုပါတယ်။ မှတ်ဉာဏ် ဖြစ်ပေါ်တဲ့ ဖြစ်စဉ်နဲ့ လူတွေသင်ယူတဲ့ ဖြစ်စဉ်ကိုပါ အကျိုးသက်ရောက်မှု ရှိတယ်လို့လဲ ယူဆကြပါတယ်။

အအေးမိခြင်းကို တိုက်ဖျက်ပေးပါတယ်။

ZINC ငုံဆေးပြားတွေဟာ စဖြစ်ဖြစ်ချင်း ၂၄ နာရီ အတွင်းသောက်ရင် အအေးမိခြင်း ကြာချိန်ကို ၄၀% ထိ လျှော့ချပေးနိုင်ပြီး အအေးမိခြင်းရဲ့ လက္ခဏာတွေကို သက်သာစေတယ်လု့ိ လေ့လာမှုတစ်ခုကဆိုပါတယ်။

ဒဏ်ရာကျက်တာကို အားပေးပါတယ်။

အရေပြားရဲ့ တည်တံ့မှုနဲ့ တည်ဆောက်ပုံဟာ ZINC စားသုံးခြင်းပေါ်မှာ မူတည်ပါတယ်။ နာတာရှည် အနာတွေဟာ ZINC နည်းပါးခြင်းကြောင့် ဖြစ်တတ်ပါတယ်။ Diaper အနီကွက်တွေနဲ့ အခြားအရေပြားယားယံခြင်းတွေမှာ လိမ်းတဲ့လိမ်းဆေးမှာ ZINC ပါဝင်တာဟာ ဒီအကြောင်းရင်းကြောင့် ဖြစ်ပါတယ်။

အသက်ကြီးတာကြောင့်ဖြစ်တဲ့ Macular ပျက်စီးခြင်းကို ကာကွယ်ခြင်း

Archives of Ophthalmology ရဲ့ လေ့လာမှုတစ်ခုက ZINC ဟာ အသက်ကြီးတာကြောင့်ဖြစ်တဲ့ Macular ပျက်စီးခြင်းကို နှေးကွေးစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ZINC ဟာ အသက်နဲ့ဆိုင်တဲ့ အမြင်အာရုံကွယ်ပျောက်မှုတွေရဲ့ စစချင်းအဆင့်တွေမှာတော့ အစွမ်းမထက်ဘူးလို့ဆိုပါတယ်။

သုက်ပိုးအရည်အသွေးကို တိုးတက်စေပါတယ်။

ZINC မလုံလောက်ခြင်းဟာ သုက်ပိုးအရည်အသွေး နိမ့်ခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ လေ့လာမှုတစ်ခုမှာ Zinc sulfate နဲ့ Folic acid ဖြည့်စွက်စာတွေ သောက်သုံးတဲ့ အမျိုးသားတွေမှာ သုက်ပိုးအရေအတွက် ပိုမို များပြားလာတာ တွေ့ရပါတယ်။ သုတေသီတွေက ZINC မလုံလောက်မှုနဲ့ သုက်ပိုးအရည်အသွေးညံ့ဖျင်းပြီး မြုံခြင်းနဲ့ကို ဆက်စပ်မှုရှိတယ်လို့ ကောက်ချက်ချပါတယ်။

ဝက်ခြံကို သက်သာစေပါတယ်။

ဝက်ခြံရှိသူတွေဟာ သူတို့သွေးထဲနဲ့ အရေပြားပေါ်မှာ ZINC ပမာဏ နည်းပါးပါတယ်။ ZINC သာက်သုံးခြင်းဟာ ဝက်ခြံပျောက်စေပါတယ်။ ဒါ့အပြင် ဇင့်ကို လိမ်းခြင်းဟာတော့ ပိုးသတ်ဆေးလိမ်းတာမပါရင် အကျိုးမရှိဘူးလို့ဆိုပါတယ်။

စိတ်ကျရောဂါကို သက်သာစေပါတယ်။

ပြင်းထန်တဲ့ စိတ်ကျရောဂါနဲ့ စိတ်ကျရောဂါဆေးတွေနဲ့ မသက်သာသူတွေဟာ ZINC ကို သူတို့သောက်နေတဲ့ ဆေးတွေနဲ့ ပေါင်းစပ်သောက်သုံးခြင်းဟာ အကျိုးရှိပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Zinc: Health benefits and warnings. http://www.medicalnewstoday.com/articles/263176.php. Accessed April 24, 2017.

ZINC. http://www.webmd.com/vitamins-supplements/ingredientmono-982-zinc.aspx?activeingredientid=982. Accessed April 24, 2017.

ယခုပုံစံ

21/03/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement