ဝိတ်ချတော့မယ်ဆိုရင် မဖြစ်မနေသိထားရမယ့် Do’s & Don’ts များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 23, 2020 . 1 min read
Share now

ဒီကနေ့ခေတ်မှာ ကိုယ်အလေးချိန် လျှော့ချဖို့ဆိုတဲ့ ကိစ္စက လူတိုင်းနီးပါး တွေးနေကြတဲ့ ကိစ္စတစ်ခုပါ။ သာမန်ကိုယ်အလေးချိန်ရှိတဲ့လူကနေစလို့ အဝလွန်နေတဲ့လူတွေအထိ ဝိတ်ချမယ်၊ ကိုယ်အလေးချိန်ချမယ်ဆိုပြီး ဆက်တိုက်ပြောနေတတ်ကြတယ်မဟုတ်လား။

Gym တွေသွားမယ်၊ Diet တွေလုပ်မယ်၊ အချိုတွေရှောင်မယ် စသဖြင့် ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေနဲ့ ဝိတ်ချတတ်ကြပေမယ့် တကယ်တမ်းအောင်မြင်သွားတဲ့လူတွေကတော့ လူ ၁၀ ဦးမှာ ၁ ဦးနှုန်းပဲရှိပါတယ်တဲ့။

ဒီမှာ မေးစရာရှိလာတာက ဝိတ်ချရတာ ဒီလောက်တောင် ခက်သလား။ ဒါမှမဟုတ် ဘာကြောင့် ဝိတ်ချရခက်နေကြတာလဲ။

တကယ်တော့ ဝိတ်ချရတာမခက်ပါဘူး။ လိုက်နာသင့်တာတွေကို လိုက်နာပြီး ရှောင်သင့်တာတွေကို ရှောင်မယ်ဆိုရင် ဝိတ်ချတာက တကယ်လွယ်ကူတဲ့ကိစ္စဖြစ်ပါတယ်။ ပြဿနာက လူ့စိတ်ပါပဲ။ ရေရှည် အစီအမံမထားပဲ ကြုံသလို ဝိတ်ချကြတဲ့အခါ ကျတဲ့အချိန်မှာ အတင်းကာရော ပိန်သွားတတ်ပေမယ့် အချိန်တန်တော့ ပြန်ပြီး ကိုယ်အလေးချိန်တက်လာတာမျိုး ကြုံဆုံရပါတော့တယ်။

ဒီလိုမဖြစ်ချင်ဘူး။ စနစ်တကျနဲ့ ဝိတ်ချချင်တယ်ဆိုတဲ့ သူတွေလည်း ရှိကြဦးမှာပါ။ ဒါဆိုရင်တော့ အခုပြောပြမယ့် Do’s & Don’ts တွေကို လိုက်နာကြည့်ပါ။ ကိုယ့်ရဲ့ ကိုယ်အလေးချိန်လျှော့ချရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံး ထူးခြားတာကို မြင်ရပါလိမ့်မယ်။

ဝိတ်ချမယ့် ကိုကိုမမတွေအတွက် Do’s & Don’ts များ

  • Don’t: ဗိုက်ကို အလိုမလိုက်ပါနဲ့
  • Do: သန့်စင်ပြီး ကျန်းမာစေမယ့် အစားအစာတွေကိုသာ ပုံမှန်စားပါ
  • Don’t: အရက်အလွန်အကျွံမသောက်ပါနဲ့
  • Do: ရေများများသောက်ပါ
  • Don’t: ရေတိုကာလတို မလုပ်ပါနဲ့၊
  • Do: အစားအသောက်အတွက် စနစ်ကျတဲ့ အစီအစဉ်ချမှတ်ပြီး သေချာစားသောက်ပါ
  • Don’t: စိတ်ကိုအလိုလိုက်ပြီး လျှောက်မစားပါနဲ့
  • Do: စိတ်အားထက်သန်ပါစေ၊ စိတ်ဓာတ် သန်မာပါစေ
  • Don’t: လေ့ကျင့်ခန်းတွေ အလွန်အကျွံမလုပ်ပါနဲ့
  • Do: ကိုယ်နှစ်သက်ရာ လေ့ကျင့်ခန်းမျိုး ရွေးချယ်ပြီး ပုံမှန် ပြုလုပ်ပါ
  • Don’t: BMI score တွေကိုကြည့်ပြီး စိတ်ဓာတ်ကျမနေပါနဲ့
  • Do: ကိုယ်အလေးချိန်အခြေအနေကို ပုံမှန် စစ်ဆေးပါ
  • Don’t: Diet pills တွေ မသုံးပါနဲ့။

ခုဖော်ပြခဲ့တဲ့အချက်တွေဟာ ကိုယ်အလေးချိန်လျှော့ချမယ့် ကိုကိုတွေ မမတွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။ ဒီ Do’s & Don’ts တွေကို လိုက်နာမယ်ဆိုရင် ရေရှည်မှာ အကျိုးရှိမှာဖြစ်ပြီးတော့ ထိရောက်တဲ့ ကိုယ်အလေးချိန်လျှော့ချမှုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

အရွတ်များဟာ ကြွက်သားများနဲ့ အရိုးကို တွယ်ဆက်ပေးထားတဲ့ ခိုင်မာတောင့်တင်းတဲ့ တစ်ရှူးတွေပဲ ဖြစ်ပါတယ်။ အရွတ်များဟာ စုတ်ပြဲခြင်း၊ ပျက်စီးခြင်း ဖြစ်တတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ဗိုက်အဆီ တက်လာတဲ့ ကိစ္စ ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ Hello ပရိသတ်တွေအတွက် အကြံပြုချက်လေး တချို့ကို ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

ရင်သားထွားထွား ရောဂါများများ

ရင်သား ကြီးမှ ဆွဲဆောင်မှု ရှိတာ၊ မိန်းကလေးဆိုတာ ရင်သားပြည့်မှ လှတယ်ဆိုတဲ့ အယူအဆတွေကို လက်ခံထားတုန်းပဲလား........ ရင်သားကြီးတာကို သဘောကျတာများပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်တာရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေးပြဿနာတွေ ရှိလာမယ်။ ဒီလိုဖြစ်လာမယ့် ကင်ဆာလည်း ပါတယ်။ ဒီတော့ အဝလွန်ရင် ဘယ်လို ကင်ဆာတွေဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဝလွန်ခြင်း, ကျန်းမာရေးစင်တာ အောက်တိုဘာ 13, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read
COVID-19 ရန် ကာကွယ်ဖို့ အချိန်ဘယ်လောက်ပေးပြီး လေ့ကျင့်ခန်းလုပ်ရမလဲ

COVID-19 ရန် ကာကွယ်ဖို့ အချိန်ဘယ်လောက်ပေးပြီး လေ့ကျင့်ခန်းလုပ်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read

ကိုဗစ်ကာလမှာ အိမ်မှာနေရင်းဇက်ကြောတက်တာကို ဘယ်လိုကာကွယ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read