backup og meta

ဖရက်တို့ သကြားဆိုတာ ဘာလဲ

Fructooligosaccharide ဆိုသည်မှာ ဖရက်တို့ သကြားမော်လီကျူး အတိုလေးများ စုပေါင်းထားသော ကာဗိုဟိုက်ဒြိတ်အမျိုးအစား ဖြစ်ပါသည်။ oligo ဆိုသည်မှာ အနည်းငယ်ဟု အဓိပ္ပာယ်ရပြီး saccharide ဆိုသည်မှာ သကြားဟု အဓိပ္ပာယ်ရပါသည်။

ဖရက်တို့ သကြားဆိုတာ ဘာလဲ

Fructooligosaccharide ကို တခါတရံတွင် oligofructose ဟုခေါ်ပါသည်။

ဖရက်တို့ သကြားဓါတ်ကို ဘယ်ကရသလဲ။

ဖရက်တို့ သကြားဓါတ်သည် သဘာ၀ အစားအစာများဖြစ်သော ဌက်ပျောသီး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ချီကိုရီပင်၊ ဂေါ်ဖီထုပ်၊ ယာကွန်ပင်၊ ဘာလီနှင့် ဂျုံပင် တို့မှ ရရှိပါသည်။

ဂေါ်ဖီထုပ် အနွယ်ဝင်ဖြစ်သော ယာကွန်ပင်တွင် ဖရက်တို့ သကြားဓါတ်အများအပြား ပါဝင်ပါသည်။ သို့သော် အစာအိမ် အကျိုးပြု အစားအစာများ၊ သကြားတုများတွင် ပါဝင်သော ဖရက်တို့ သကြားဓါတ်များမှာ မူ လူတို့ပြုလုပ်ထားသော သဘာဝမဟုတ်သော ဖရက်တို့ သကြားဓါတ်များ ဖြစ်ပါသည်။

အချို့သော ဖရက်တို့ သကြားဓါတ်များကို ချီကိုရီပင်ကို ဓါတုဖြင့် ဖြိုခွဲခြင်းဖြင့် ရရှိပါသည်။ ဖရက်တို့ သကြားဓါတ်များသည် အစာအိမ်ကို အကျိုးပြုစေသေ အစားအစာများတွင် အများဆုံးပါဝင်ပြီး ယင်းသည် အင်နျူလင်နှင့် အလားသဏ္ဍာန် တူပါသည်။ ယင်းသည် အောက်ပါနည်းများဖြင့် ကျန်းမာရေးကို အထောက်အကူ ပြုပါသည်။

· ဖရက်တို့ သကြားဓါတ်များကို လူတို့၏ အစာချေစနစ်မှ မစုပ်ယူနိုင်သောကြောင့် အူမကြီး ထဲသို့ရောက်သွားသောအခါ အကျိုးပြု ဘက်တီးရီးယားများအတွက် ကောင်းမွန်စေပါသည်။

· ဖရက်တို့ သကြားဓါတ်သည် အာဟာရတန်ဖိုး နည်းပါသည်။

· ဖရက်တို့ သကြားဓါတ်သည် အူမကြီး ထဲတွင် ဘီဖီဒိုအကျိုးပြု ဘက်တီးရီးယားများကို ပွားများစေပါသည်။

· ဖရက်တို့ သကြားဓါတ် အူလမ်းကြောင်းမှ မစုပ်နိုင်သော အမျှင်ဓါတ်များ အနေဖြင့် ရှိနေခြင်းကြောင့် ဝမ်းချုပ်သူများတွင် အသုံးဝင်ပါသည်။

ဖရက်တို့ သကြားဓါတ်သည် မဂ္ဂနီဆီယမ်နှင့် ကယ်လ်ဆီယမ် စုပ်ယူမှုကို အားကောင်းစေပါသည်။

အင်နျူလင်း အမျှင်များ ကဲ့သို့ပင် ဖရက်တို့ သကြားဓါတ်သည် ကောင်းကျိုးများသော်လည်း ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများကို သိထားသင့်ပါသည်။

ဖရက်တို့ သကြား၏ ဘေးထွက်ဆိုးကျိုးများ

ဖရက်တို့ သကြားဓါတ်များကို မသုံးဆောင်မီ အောက်ပါ အချက်များကို သိထားသင့်ပေသည်။

· ဖရက်တို့ သကြားဓါတ်သည် မကောင်းသော ဘက်တီးရီးယားများ ဖြစ်သည့် Klebsiella Pneumonia, E. Coli နှင့် အခြားသော Clostridium မျိုးနွယ် ပိုးကောင်များကို များပြားလာစေပါသည်။ Klebsiella Pneumonia သည် ကိုယ်ခံအားစနစ်နှင့် ဆိုင်သော ခါးနာရောဂါနှင့် ဆက်စပ်နေပါသည်။

· ဖရက်တို့ သကြားဓါတ်သည် အလွန်အကျွှံစားသုံးလျှင် လေပွခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေပါသည်။

ဖရက်တို့ သကြားဓါတ်ကို စားသင့်သလား။

ဖရက်တို့ သကြားဓါတ်တွင် ကောင်းကျိုးများနှင့် ဆိုးကျိုးများ ဒွန်တွဲနေကြောင်း ဖော်ပြပြီး ဖြစ်ပါသည်။

ဖရက်တို့ သကြားဓါတ်သည် အူမကြီး ထဲသို့ရောက်သွားသောအခါ အကျိုးပြု ဘက်တီးရီးယားများအတွက် ကောင်းမွန်စေသည်ဟု ယုံကြည်ထားသော်လည်း အလွန်အကျွှံစားခြင်းသည် မကောင်းပါ။

ဖရက်တို့ သကြားဓါတ်များကို အကျိုးပြု ဘက်တီးရီးယားများကို ဖြစ်စေသော အစားအစာများ၊ အားဖြည့်ဆေးများနှင့် စီမံဖော်စပ်ထားသော အစားအစာများတွင် တွေ့နိုင်ပါသည်။

သဘာ၀ အစားအစာများတွင် ပါဝင်သောဖရက်တို့ သကြားဓါတ်သည် နည်းပါးသော်လည်း

ထိုပမာဏသည် သင့်ကိုယ်ခန္ဓာ၏ လိုအပ်မှုများအပေါ် မူတည်ပါသည်။

အူလမ်းကြောင်းတွင် ဇီဝဖြစ်စဉ်များ မူမမှန်ခြင်း၊ မှိုရောဂါများဖြစ်ခြင်း၊ အစာများ မခံနိုင်ခြင်းတို့သည် အကျိုးပြုဘက်တီးရီးယားများ မမျှတခြင်းကြောင့် ဖြစ်ခြင်းဖြစ်ရာ ထိုအခြေအနေမျိုးတွင် ဖရက်တို့ သကြားဓါတ်ပါသော အစားအစာများကို ရှောင်ကျဉ်သင့်ပါသည်။

ထိုအခြေအနေမျိုးတွင် အကျိုးပြုဘက်တီးရီးယားပါသောဆေးများ၊ အစားအစာများကိုစားခြင်း၊ ဖရက်တို့ သကြားဓါတ်မပါသော အကျိုးပြုအစာများကို စားခြင်းတို့ ပြုလုပ်သင့်ပါသည်။

ကိုယ်ခံအားစနစ်နှင့် ဆိုင်သော ခါးနာရောဂါခံစားနေရသူများသည် ဖရက်တို့ သကြားဓါတ်ကို ရှောင်သင့်ပါသည်။

ထို့ကြောင့် ဖရက်တို့ သကြားဓါတ်များကို မမှီဝဲခင် သင့်ကျန်းမာရေး အခြေအနေများကို ဆရာဝန်နှင့်တိုင်ပင်ခြင်း၊နည်းနည်းခြင်းစီ စစားခြင်းတို့ကို ပြုလုပ်သင့်ပါသည်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
http://www.probiotics-help.com/fructooligosaccharide.html
Accessed: February 21 2017

ယခုပုံစံ

21/03/2022

Dr. K Zin Thwe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/03/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ