backup og meta

မျှဝေပါ။

ဓါတ်မတည့်မှုဖြစ်ခြင်း အတွက် ရှေးဦးသူနာပြုစုမှုများ

သင့်ခန္ဓါကိုယ်ထဲရှိ ကိုယ်ခံအားစနစ်သည် သင့်ကိုနေမကောင်းဖြစ်စေမည့် ပြင်ပမှရောဂါပိုးများကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ တခါတရံတွင် သင့် ကိုယ်ခံအားစနစ်သည် သင့်အပေါ်သက်ရောက်လာသော အရာများကို တုန့်ပြန်မှုလွန်ကဲရာမှ ဓါတ်မတည့်မှုဖြစ်လာရခြင်းဖြစ်သည်။

ဓါတ်မတည့်မှုဖြစ်ခြင်း အတွက် ရှေးဦးသူနာပြုစုမှုများ

သင်သည် အစားအစာ၊ ဆေးဝါးနှင့် ပတ်ဝန်းကျင် စသည်တို့နှင့် ဓါတ်မတည့်မှုများခံစားရနိုင်ပါသည်။

ဘယ်အချိန်မှာ ရှေးဦးပြုစုမှုကို လိုအပ်သလဲ။

ဓါတ်မတည့်မှုကို ပြင်းထန်စွာခံစားနေရသော လူနာများနှင့် အောက်ပါလက္ခဏာများရှိလျှင်ရှေးဦးပြုစုရန် လိုအပ်သည်။

  • အသက်ရှုကျပ်လာခြင်း နှင့် တရွှီရွှီမြည်နေခြင်း
  • အသံသြလာခြင်း၊ စကားပြောရခက်ခြင်း
  • လည်ချောင်းထဲတွင် ကျပ်ပြီး အသက်ရှုမဝတော့ခြင်း
  • နှုတ်ခမ်း၊ လျှာနှင့် လည်ချောင်းများ ဖောင်းရောင်လာခြင်း
  • နှလုံးခုန်၊ သွေးခုန်မြန်လာခြင်း
  • ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ အန်ခြင်း
  • သတိလစ်သွားခြင်း
  • စိုးရိမ်စိတ်များခြင်း၊ ခေါင်းမူးခြင်း
  • သွေးလန့်ပြီး သွေးပေါင်ရုတ်တရက်ကျခြင်း

ပြင်းဓါတ်စွာဓါတ်မတည့်ခြင်းကြောင့် အထက်ပါလက္ခဏာများ ခံစားရပါက Epinephrine ဆေး၂ လုံးကိုထိုးရန် ဆောင်ထားသင့်သည်။

ပြင်းထန်စွာ ဓါတ်မတည့်ခြင်းနှင့်ပက်သက်ပြီး သိထားသင့်သော အရာများ

ပြင်းဓါတ်စွာဓါတ်မတည့်ခြင်းကြောင့် သွေးလန့်ပြီး သွေးပေါင်ရုတ်တရက်ကျခြင်း ဓါတ်မတည့်မှုဖြစ်ပြီး မိနစ်ပိုင်းအတွင်းဖြစ်ပြီး သတိလစ်ခြင်း၊ နှလုံးရပ်ခြင်း နှင့် အသက်ရှုရပ်သွားခြင်းတို့ဖြစ်တတ်သည်။

အောက်ပါလက္ခဏာများသည် သွေးလန့်ပြီး သွေးပေါင်ရုတ်တရက်ကျခြင်း၏ လက္ခဏာများဖြစ်သည်။

  • အရေပြားယားယံလာပြီး အက်ပြင်များထခြင်း၊ ရုတ်တရက် ဖြူဖတ်ဖြူရော်ဖြစ်သွားခြင်း
  • မူးမိုက်သွားခြင်း
  • မျက်နှာရုတ်တရက် ရောင်လာခြင်း
  • အသက်ရှုကျပ်ပြီး ရှုသံများကျယ်လာခြင်း
  • ပျို့အန်ခြင်း
  • နှလုံးခုန်မြန်လာခြင်း၊ သွေးခုန်နှုန်းစမ်းမရတော့ခြင်း

လူတယောက်သည် သင့်ရှေ့တွင် ပြင်းထန်စွာ ဓါတ်မတည့်ခြင်းခံစားနေရလျှင် ဘယ်လိုလုပ်ရမလဲ။

  • အရေးပေါ်ဌာနသို့ ချက်ချင်းဖုန်းခေါ်ဆိုပါ။
  • လက္ခဏာများစပေါ်နေပြီဆိုလျှင် Epinephrine ထိုးပါ။ ဆေးထိုးခြင်းသည် သင့်အတွက် အကျိုးမယုတ်စေပါ။ သင့်ဆရာဝန်နှင့် ဓါတ်မတည့်မှုအကြောင်းကို တိုင်ပင်ပြီးဖြစ်ပါက ဆရာဝန်ညွှန်ကြားချက်များနှင့် အရေးပေါ်လုပ်ဆောင်မှုများကို လိုက်နာပြီး ဆေးထိုးပါ။
  • လူနာကို စိတ်အေးအေးထားရန် ပြောပါ။
  • လူနာကို လဲလျောင်းစေပါ။
  • ခြေထောက်ကို ရေပြင်ညီနှင့်အထက် ၁၂ လက်မမြှောက်ထားပါ။
  • အကယ်၍ အန်နေလျှင်၊ သွေးထွက်နေလျှင် ဘေးဘက်သို့စောင်းထားပါ။
  • အသက်ရှုမကျပ်စေရန် အင်္ကျ ီကို ချောင်အောင်ပြုလုပ်ပါ။

Epinephrine ဆေးကို မြန်မြန်ထိုးနိုင်လေလေ လူနာမြန်မြန် သက်သာလေလေဖြစ်ပါသည်။ လူနာအသက်ရှုကျပ်နေသော အချိန်များတွင် ဆေးသောက်ခြင်း၊ အရည်သောက်ခြင်းနှင့် ခေါင်းမော့ခြင်းများကို မပြုလုပ်ပါနှင့်။

အသက်ရှုစေရန်အရေးပေါ်လုပ်ဆောင်ခြင်း

အကယ်၍ လူနာသည် အသက်မရှု၊ ချောင်းမဆိုးတော့လျှင် ၊ လှုပ်ရှားမှုမရှိတော့လျှင် အရေးပေး အသက်ကယ်ခြင်းကို လုပ်ဆောင်ရမည်ဖြစ်သည်။ အရေးပေါ်အသက်ကယ်ခြင်းနည်းလမ်းများ သည် လေ့ကျင့်သင်ကြားမှုများရှိမှသာ လုပ်နိုင်သည်။

လူနာ၏ ရင်ဘတ်ကို ၁ မိနစ်လျှင် အခါ၁၀၀ အကူအညီပေးမည့်သူလာသည်အထိ ဖိနှိပ်ရမည်။ သင်နှင့် အတူ သင့်မိသားစုဝင်များလည်း အရေးပေါ်အသက်ကယ်ခြင်းနည်းလမ်းများကို သင်ပေးသော အတန်းများတွင် လေ့လာထားသင့်သည်။

သင်သည် ဓါတ်မတည့်မှုဖြစ်စေသော အရာများကို သိထားပြီးရှောင်ကျဉ်နိုင်လေလေ ဓါတ်မတည့်မှုများလျော့နည်းလေလေဖြစ်သည်။ သင့် လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းများကို Epinephrine ထိုးဆေးသိမ်းထားသောနေရာကို ပြောပြထားသင့်သည်။

ထို့ပြင် သူတို့ကို အထက်ဖော်ပြပါ ရှေးဦးပြုစုနည်းများကို သင်ပေးထားခြင်းဖြင့် သင့်အသက်ကို ကယ်တင်နိုင်ပါလိမ့်မည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.webmd.com/first-aid/severe-allergic-reaction-anaphylactic-shock
http://www.webmd.com/first-aid/allergic-reaction-treatment
http://www.healthline.com/health/allergies/allergic-reaction-treatment#Treatment5

ယခုပုံစံ

12/05/2020

Dr. K Zin Thwe မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement