backup og meta

သပွတ်သီးရဲ့ဆေးဖက်ဝင် အာနိသင်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သပွတ်သီးရဲ့ဆေးဖက်ဝင် အာနိသင်များ

    သပွတ်သီးဟာ သူ့ရဲ့အာဟာရအာနိသင်ကြောင့် အာရှတလွှားနဲ့ အမေရိကန်မှာ စိုက်ပျိုးစားသုံးနေကြတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ သပွတ်သီးကို နုတဲ့အချိန်မှာ ချက်ပြုတ်စားသောက်လို့ရပြီး အသီးကရင့်လာတဲ့အချိန်ကျရင် အရောင်ရင့်လာပြီးအမျှင်တွေယှက်နေတဲ့ သပွတ်အူကို ပန်းကန်ဆေး၊ အိုးတိုက်တဲ့ အစအဖြစ် အသုံးပြုကြပါတယ်။

    သူ့မှာ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင်အေ အပြင် ပိုတက်စီယမ်၊မဂ္ဂနိစ်၊ကော့ပါး၊ ဗီတာမင် B6၊ ဗီတာမင် စီတို့လည်းပါဝင်ပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်တွေ၊ အာဟာရဓါတ်တွေနဲ့ အဆီဓါတ်၊ သတ္ထုဓါတ်တွေပါဝင်တဲ့သပွတ်သီးဟာ စွယ်စုံအသုံးဝင်တဲ့သဘာဝပစ္စည်းဖြစ်ပါတယ်။

    အလှအပရေးရာမှာဆို အရောင်ကျစေဖို့နဲ့ အသားအရေအဆိပ်ထုတ်ဖို့ သပွတ်သီးအမှုန့်ကို အလှကုန်ပစ္စည်းတွေမှာသုံးကြပါတယ်။ အမျိုးသမီးတွေမှာ ရာသီသွေး ထိန်ရင်လည်း သပွတ်သီးက အကျိုးပြုပါတယ်။ ကလေးငယ်ရှိတဲ့မိခင်တွေမှာလည်း နို့ထွက်များစေတယ်လို့ ဆိုပါတယ်။ တခါတရံကျရင် သပွတ်သီးအတွင်းသားကို အရေပြားမှာပွတ်ပေးရင် အရေပြားဆဲလ်သေတွေကို ဖယ်ရှားပြီး အသားအရေကို ဝင်းလက်စေတယ်လို့ပြောကြပါတယ်။ သပွတ်အူနဲ့ပြုလုပ်ဖန်တီးထားတဲ့Luffa charcoal ကို မျက်နှာနဲ့ မျက်လုံးတဝိုက်ရေယုန်တွေပေါ် လိမ်းကြတယ်လို့ လည်း သိရပါတယ်။

    သပွတ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့သွေးတွင်းသကြားဓါတ်ကိုလျော့ကျစေပြီး ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးတဲ့အပြင် ကိုယ်အလေးချိန်ကိုကျဆင်းစေပြီး ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးပါတယ်။ ကျန်တဲ့ အာနိသင်တွေကတော့ –

  • မျက်စိမြင်လွှာယိုယွင်းခြင်းကို ကာကွယ်ပေးပါတယ်။ သပွတ်သီးမှာပါတဲ့ ဗီတာမင်အေကြောင့် မျက်စိနဲ့ပတ်သက်တဲ့ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
  • နှလုံးကျန်းမာရေးအတွက်ကောင်းပါတယ်။ ဗီတာမင်အေကြောင့်ပဲ မကောင်းတဲ့ ကိုလက်စထရောနဲ့triglycerides ကိုလျော့နည်းစေတဲ့အတွက် နှလုံးရောဂါအန္တရာယ်ကိုလျော့နည်းစေပါတယ်။
  • ဆီးချိုရောဂါကိုကာကွယ်ပေးပါတယ်။ မဂ္ဂနိစ်က အစာချေဖျက်ပေးတဲ့အင်ဇိုင်းတွေကို ထုတ်ပေးရာမှာ အရေးပါတဲ့အတွက် gluconeogenesis အင်ဇိုင်းစနစ်အတွက် အသုံးဝင်ပါတယ်။ မဂ္ဂနိစ်ဟာ အင်ဆူလင်စွန့်ထုတ်မှုကိုမြှင့်တင်ပေးပြီးmitochondrial လုပ်ဆောင်ချက်တွေကို တိုးတက်စေနိုင်တယ်လို့ သုတေသနတွေ့ရှိချက်တွေကဖော်ပြပါတယ်။
  • ကြွက်သားနာကျင်ကိုက်ခဲမှုမဖြစ်စေပါ။ သူ့မှာပါဝင်တဲ့ ပိုတက်စီယမ်က အရည်ဓါတ်တွေကိုငြိမ်စေပြီး ကြွက်သားကိုပြေလျော့စေပါတယ်။ ပိုတက်စီယမ်ချို့တဲ့ရင် ကြွက်တက်ခြင်း၊ နာကျင်ကိုက်ခဲခြင်းနဲ့အကြောဆွဲခြင်းတို့ဖြစ်စေနိုင်ပါတယ်။
  • အဆစ်ရောင်နာကိုသက်သာစေပါတယ်။သပွတ်သီးမှာ အရောင်ကျစေတဲ့အာနိသင်ပါရှိတဲ့ ကော့ပါးဓါတ်ကြောင့် အဆစ်ရောင်ရောဂါနဲ့ ပတ်သက်တဲ့တောင့်တင်းမှု၊ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။ ဒါ့ကြောင့်ပဲ အဆစ်ရောင်ဝေဒနာရှင်တွေက နာကျင်မှုသက်သာစေမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ကော့ပါး လက်ပတ်တွေဝတ်ဆင်ကြတာဖြစ်ပါတယ်။
  • သွေးအားနည်းခြင်းကို ကုသနိုင်ပါတယ်။ဗီတာမင်B6ကြောင့်သွေးတွင်းဟေမိုဂလိုဘင် ထုတ်လုပ်မှုပိုကောင်းစေပြီးသွေးအားကောင်းစေပါတယ်။
  • အရေပြားအတွက်ကောင်းပါတယ်။ ဗီတာမင်စီက အရေပြားကျန်းမာရေးအတွက်ကောင်းပြီး အသားအရေခြောက်သွေ့မှု၊ အရေးအကြောင်းဖြစ်ခြင်း၊ အရွယ်မတိုင်မီ ရင့်ရော်ခြင်းတို့ကို တားဆီးပေးပါတယ်။ ဗီတာမင် စီဟာ ကြွက်သား၊အရေပြား၊သွေးကြောနဲ့ အရွတ်တို့ ဖွဲ့စည်းတည်ဆောက်ဖို့ ပရိုတင်းထုတ်လုပ်မှုမှာ အရေးပါပါတယ်။နောက်တစ်ချက်ကတော့ အနာကျက်မြန်တာပဲဖြစ်ပါတယ်။
  • ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သက်သာစေပါတယ်။သပွတ်သီးက မဂ္ဂနီဆီယမ်ကြောင့်ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သက်သာစေတာဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်က ခန္ဓါကိုယ်ထဲကneurotransmittersတွေကို ထိန်းညှိရာမှာ အထောက်အကူပေးတာကြောင့် အခုလိုအစွမ်းသတ္တိရှိစေတာဖြစ်ပါတယ်။
  • ဦးနှောက်ကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကောင်းမွန်စေဖို့အောက်ဆီဂျင်လိုအပ်ပါတယ်။ ဒါပေမယ့်သံဓါတ်အလုံအလောက်မရှိရင် ဦးနှောက်ဆီကိုအောက်ဆီဂျင်မရောက်နိုင်ပါဘူး။ ဒါ့ကြောင့်သံဓါတ်ချို့တဲ့ခြင်းကသွေးအားနည်းခြင်းအပြင် စိတ်မငြိမ်ခြင်း၊စိတ်တိုလွယ်ခြင်း၊အာရုံမစူးစိုက်နိုင်ခြင်းတို့ကိုပါဖြစ်စေနိုင်ပါတယ်။
  • အမျိုးအစား၂ ဆီးချိုရောဂါ ။သပွတ်သီးက ဂလူးကို့စ်ရဲ့ဇီဝဖြစ်စဉ်အတွက်လိုအပ်တဲ့ မဂ္ဂနီဆီယမ်ပမာဏ အများအပြားပါဝင်တာကြောင့် အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။
  • Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement