backup og meta

သတ်သတ်လွတ်သမားတွေမှာ သွေးအားနည်းရောဂါဖြစ်နိုင်ခြေများပါတယ်

သတ်သတ်လွတ်သမားတွေမှာ သွေးအားနည်းရောဂါဖြစ်နိုင်ခြေများပါတယ်

သားငါးမစားသုံးခြင်းက သွေးအားနည်ရောဂါဖြစ်နိုင်ခြေများစေပါတယ်။ သတင်းကောင်းကတော့ စားသောက်မှုပုံစံကို သေချာဟန်ချက်ညီအောင် ထိန်းညှိပြီး ဖြည့်စွက်အာဟာရတွေ အသုံးပြုပေးတာက လိုအပ်တာတွေကို ဖြည့်စီးပေးနိုင်မှာပါ။

နွားနို့၊ ချိစ်နဲ့ ဥတွေလိုမျိုး အစားအစာတွေနဲ့ အသားငါးတွေကို မစားကြတော့တဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ဒါပေမယ့်လည်း အဲ့လိုကျင့်သုံးလိုက်တာက သွေးအားနည်းရောဂါဖြစ်လာစေပါတယ်။ သွေးအားနည်းရောဂါဆိုတာ အောက်စီဂျင်သယ်ဆောင်နိုင်တဲ့ သွေးနီဥနည်းပါးနေတဲ့ အခြေအနေတစ်ခုပါ။ သတ်သတ်လွတ်သမားတွေမှာတော့ သံဓါတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းကြတာပါ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဥတွေနဲ့ ပျားရည်တို့လိုမျိုး အစားအသောက်တွေပါ မစားတော့တဲ့ သတ်သတ်လွတ်သမားတွေဆိုရင်တော့ ဗီတာမင် B12 ချို့တဲ့ခြင်းကြောင့်ပါဖြစ်နိုင်ပါတယ်။

အဖြေကတော့ လိုအပ်တဲ့ သံဓါတ်နဲ့ ဗီတာမင် B12 တို့ကို အခြားအစားအစာတွေကနေ ရယူပြီး မျှတတဲ့စားသောက်မှုပုံစံကို ထားရှိဖို့ပဲဖြစ်ပါတယ်။ ထိုသို့ပြုလုပ်မယ်ဆိုရင်တော့ သတ်သတ်လွတ်သမားတစ်ယောက်အနေနဲ့ဆက်ရှိနိုင်ပြီး သွေးအားနည်းရောဂါကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါနှင့်ပတ်သက်သည့် အချက်များ

သွေးအားနည်းရောဂါရဲ့ အတွေ့ရအများဆုံးအကြောင်းအရင်းကတော့ သံဓါတ်ချို့တဲ့ခြင်းပါပဲ။ ဆိုလိုတာကတော့ စားသောက်မှုပုံစံမှ လုံလောက်တဲ့ သံဓါတ်မရရှိတာပါ။ သွေးနီဥအတွင်းမှာရှိတဲ့ ဟီမိုဂလိုဘင်ဟာ အောက်စီဂျင်ကို သယ်ဆောင်နိုင်ဖို့ရာ သံဓါတ်လိုအပ်ပါတယ်။ ထိုဆဲလ်တွေဟာ အောက်စီဂျင်တွေကို ခန္ဓါကိုယ်အနှံ့သယ်ဆောင်ပြီး စွမ်းအင်ပေးပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာကတော့ ပင်ပန်းနွမ်းနယ်တာပါပဲ။ ဒါပေမယ့်လည်း လူတော်တော်များများက မပြင်းထန်တဲ့ သွေးအားနည်းရောဂါကို ဂရုမပြုမိပဲရှိတတ်ကြပါတယ်။

တစ်နေ့မှာ သံဓါတ်ဘယ်လောက် လိုအပ်တယ်ဆိုတာ စပြောပါ့မယ်။

  • အသက်၁၄ကနေ၁၈အတွင်းအမျိုးသမီးများ။ ၁၅မီလီဂရမ်
  • အသက်၁၉ကနေ၅၀အတွင်းမိန်းမများ။ ၁၈မီလီဂရမ်
  • အသက်၅၁နှင့်အထက်မိန်းများ။ ၈မီလီဂရမ်
  • အသက်၁၄ကနေ၁၈အတွင်းအမျိုးသားများ။ ၁၁မီလီဂရမ်
  • အသက်၁၉နှင့်အထက်အမျိုးသားများ။ ၈မီလီဂရမ်

Heme သံဓါတ်နှင့် Heme မဟုတ်သော သံဓါတ်ဆိုပြီး ရှိပါတယ်။ Heme သံဓါတ်ကို ခန္ဓါကိုယ်က အလွယ်တကူအသုံးပြုနိုင်ပြီး အသား၊ငါးတို့မှာ တွေ့ရှိနိုင်ပါတယ်။ Heme မဟုတ်သော သံဓါတ်ကိုတော့ အသီးအရွက်တွေမှာ တွေ့ရှိနိုင်ပြီး ခန္ဓါကိုယ်က အလွယ်တကူအသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

သံဓါတ်ပါဝင်တဲ့အစားအစာတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။

  • ကွေကာအုပ်များ
  • တင်လဲရည်
  • အစိမ်းရောင်ရှိအရွက်များ
  • ကုလားပဲ၊ ဘိုစားပဲနဲ့ ပဲနီကလေးတို့လိုမျိုး ပဲစေ့အခြောက်များ
  • အစေ့အဆန်းများ(ဆန်စပါး)
  • ဆန် ဒါမှဟုတ် ပါစတာခေါက်ဆွဲ
  • ဖရုံသီးစေ့
  • ဆီးသီးဖျော်ရည်
  • သစ်သီးခြောက်များ ဥပမာ စပျစ်သီးခြောက်

အထက်ပါသံဓါတ်ပြည့်ဝတဲ့အစားအစာတွေနဲ့ ဗီတာမင်စီကို ပေါင်းစပ်လိုက်တာက အကြံကောင်းတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ဗီတာမင်စီက ခန္ဓါကိုယ်ကို သံဓါတ်အသုံးပြုတဲ့နေရာမှာ ကူညီပေးလို့ပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ဟင်းနုနွယ်သုတ်ကို စပျစ်သီးနဲ့လည်းကောင်း လိမ္မော်သီးရည်နဲ့လည်းကောင်း မနက်ပိုင်းကွေကာအုပ်စားသုံးသလို ပေါင်းစပ်နိုင်ပါတယ်။

မာတီဗိုက်တာမင်ဆေးပြားတွေ အထူးသဖြင့် အသက်၅၀အောက်တွေအတွက် ထုတ်ထားတဲ့ဆေးတွေမှာ သံဓါတ်ပါဝင်ပါတယ်။ သံဓါတ်ပါတဲ့ မာတီဗိုက်တာမင်သောက်သုံးခြင်းနဲ့ ပတ်သတ်ပြီး ဆရာဝန်အား မေးမြန်းပါ။

ဗီတာမင်B12 ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါနဲ့ ပတ်သက်သည့် အချက်များ

ပါနစ်ရှက်သွေးအားနည်းရောဂါလို့လည်း ခေါ်ပါတယ်။ ဗီတာမင်B12 ဟာ သွေးနီဥဆဲလ်ပြုလုပ်တဲ့နေရာမှာ ပါဝင်ပါတယ်။ သဘာဝအရတော့ အသားနဲ့ အသားထွက်ပစ္စည်းတွေမှာသာ ထိုဗီတာမင်ပါဝင်ပါတယ်။ ဒါကြောင့် သတ်သတ်လွတ်သမားတွေဟာ စားသောက်မှုပုံစံကို ဂရုတစိုက်ရွေးချယ်ဖို့လိုပါတယ်။ နို့ထွက်ပစ္စည်းတွေနဲ့ ဥတွေစားတဲ့ သတ်သတ်လွတ်သမားတွေကတော့ B12 ကို လုံလောက်စွာ ရရှိကြပါတယ်။

အစားအသောက်တွေဝယ်တဲ့အခါမှာ ဗီတာမင်B12 ပါတာ ရှာဝယ်ပါ။ ပါဝင်ပစ္စည်းစာရင်းမှာ တွေ့ရှိနိုင်ပါတယ်။ ဗီတာမင်B12 ပါတဲ့ ထုတ်လုပ်ပစ္စည်းတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

  • ပြုပြင်ထားတဲ့ ဆန် ဒါမှမဟုတ် ပဲနို့
  • ပြုပြင်ထားတဲ့ ကွေကာအုပ် ဒါမှမဟုတ် နှံစားထုတ်ကုန်များ
  • အသားအစားထိုးပစ္စည်းများ (ဗီတာမင်B12 ပါမပါကြည့်ပါ)
  • B-complex ပါဝင်သော ဖြည့်စွက်အာဟာရများ
  • အာဟာရပြည့်ဝသော တဆေး

ဖြည့်စွက်အာဟာရတွေ သုံးဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ပြင်ဆင်မှုအချို့လုပ်ရပါမယ်။ သိရမှာက ကျန်းမာနေတဲ့ ခန္ဓါကိုယ်တောင် ဖြည့်စွက်အာဟာရမှာ ပါဝင်နေတဲ့ ဗီတာမင်B12 အကုန်လုံးကို မစုပ်ယူနိုင်ပါဘူး။ သင့်အတွက် သင့်တော်မယ့် ဗီတာမင်B12 ရရှိရန်အတွက် ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘာအကြောင်းကြောင့်ပဲ သတ်သတ်လွတ်သမားဖြစ်သွားဖြစ်သွား သွေးအားနည်းရောဂါတွေကနေ ကာကွယ်ဖို့နဲ့ အားအင်ပြည့်ဝနေစေဖို့ သံဓါတ်နဲ့ ဗီတာမင်B12တို့ပါဝင်သော ကျန်းမာတဲ့ စားသောက်မှုပုံစံတစ်ခုရှိနေဖို့ လိုအပ်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Anemia or Iron Deficiency. (2012).Centers for Disease Control and Prevention National Center for Health Statistics. http://www.cdc.gov/nchs/fastats/anemia.htm

Iron and Iron Deficiency. (2011).Centers for Disease Control and Prevention. http://www.cdc.gov/nutrition/everyone/basics/vitamins/iron.html

ယခုပုံစံ

13/01/2022

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement