brand logo
Discover
Health Tools
Communities

Share

Sleeping Mask သုံးရင် မျက်နှာမှာဘာတွေအကျိုးထူးမလဲ

Sleeping Mask သုံးရင် မျက်နှာမှာဘာတွေအကျိုးထူးမလဲ

မျက်နှာလေး အမြဲတမ်းကြည်လင်လှပနေဖို့ဆိုရင် မိတ်ကပ်လိမ်းရုံနဲ့တင် မလုံလောက်ပါဘူးနော်။ အသားအရေထိန်းပစ္စည်းတွေလည်း လိမ်းပေးဖို့ လိုပါတယ်။ မိတ်ကပ်တွေ အမျိုးမျိုးရှိသလို အသားအရေထိန်းပစ္စည်းတွေလည်း အမျိုးမျိုး ရှိကြပါတယ်။ အခုနောက်ပိုင်းမှာတော်တော်များများ လိမ်းကြတဲ့ အသားအရေထိန်းပစ္စည်းတစ်မျိုးအကြောင်းပြောပြချင်ပါတယ်။ အဲဒါကတော့ Sleeping mask အကြောင်းပါ။ ဘယ်လိုအသားအရေပိုင်ရှင်မဆို၊ အသက်အရွယ်ဘယ်လောက်ဖြစ်ဖြစ် လိမ်းနိုင်ပါတယ်။ Sleeping mask မှာလည်း အသားအရေအမျိုးအစားကိုလိုက်ပြီး ထုတ်လုပ်ထားတာတွေ ရှိပါတယ်။

Sleeping Mask သုံးရင် မျက်နှာမှာဘာတွေအကျိုးထူးမလဲ
  • ပုံမှန်maskတွေဆိုရင် လိမ်းထားပြီးနောက်ပိုင်းမှာ မျက်နှာပြန်သစ်ရတာတွေရှိပါတယ်။နောက်ပြီးတော့ moistureတွေလည်း အစရှိသလို လိမ်းရပါတယ်။ Sleeping mask ကတော့ မျက်နှာပြန်သစ်စရာ မလိုတဲ့ mask အမျိုးအစားပါ။ ကိုယ့်ရဲ့ မျက်နှာကို သန့်စင်ဆေးကြောပြီးပြီဆိုရင် Sleeping maskလေး လိမ်းလိုက်ရုံပါပဲ။
  • Sleeping maskလေး လိမ်းတဲ့အခါမှာ လက်ထဲကို ထည့်ပြီး အသားအရေထဲ စိမ့်ဝင်နေအောင်ဖြည်းဖြည်းချင်း ပုတ်ပြီး လိမ်းဖို့ လိုပါတယ်။ facial massageလေးပါ လုပ်ပေးမယ်ဆိုရင်တော့ ပြီးပြည့်စုံမှာပါနော်။ Sleeping mask ကို လိမ်းခြင်းအားဖြင့် အခြားmoisture လိမ်းနဲ့ serum လိမ်းခြင်း အဆင့်တွေကိုကျော်လွှားခဲ့လို့ ရပါတယ်။
  • Sleeping mask ဆိုတဲ့အတိုင်း ညဘက်လိမ်းပေးရမှာပါ။ အသားအရေကိုပြန်လည်ပြုပြင်တဲ့အချိန်က ညဘက်ဖြစ်တာကြောင့် အကျိုးအာနိသင်က ပိုမိုဖြစ်ထွန်းမှာပါ။
  • Sleeping mask သုံးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး (၄) မျိုး ရှိပါတယ်။

    ရေဓာတ်ဖြည့်ပေးနိုင်ခြင်း

    တစ်နေကုန်နေပူထဲ ဖုန်မှုန့်တွေကြားထဲ သွားလာလှုပ်ရှားထားတာကြောင့် မျက်နှာအသားအရေဟာရေဓာတ်ဆုံးရှုံးနေပါပြီ။ Sleeping mask သုံးပေးမယ်ဆိုရင်တော့ရေဓာတ်အပြည့်အဝ ပါဝင်တာမို့ တစ်ညလုံး မျက်နှာကိုရေဓာတ်အပြည့်အဝ ရရှိနေမှာပါ။ မျက်နှာမှာ အရေပြားခြောက်သွေ့တာကြောင့် နီရဲခြင်း၊ ယားယံခြင်းတွေလည်း မရှိစေတော့ပါဘူး။

    ချွေးပေါက်တွေလျှော့ချပေးနိုင်ခြင်း

    မျက်နှာ အပေါ်ယံအရေပြားမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးခြင်းနဲ့ချွေးပေါက်ထဲမှာ အညစ်အကြေးရှိနေခြင်းကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင်ချွေးပေါက်တွေကျယ်တာကိုလည်းလျှော့ချပေးနိုင်ပါသေးတယ်။ ညအိပ်ချိန်မှာ မျက်နှာလေး တင်းရင်းအောင် စွမ်းဆောင်ပေးနိုင်တာကြောင့် မနက်အိပ်ရာနိုးတဲ့အခါမှာ ကြည်လင်ပြီးအေးမြလတ်ဆတ်တဲ့ အသားအရေကို ရရှိနိုင်မှာပါ။

    အစိုဓာတ်နဲ့ချောမွေ့စေခြင်း

    မျက်နှာမှာနေရောင်ခြည်ဒဏ်နဲ့ ထိတာကြောင့်ပဲဖြစ်ဖြစ် အသားအရေခြောက်သွေ့ပိုင်ရှင်ပဲဖြစ်ဖြစ် အစိုဓာတ် လိုအပ်ပါတယ်။ sleeping mask က အစိုဓာတ်ပေးစွမ်းနိုင်တဲ့အပြင် အရေးအကြောင်းဖြစ်ခြင်းတွေကိုပါလျော့ကျစေပြီး တင်းတင်းရင်းရင်းနဲ့ချောချောမွေ့မွေ့လေးဖြစ်စေတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

    အသားအရေကို ထိန်းညှိပေးခြင်း

    အသားအရေ မညီမညာဖြစ်ခြင်းနဲ့ အရွယ်မတိုင်ခင် ကြီးရင့်တဲ့ပုံပေါက်စေတဲ့ အရေးအကြောင်းတွေကို ဖယ်ရှားပေးပြီး မျက်နှာ နူးနူးညံ့ညံ့ဖြစ်နေစေဖို့ တာဝန်ယူပေးနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာအသားအရေက လိုအပ်တဲ့ အာဟာရတွေလည်းပေးစွမ်းနိုင်တာကြောင့် အသားအရေ ပျက်စီးတာတွေ မဖြစ်စေနိုင်တော့ပါဘူး။

    ညဘက် skin care အဆင့်ဆင့် လုပ်ရမှာပျင်းတယ်ဆိုရင်တော့ sleeping maskလေးသာ အပြေးဝယ်သုံးလိုက်ပါတော့နော်။ မျက်နှာကို cleansing လုပ်ပြီးတာနဲ့ sleeping maskလေးရုံပါပဲ။ မနက်ဆိုရင် နူးနူးညံ့ညံ့ စိုစိုပြေပြေနဲ့ ကြည်လင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ရမှာပါ။

    Hello Sayarwon Panel
    Fact Checked by Hello Sayarwon Panel · Written by Eaindray Kha · Updated 13/07/2020

    Was this article helpful?