အဓိပ္ပါယ်ဖွင့်ဆိုချက်
Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ကဘာလဲ။
အဝေးမှုန်ခြင်းသည် အဝေးမှအရာဝတ္ထုအားကောင်းမွန်စွာမမြင်နိုင်ခြင်းဖြစ်သည်။ သင့်တွင်အဝေးမှုန်ခြင်းရှိက အဝေးရှိအရာအားမြင်ရန်ခက်ခဲလိမ့်မည်။ဥပမာ အနည်းငယ်ကွာဝေးသောအဝေးပြေးလမ်းပြမှုများကိုမမြင်နိုင်ခြင်း။ဤအခြေအနေသည် ရုတ်ချည်းသို့မဟုတ် တဖြည်းဖြည်းချင်းဖြစ်တတ်သည်။ ကလေးငယ်နှင့် အရွယ်ရောက်ချိန်များတွင်ပို၍ဆိုးတတ်သည်။
Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ
ဤရောဂါသည် အသက် ရှစ်နှစ်နှင့် ဆယ့်နှစ်နှစ်ကြားပိုဖြစ်တတ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ
အဝေးမှုန်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
- အဝေးရှိအရာကိုကြည့်ပါက ဝါးခြင်း
- ရှင်းရှင်းလင်းလင်းမြင်နီုင်ရန် မျက်မှောင်ကျုတ်၍ကြည့်ရန်လိုအပ်ခြင်း
- မျက်စိကိုက်ခြင်းကြောင့်ခေါင်းကိုက်လာခြင်း
- ကားမောင်းချိန် များသောအားဖြင့်ညအချိန်များတွင်မြင်ရန်ခက်ခဲခြင်း
ကလေးတွင်ဖြစ်တတ်သောအဝေးမှုန်၏လက္ခဏာများမှာ
- တောက်လျောက်မျက်မှောင်ကုတ်နေခြင်း
- ရုပ်ရှင်ကြည့်ရာတွင် အနီးကပ်ကြည့်ရန်လိုအပ်ခြင်း သို့မဟုတ် စာသင်ချိန်တွင် ရှေ့ဆုံးတွင်ထိုင်ရန်လိုအပ်ခြင်း
- အဝေးမှရှိသောပစ္စည်းများကိုသတိမထားမိခြင်း
- မျက်တောင်ခဏခဏခတ်နေခြင်း
- မျက်လုံးခဏခဏပွတ်ခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အောက်ပါအခြေအနေများရှိပါကဆရာဝန်နှင့်ပြသပါ။
- အဝေးကအရာကိုကောင်းမွန်စွာမမြင်နိုင်ခြင်းတို့ကြောင့် အလုပ်လုပ်ရန်ခက်ခဲခြင်း။
- ပုံမှန်လှုပ်ရှားမှုကိုပါအနှောက်အယှက်ဖြစ်စေခြင်း။
- သူ့မြင်ကွင်းအတွင်း အရိပ်တခုရုတ်တရက်ဖုံးလွမ်းသည်ခံစားရခြင်း။
အကြောင်းရင်းများ
Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ
အဝေးမှုန်သည် သင့်မျက်စံရှည်လွန်းခြင်း မျက်ကြည်လွှာကွေးလွန်းခြင်း တို့ကြောင့် ပုံရိပ်အားမျက်စိကြောပေါ်သို့မစုဆုံပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ပုံရိပ်အားမျက်စိကြောရှေ့တွင် စုဆုံစေပြီး ပုံရိပ်ဝါးခြင်းအားဖြစ်ပေါ်စေသည်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အဝေးမှုန် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
- မိသားစုမျိုးရိုးရှိခြင်း။ သင့်၏မိဘတစ်ယောက်ယောက်တွင် သို့မဟုတ် မိဘနှစ်ယောက်လုံးတွင် အဝေးမှုန်ရှိပါက သင့်တွင်ပိုဖြစ်နိုင်သည်။
- စာအုပ်အများကြီးဖတ်ခြင်း
- ပတ်ဝန်းကျင်အခြေအနေ။ ဥပမာ အပြင်သို့ထွက်ရန်အချိန်မရှိခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ
သင့်အားစမ်းသက်မှုအများအပြားလုပ်လိမ့်မယ်။ ဆရာဝန်မှပစ္စည်းမျိုးစုံနှင့်စမ်းသက်လိမ့်မည်။ အလင်းဖြင့် မျက်လုံးအားကြည့်ခြင်း နှင့် မှန်ဘီလူးအမျိုးမျိုးအားဖြတ်ကျော်၍ကြည့်စေခြင်းများပြုလုပ်လိမ့်မည်။ အကောင်းမွန်ဆုံးနည်းလမ်းများ သင့်၏မျက်လုံးအဘက်ဘက်မှလေ့လာခြင်းဖြင့် အမြင်ကြည်လင်စေရန် မျက်မှန်သို့မဟုတ်မျက်ကပ်မှန် လိုအပ်သည်ကိုလေ့လာခြင်းဖြစ်သည်။
Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ကို ဘယ်လိုကုသပါသလဲ
မျက်မှန်သို့မဟုတ် ခွဲစိတ်မှုအကူအညီဖြင့် ပုံရိပ်အား မျက်စိကြောတွင်စုဆုံစေခြင်းဖြင့်ကုသနိုင်သည်။
မျက်မှန်ဝတ်ဖို့ဆုံးဖြတ်ထားပါက မျက်ခွံလွှာ၏ကောက်ပုံကိုများစေခြင်း သို့မဟုတ် မျက်စံအလျားအားရှည်စေခြင်းလုပ်ပေးခြင်းဖြင့်ကူညီပါလိမ့်မည်။ မျက်မှန်အမျိုးအစားအမျိုးမျိုး ဥပမာ အဝေးအနီးပါပါသောမျက်မှန် စာဖတ်မျက်မှန် မျက်ကပ်မှန်များကိုမျက်စိတွင် တတ်ဆင်နိုင်သည်။
အဝေးမှန်ခြင်းအတွက် မျက်စိအားမတပ်ဆင်လိုပါက ခွဲစိတ်ခြင်းကိုစဉ်းစားလိမ့်မည်။ ခွဲစိတ်လိုက်ခြင်းဖြင့် မျက်မှန်သို့မဟုတ် မျက်ကပ်မှန်အပါ်မူတည်နေရသောဒုက္ခအားသက်သာစေနိုင်သည်။ အသုံးများဆုံးနည်းလမ်းမှာ လေဆာဖြင့်မျက်ကြည်လွှာဖြတ်ထုတ်ခြင်း နှင့် လေဆာသို့မဟုတ် ကိရိယာအကူအညီဖြင့် မျက်ကြည်လွှာအားပုံသဏာန်ပြန်သွင်းခြင်းတို့ဖြစ်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အဝေးမှုန်ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့်အဝးမှုန်ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
- မျက်လုံးအားပုံမှန်စမ်းသက်ပါ။
- နှာတာရှည်ရောဂါများအားထိန်းပါ။ ဥပမာ ဆီးချို သွေးတိုး
- မျက်လုံးအားနေနှင့်တိုက်ရိုက်ထိခြင်းမှကာကွယ်ပါ။ ယူဗွီပါသောနေကာမျက်မှန်များသုံးပါ။
- မျက်လုံးအားထိခိုက်ဒဏ်ရာရစေခြင်းမှကာကွယ်ပါ။ ဆိုလိုသည်မှာ မျက်လုံးအကာအကွယ်များအား အားကစားဆော့ချိန် မြက်ရိပ်ချိန် သို့မဟုတ် အဆိပ်ငွေ့နှင့်ထိနိုင်ချိန်တို့ တွင် ဝတ်ဆင်ပါ။
- ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ဖြတ်ခြင်းဖြင့် သင့်မျက်လုံးသာမက သင့်ခန္ဓါကိုယ်ကျန်းမာရေးကိုပိုကောင်းစေနိုင်သည်။
- မှန်ကန်သောမျက်မှန်ကိုသုံးပါ
- မျက်စိအားကြာရှည်စွာအသုံးပြုခြင်းမှရှောင်ကြည်ပါ။ ကွန်ပြူတာ သို့မဟုတ် စာဖတ်ပြီး ခဏတွင် အဝေးသို့ကြည့်ခြင်းဖြင့် မျက်လုံးအားအနားပေးပါ။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]