backup og meta

ခြောက်သွေ့တဲ့အသားအရည်အတွက် အကောင်းဆုံး moisturizer အစိုဓါတ်ထိန်းပစ္စည်း ကိုဘယ်လိုရွေးချယ်မလဲ

ခြောက်သွေ့တဲ့အသားအရည်အတွက် အကောင်းဆုံး moisturizer အစိုဓါတ်ထိန်းပစ္စည်း ကိုဘယ်လိုရွေးချယ်မလဲ

သင်ဟာအသားခြောက်တဲ့လူဆိုရင် သင့်အတွက်သင့်တော်မယ်ထင်တဲ့ Moisturizer အနည်းငယ်ကို သင်စမ်းသုံးကြည့်ပြီးဖြစ်ပါလိမ့်မယ်။ ဈေးကွက်ထဲမှာတော့ Moisturizer တွေ အများကြီးရှိပါတယ်။ အများအားဖြင့် သူတို့တွေကို ပုံမှန်အသားခြောက်တဲ့လူအတွက် (သို့) အလွန်အမင်းအသားခြောက်သူတွေအတွက် အထူးထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဈေးအမျိုးမျိုး ပုံစံအမျိုးမျိုးရှိကြပါတယ်။

ဈေးသိပ်မပေးရတဲ့ဆေးဆိုင်လေးတွေကနေလည်းဝယ်လို့ရနိုင်ပြီး အချို့ကတော့ ရွှေကွပ်ထားတဲ့ပုလင်းတွေနဲ့လာပြီး ဒေါ်လာရာပေါင်းများစွာပေးရတာတွေလည်းရှိပါတယ်။

အမျိုးအမည်တွေအများကြီးရှိတာကြောင့်ရွေးချယ်ရခက်နေတဲ့အချိန်မှာ သင်ဘာကိုရွေးဝယ်သင့်သလဲ။ brand နာမည်ကြည့်ပြီးလိုက်ရှာနေတာထက် ဘူးခွံပေါ်ရေးထားတဲ့ ပါဝင်ပစ္စည်းတွေကို ဆန်းစစ်ပြီး ရွေးချယ်ဝယ်ယူဖို့က ပိုအရေးကြီးပါတယ်။

ဒီပါဝင်ပစ္စည်းတွေက သင်ဝယ်လိုက်တဲ့ပစ္စည်းဟာ သင့်အသားအရည်အတွက် တကယ်သင့်တော်မတော် ပြောပြပါလိမ့်မယ်။ သင်ဝယ်တဲ့အခါ ကြည့်သင့်တဲ့အဓိက ပါဝင်ပစ္စည်းတွေရှိပါတယ်။ ဒါမှသာ သင့်အတွက်အသုံးဝင်မယ့်ပစ္စည်းကို စိတ်ချလက်ချဝယ်နိုင်မှာပါ။

Moisturizer မှာ ရှိကိုရှိသင့်တဲ့ ပါဝင်ပစ္စည်းများ

သိပ္ပံနည်းကျကျ ခြောက်သွေ့တဲ့အသားအရည်ကို ပြန်လည်ကောင်းမွန်လာစေတယ်ဆိုတဲ့ ဒီပစ္စည်းတွေပါဝင်တဲ့ ဖော်မြူလာနဲ့ထုတ်ထားတာကို ရှာဖွေသင့်ပါတယ်။

Antioxidants (ဓါတ်တိုးဆန့်ကျင်ပစ္စည်း)ဆိုတာ free-radical ကြောင့်ဖြစ်တဲ့ အသားအရည်ပျက်စီးမှုတွေ နဲ့ ပတ်ဝန်းကျင်ကြောင့် အသားအရည်ပျက်စီးမှုတွေကို လျှော့ချပေးနိုင်တဲ့ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ပစ္စည်းတွေနဲ့ လူလုပ်ပစ္စည်းတွေပါဝင်တဲ့ အုပ်စုတစ်ခုပါ။ ဘာလို့သူကအရေးကြီးတာလဲ? အသားခြောက်ခြင်းဟာ အရေပြားရဲ့အပေါ်ယံလွှာက သူ့ရဲ့သဘာဝအစိုဓါတ်ကိုထိန်းသိမ်းနိုင်တဲ့စွမ်းအားတွေလျော့ကျလာလို့ဖြစ်ရတာပါ။

သင့်ဘဝရဲ့အချိန်အများစုမှာ အသားခြောက်တာမဖြစ်ခဲ့ဖူးဘဲ ခုမှဖြစ်တယ်ဆိုရင် ဒါဟာ နေလောင်တာကြောင့်သော်လည်းကောင်း အသားအရည်ကို ကာကွယ်ပေးထားတဲ့အလွှာကို ထိခိုက်စေတဲ့ ပစ္စည်းတစ်ခုခုသုံးမိခြင်းကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။

အသားလောင်သွားတာကိုလျှော့ချပေးဖို့ခဏထားပြီး နေရောင်ခြည်နဲ့ထိတွေ့တာများလွန်းလို့ဖြစ်လာတဲ့ ပျက်စီးခြင်း အချို့ကိုတောင် antioxidants က ကာကွယ်ပေးနိုင်ပါသေးတယ်။

သတိကြီးကြီးထားရမှာတစ်ခုက အရေးအကြီးဆုံးဟာ antioxidant တစ်မျိုးတည်းမဟုတ်ပါဘူး ။ အကောင်းဆုံးဆိုတဲ့ moisturizers တွေဟာ သင့်အသားအရည်အတွက် စွမ်းအားပြည့်ဝတဲ့ antioxidants တွေအများကြီးသုံးထားပေးထားတာပါ။

ဒီantioxidants တွေက ဘူးကိုသေချာလုံအောင်ပိတ်ထားမှသာ အကျိုးသက်ရောက်မှုက မပြောင်းမလဲဘဲတည်ရှိနေမှာပါ။ antioxidants တွေဟာ နေရောင်ခြည်နဲ့ လေကိုထိတွေ့လိုက်တာနဲ့ ပြိုကွဲသွားတတ်တာကြောင့် ဘူးကိုသေချာမပိတ်ဘဲထားလို့ကိုမရပါဘူး။

အသားအရည်ကိုပြန်လည်ပြုပြင်ပေးတဲ့ပစ္စည်းတွေဆိုတာ ဆဲလ်တွေကို တစ်ခုနဲ့တစ်ခုပြန်လည် ဆက်သွယ်ပေးပြီး အရေပြားအပေါ်ယံလွှာကို ပြန်လည်ကောင်းမွန်အောင်လုပ်ပေးနိုင်တဲ့ပစ္စည်းတွေပါ။

ကျန်းမာသန်စွမ်းတဲ့အရေပြားအပေါ်ယံလွှာဟာ အသားအရည်ကိုနူးညံ့ချောမွတ်စေပြီး အသားစိုစေပါတယ်။ အသားခြောက်တာနဲ့တော့ တကယ်ပြောင်းပြန်ပဲပေါ့။ အသားအရည်ပြန်လည်ကောင်းမွန်စေတဲ့ ပစ္စည်းတွေအများကြီးရှိပါတယ်။ ဥပမာ လူသိများကြော်ငြာအားကောင်းတဲ့ Hyaluronic acid, sodium hyaluronate, cholesterol နဲ့ ceramides တို့လို ပစ္စည်းမျိုးပေါ့။

Emollients ဆိုတာကတော့ ရေဓါတ်ဆုံးရှုံးမှုကိုကာကွယ်ပေးပြီး အသားအရည်ကို နူးညံ့ချောမွတ်စေပြီး ကာကွယ်ပေးနိုင်တဲ့ ချောမွေ့တဲ့ ပစ္စည်းတစ်မျိုးပါ။ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးတာက အစိုဓါတ်ထိန်းသိမ်းပေးနိုင်တာရဲ့ အဓိကသော့ချက်ပါ။

Emollients တွေဟာ အရည်တွေလည်းဖြစ်နိုင်သလို အနံ့မပါတဲ့အဆီတွေ၊ petrolatumတွေနဲ့ Linoleic acid, glyceri, triglycerides, နဲ့ fatty alcohols တွေစတဲ့ fatty acidsတွေပါဝင်တဲ့ စေးပျစ်ပျစ် အမျိုးအစား လည်းဖြစ်နိုင်ပါသေးတယ်။

Anti- inflammatory ingredients ဆိုတာ ရောင်ရမ်းခြင်း၊ အသားတင်းခြင်း၊ နာကျင်ခြင်း၊နီရဲ ယားယံခြင်း စတဲ့ အသားလောင်ခြင်းလက္ခဏာတွေကို လျှော့ချပေးနိုင်တဲ့ ပစ္စည်းတွေပါ။ Antioxidants အများစုဟာ ဒါတွေကိုလုပ်ဆောင်ပေးနိုင်ပေမဲ့လည်း ဒီလိုလုပ်နိုင်တဲ့ အခြားအရာတွေလည်းအများကြီးရှိပါသေးတယ်။ အကုန်လုံးကတော့ အသားခြောက်ခြင်းနဲ့ အလွန်အမင်းအသားခြောက်ခြင်းတို့အတွက် ကောင်းမွန်တာတွေပါပဲ။

သင့်Moisturizerတွေမှာ မပါသင့်တဲ့အရာတွေ။

ကျွန်တော်တို့ဟာ အသားခြောက်တာကိုပျောက်ကင်းစေတဲ့ Moisturizer ကောင်းကောင်းမှာ ပါဝင်ရမဲ့အရာတွေကို စာရင်းပြုစုခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဘာတွေမပါသင့်ဘူးဆိုတာကလည်း အရေးကြီးနေသေးတာပါပဲ။ ယုံချင်ယုံ မယုံချင်နေပါ။

အသားခြောက်သူတွေနဲ့ ထိခိုက်လွယ်သော အရေပြား (sensitive skin) တွေအတွက်လို့ တံဆိပ်ကပ်ထားတဲ့ Moisturizer အတော်များများမှာ ပြဿနာကိုပိုဆိုးသွားစေမယ့် သို့မဟုတ် ပါဝင်ပစ္စည်းတွေရဲ့ ကောင်းအောင်လုပ်ပေးနိုင်တဲ့အစွမ်းကို ဆန့်ကျင်ဘက်လုပ်ပစ်နိုင်တဲ့ ပစ္စည်းတွေပါဝင်နေပါတယ်။ ကျွန်တော်တို့က alcohol နဲ့ လာဗန်ဒါ၊ နှင်းဆီ၊ သံပရာ သို့မဟုတ် ပူရှိန်းနံ့ စတဲ့ အမွှေးဆီတွေပါဝင်တဲ့ အနံ့မျိုးကို ပြောနေတာပါ။

တကယ်လို့ သင်ဝယ်မယ်လို့ရည်ရွယ်လိုက်တဲ့ Moisturizer တွေမှာ ဒါတွေထဲက တစ်ခုပါနေမယ်ဆိုရင်တော့ ခပ်ဝေးဝေးကသာရှောင်သွားလိုက်ပါ။ ဒီပစ္စည်းအတော်များများ အထူးသဖြင့် volatile plant oils တွေဟာ အရေပြား ပြဿနာတွေကဖြေရှင်းပေးနိုင်တဲ့ သဘာဝဖြေဆေးတွေဖြစ်နေပေမဲ့ ယားယံလောင်ကျွမ်းခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။

ဒါကတော့ ခြောက်သွေ့တဲ့အသားအတွက် လိုအပ်မဲ့ နောက်ဆုံးအချက်ပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.paulaschoice.com/expert-advice/dry- skin/_/dry-skin- what-your- moisturizer-must-
containhttp://www.paulaschoice.com/expert-advice/dry- skin/_/dry-skin- what-your- moisturizer-must-
containhttp://www.paulaschoice.com/expert-advice/dry- skin/_/dry-skin- what-your- moisturizer-must-
containhttp://www.paulaschoice.com/expert-advice/dry- skin/_/dry-skin- what-your- moisturizer-must-
containhttp://www.paulaschoice.com/expert-advice/dry- skin/_/dry-skin- what-your- moisturizer-must-
containhttp://www.paulaschoice.com/expert-advice/dry- skin/_/dry-skin- what-your- moisturizer-must-
containhttp://www.paulaschoice.com/expert-advice/dry- skin/_/dry-skin- what-your- moisturizer-must-
containhttp://www.paulaschoice.com/expert-advice/dry- skin/_/dry-skin- what-your- moisturizer-must-
containhttp://www.paulaschoice.com/expert-advice/dry- skin/_/dry-skin- what-your- moisturizer-must-
contain

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement