backup og meta

အစာစားချင်စိတ်ကို ဖြစ်ပေါ်စေမယ့် နည်းလမ်း ၁၀ ချက်

အစာစားချင်စိတ်ကို ဖြစ်ပေါ်စေမယ့် နည်းလမ်း ၁၀ ချက်

သင်ဟာ သင့်အစားအစာတွေကို ကုန်အောင်စားဖို့ အခက်အခဲ ဖြစ်နေပါသလား ? သင် အစာ စားချင်စိတ်ပျောက်နေပြီး အစာ စားချင်စိတ် မြင့်အောင် ဘယ်လို လုပ်ရမလဲ မသိဘဲဖြစ်နေလား ? ဒါကို မကုသဘဲ ထားတဲ့အခါ ကြာလာရင် သင်ဟာ အာဟာရ ချို့တဲ့လာပြီး အလွယ်တကူ မောပန်းတာတွေ ဖြစ်လာပါလိမ့်မယ်။ အခုပြောပြမယ့် အချက် ၁၀ ချက်က သင့် အစာ စားချင်စိတ်ကို မြှင့်တင်ဖို့ ကူညီပါလိမ့်မယ်။

ဂျင်းကနေ ထုတ်လုပ်တဲ့ ဆေးဝါးတွေကို သုံးကြည့်ပါ။

ဂျင်းက အစာချေစနစ်ကို ကောင်းမွန်စေပြီး သူ့မှာ volatile oil ဆိုတဲ့ အရေးပါတဲ့ အဆီတစ်မျိုး ပါဝင်ပါတယ်။ နောက်တစ်ခုက ဂျင်းက သင့်ကို လေလည်စေပါတယ်။ ဂျင်းတွေဟာ အစားအစာတွေကို အရသာ တိုးအောင် လုပ်ပေးတဲ့ ဟင်းခတ်တစ်မျိုးဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့်လည်း အိမ်ရှင်မတွေ ဂျင်းကို အသုံးပြုကြတာ မဆန်းပါဘူး။

သင့်အနေနဲ့ ဂျင်း လက်ဘက်ရည်ကို သောက်ပြီး ရလဒ်တွေ ပိုမိုကောင်းမွန်အောင် လုပ်လို့ရပါတယ်။ ပတမဦးဆုံး ဂျင်းမှုန့် လက်ဘက်ရည် ဇွန်းတစ်ဇွန်းကို ရေနွေးထဲထည့်ပြီး ၁၀ မိနစ်လောက်နှပ်ထားပါ။ ပြီးတာနဲ့ ရလာတဲ့ ဂျင်းလက်ဘက်ရည်ကို ဒီအတိုင်း သောက်ချင်သောက်၊ အချိုကြိုက်ရင် ပျားရည်လေး တစ်ဇွန်းနှစ်ဇွန်း ထည့်ပြီးလည်း သောက်နိုင်ပါတယ်။

အစားအစာတွေမှာ အဖျော်ယမကာတွေကို ကန့်သတ်ပါ။

သင့်အနေနဲ့ အဖျော်ယမကာတွေကို အစာစားပြီးမှ သောက်သုံးသင့်ပြီး အစားစားနေချိန် သောက်သုံးတဲ့ အကျင့်ကို ဖျောက်ပါ။ အစာစားချိန်တွေမှာ ကိုယ်စားနေတဲ့ အစားအစာကိုသာ အာရုံစိုက်ပြီး စားပြီးမှ ကိုယ်ကြိုက်တဲ့ အဖျော်ယမကာကို ရွေးသောက်ပါ။ အချိုရည်တွေ မသောက်ခင်မှာ သင့်ရဲ့ကိုယ်က အစားအစာတွေ ဆီကနေ လုံလောက်တဲ့ အာဟာရ ရတယ်ဆိုတာ သေချာပါစေ။

သင့်ရဲ့ အစာစားချိန်တွေကို သေချာ အချိန်ဇယားဆွဲပါ။

ကြားရတာတော့ ရယ်စရာ ကောင်းနေပေမယ့် သင်ဟာ သင့်အစာ စားချိန်တွေကို အချိန်ဇယားဆွဲပြီး အလေ့အကျင့် လုပ်ပြီး စားသင့်ပါတယ်။ သင်တစ်ခုခု အလျင်လိုနေတာပဲ ဖြစ်ဖြစ်၊ တစ်ခုခု လုပ်နေတာပဲ ဖြစ်ဖြစ်၊ အစာ စားချိန်ကိုတော့ အပျက်မခံပါနဲ့။ သင့်အစာအိမ် ကျန်းမာရေးကောင်းမွန်ဖို့က အရေးကြီးပါတယ်။ သင့်အစားစားချိန်တွေ အတွက် နှိုးစက် ပေးထားတာမျိုးကိုလည်း လိုအပ်ရင် လုပ်ထားပါ။

သင့်ရဲ့ အကြိုက်ဆုံး အစားအစာတွေကို ရွေးချယ်ပါ။

အမှန်တကယ်တော့ သင့်ရဲ့အကြိုက်ဆုံး အစား အစာတွေက သင့်ကို အစာ များများစားဖို့ လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် သင်ကြိုက်တဲ့ အစားအစာတွေ၊ မုန့်တွေကို အိမ်က ပြင်ဆင်လာပြီး အလုပ်ကို ယူလာခြင်းက သင်ဗိုက်ဆာတိုင်း အလွယ်တကူ စားလို့ ရပါလိမ့်မယ်။ ဒါကသင့်ကို အစာ စားဖို့ မမေ့စေတော့ပါဘူး။ သင်ကြိုက်တဲ့ အစားအစာတွေကို စာရင်းတစ်ခု လုပ်ထားပြီး လိုက်ဝယ်ခြင်းကလည်း အကူအညီပေးပါတယ်။

Vitamin B ကို သောက်သုံးပါ။

Vitamin B က သင့်အစားစားချင်စိတ်ကို တိုးစေရာမှာ အရေးပါတဲ့ အခန်းကနေ ပါဝင်ပါတယ်။ အထူးသဖြင့် B12 နဲ့ ဖော်လစ်အက်ဆစ်တွေပါ။ သင့်အနေနဲ့ Vitamin B ကို ဆေးပြားအနေနဲ့ပဲ ဖြစ်ဖြစ်၊ ဆေးလက်ဘက်ရည် အနေနဲ့ပဲ ဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။ ကျွမ်းကျင်သူတွေက သင် အစား စားချင်စိတ်ကို ပူရှိန်း၊ စမုန်စပါးနဲ့ licorice လက်ဘက်ရည်တွေ သောက်သုံးပြီး မြှင့်တင်နိုင်တယ်လို့ ဆိုပါတယ်။

နည်းနည်းစားပါ၊ မကြာခဏ စားပါ။

သင့် အစားအစာတွေကို နည်းနည်းစီ ခွဲပြီး မကြာခဏ စားခြင်းက သင့်အစာအိမ်အတွက် ကောင်းစေသလို အစာ စားချင်စိတ်ကိုလည်း မြင့်စေပါတယ်။ တစ်ချိန်တည်းမှာ အစားအများကြီး စားခြင်းက သင့်ကို အစားစားပြီးတဲ့အခါ လေးလံပြီး ပျစ်တွဲသွားစေနိုင်ပါတယ်။ ဒါ့အပြင် အစားကို နည်းနည်းချင်း မကြာခဏ စားခြင်းက အစားစားချိန်တွေကြားမှာ သင့်ကို စွမ်းအင်တွေပေးသလို energy crash လို့ခေါ်တဲ့ သွေးချို ရုတ်တရက် ကျခြင်းမှလည်း ကာကွယ်ပေးပါတယ်။ တစ်နေ့ကို လေးကြိမ်မှ ခြောက်ကြိမ် အစားကို ဗိုက်မပြည့်အောင် နည်းနည်းချင်းစီ ခွဲစားနိုင်ဖို့ ကြိုးစားကြည့်ပါ။ အစားအစားချိန်မှာ အများကြီး စားမိခြင်းမှ ကာကွယ်ဖို့ ကြားချိန်တွေမှာ ကျန်းမာစေတဲ့ မုန့်လေးတွေလည်း စားနိုင်ပါတယ်။

သင့် အစားအစာတွေထဲကို ရှောက်ရည်ထည့်ပါ။

ရှောက်ရည်ကို အစားအစာတွေထဲ ထည့်ခြင်းက အစား အစာကို အရသာ ပိုကောင်းစေသလို အစာစားချင်စိတ်ကိုလည်း တိုးစေပါတယ်။ ရှောက်ရည်ကို အစားအစာထဲ ပေါင်းထည့်ဖို့ နည်းအများကြီး ရှိပါတယ်။ အသုတ်အတွက် ဆော့စ်အဖြစ်လည်း သုံးနိုင်သလို မနက်တိုင်း ရှောက်ဖျော်ရည် အဖြစ်လည်း သောက်နိုင်ပါတယ်။ အစာတွေထဲကို ပျားရည် ဇွန်းအနည်းငယ်ထည့်ခြင်းကလည်း အာဟာရ တိုးစေပါတယ်။ ရှောက်ရည်နဲ့ ပျားရည်က လိုက်ဖက် ညီတယ်ဆိုတာပြောနေစရာတောင် မလိုပါဘူး။

Carom စေ့တွေကို သုံးပါ။

Carom စေ့တွေကို အိန္ဒိယစာတွေမှာ အဓိက သုံးပါတယ်။ Carom စေ့ကို ရေနွေးနဲ့ရောပြီး တစ်နေ့တစ်ကြိမ် ရေချိုးခြင်းကလည်း သင့်ကို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Carom က လေဖောလေပွခြင်းကို သက်သာစေပြီး အက်ဆစ်ဓါတ်ကိုလည်း ချေဖျက်ပေးပါတယ်။ ဒါကြောင့် Carom စေ့က အစာချေ အင်ဇိုင်းတွေကို စစ်ထုတ်ရာမှာ ကူညီပေးပြီး အစာ စားချင်စိတ်ကို သဘာဝအတိုင်း လှုံ့ဆော်ပေးပါတယ်။

လေ့ကျင့်ခန်း လုပ်ရိုးလုပ်စဉ်တွေကို ပြောင်းလဲပါ။

လေ့ကျင့်ခန်း အမျိုးအစားကို ပြောင်းလဲခြင်းက သင့်ရဲ့ အစာစားချင်စိတ်ကို မြှင့်တင်နိုင်ပါတယ်။ လေ့လာသူတွေက သင်ဟာ လေ့ကျင့်ခန်း အသစ် တစ်မျိုးကို လုပ်တိုင်း ကိုယ်က လေ့ကျင့်ခန်းအသစ်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ ပိုပြီး အလုပ်လုပ်ရပါတယ်လို့ ပြောပါတယ်။ ဒါက သင့်ကို စွမ်းအင် မြန်မြန်ကုန်စေနိုင်ပြီး ဗိုက်မြန်မြန် ဆာစေနိုင်ပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်း လုပ်ရိုးလုပ်စဉ်တွေကို ပြောင်းလဲခြင်းက သင့်လှုပ်ရှားမှု အသစ်တွေက အစာစားချင်စိတ်ကို ဘယ်လို သက်ရောက်လည်း သိစေမှာပါ။

Air con ဖွင့်ထားပါ။

အပူချိန်ကျလေ အစားပိုစားလေ ဖြစ်ပါတယ်။ အကြောင်းက အပူချိန် ကျနေတဲ့အချိန်မှာ ကိုယ်က နွေးနေအောင် စွမ်းအင် သုံးရပါတယ်။ ဒါ့ကြောင့် အခန်းထဲ Air con ဖွင့် ထားတဲ့အခါ အေးလာတဲ့အတွက် ကိုယ်က နွေးအောင် စွမ်းအင် သုံးရပါပြီ။ အဲဒီအခါ အစားအစာက ရှောင်လွှဲလို့ မရတော့ပါဘူး။ ဆောင်းတွင်းမှာ အစားပိုစားပြီး နွေမှာ အစားနည်းတာ သင့်ကိုယ်သင် သတိပြုမိမှာပါ။ ခံတွင်းပျက်ခြင်းမှ ကာကွယ်ဖို့အတွက် Air con ကို အချိန်ပြည့် ဖွင့်ထားမယ့် အစား ပြတင်းပေါက်ကို ဖွင့်ပြီး လတ်ဆတ်တဲ့ လေတချို့ ရပါစေ။ အစာ စားချင်စိတ်က အရေးကြီးတယ် ဆိုပေမယ့် သင်ကျန်းမာဖို့ကလည်း အရေးကြီးပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Home remedies to improve your appetite and eat more. http://www.thehealthsite.com/diseases-conditions/home-remedies-to-improve-your-appetite-and-eat-more/. Accessed December 20, 2016.

4 Surprising Things That Can Increase Your Appetite. http://www.womenshealthmag.com/weight-loss/things-that-increase-appetite. Accessed December 20, 2016.

10 Tips to Boost Your Appetite and Get the Nutrients You Need. https://www.drinkenu.com/10-tips-to-boost-your-appetite-and-get-the-nutrients-you-need/

10 Nutritional Strategies to Increase Your Appetite Fast. http://livingfit.co/increase-appetite-gain-some-weight/. Accessed December 20, 2016.

Top 10 Simple Home Remedies To Improve Appetite. http://www.stylecraze.com/articles/simple-home-remedies-to-improve-appetite/#popup

ယခုပုံစံ

01/02/2022

Kyaw Thura Htun မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ



Kyaw Thura Htun မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement