backup og meta

သင့်အသားအရေအတွက် ကောင်းမွန်တဲ့ မျက်နှာသစ်ဆေးကို ဘယ်လိုရွေးချယ်မလဲ။

သင့်အသားအရေအတွက် ကောင်းမွန်တဲ့ မျက်နှာသစ်ဆေးကို ဘယ်လိုရွေးချယ်မလဲ။

သင့်အသားအရေအတွက် မှန်ကန်တဲ့ မျက်နှာသစ်ဆေးကို ဘယ်လိုရွေးချယ်ရမလဲ။

မျက်နှာသစ် ဆပ်ပြာကောင်းတစ်ခုဟာ ပထမဆုံးအနေနဲ့ သင့်အသားအရည်ကို ဂရုစိုက်ပေးနိုင်ရပါမယ်။ ဖုန်တွေ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးရင်း မိတ်ကပ်တွေကို ပျော်ဝင်စေနိုင်ရမယ်။ ပြီးတော့ ချွေးပေါက်တွေကိုလည်းဖွင့်ပေးနိုင်ရပါမယ် (Moisture တွေကို ဖယ်ထုတ် ပစ်တာမျိုး မဟုတ်ဘဲနဲ့) ။ ဒီလို သေချာသန့်စင်ပေးခြင်းဟာ အခြားအရေပြားအလှကုန်တွေ သုံးတဲ့အခါမှာ အကောင်းဆုံး ဖြစ်စေပါတယ်။

မျက်နှာသစ်ဆေးတေ ွအားလုံးဟာ တူညီနေကြတာတော့ မဟုတ်ပါဘူး။ ဈေးကွက်ထဲက ထောင်နဲ့ချီရှိတဲ့ ပစ္စည်းတွေထဲက သင်နဲ့ကိုက်ညီတာကို ဘယ်လိုရွေးချယ်သင့်သလဲ။ ဂျေးချွတ်ဆေး ခပ်ပြင်းပြင်းတွေကို မျက်နှာပေါ် ဘယ်တော့မှမတင်ပါနဲ့။ သင့်အဘွားက ဘယ်လိုပဲပြောနေပါစေ။ ဆပ်ပြာဟောင်း ခပ်ကောင်းကောင်းတွေနဲ့ ရေနဲ့ပဲသုံးနေတာက သင့်အသားအရည်အတွက် အကောင်းဆုံးမဖြစ်နိုင်ပါဘူး။ တကယ်လို့ သင့်အသားက တင်းကြပ်တာခြောက်သွေ့တာနဲ့ ရေချိုးပြီးတဲ့အခါမှာ ပြောင်ချောချောဖြစ်နေရင် creamier cleanser (ခရင်မ်များသောမျက်နှာသစ်ဆေး)လိုအပ်နေပါပြီ။ တကယ်လို့ သင်ဟာ အဆီပြန်တတ်တယ်ဆိုရင် နူးညံ့တဲ့ foaming cleanser (အမြှုပ်ထသောမျက်နှာသစ်ဆေး) တွေကို သုံးကြည့်ပါ။

Foaming (အမြှုပ်ထစေသော)နဲ့ Gel (ဂျယ်လ်)ဆိုတဲ့ စကားလုံးတွေ သင်သုံးနေတဲ့ပစ္စည်းထဲမှာ ပါနေပြီဆိုရင် အဲ့ဒီပစ္စည်းထဲမှာ sodium lauryl sulfate / sodium laureth sulfate စတဲ့ အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေပါနေပြီ ဆိုတာ သတိထားသင့်ပါတယ်တဲ့။ ဒီ petroleum-based foaming ပစ္စည်းတွေဟာ ဈေးသက်သာပြီး တစ်ကိုယ်ရည်သုံးပစ္စည်းတွေထဲမှာ ပါဝင်တတ်ပါတယ်။ ဒီပစ္စည်းတွေဟာ endocrine (ကိုယ်တွင်းဟော်မုန်းထုတ်သောအင်္ဂါတစ်ခု) ကို ပျက်စီးစေပြီး အာရုံကြောစနစ်ကို ထိခိုက်စေကာ ကင်ဆာရောဂါထိ ဖြစ်စေတတ်ပါတယ်။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ ရွေးချယ်မှုကတော့ အုန်းဆီနဲ့ သစ်သီ းသကြားဓါတ်တွေမှ ပြန်လည်ပြုပြင်ထုတ်လုပ်ထားတဲ့ ပိုနူးညံ့တဲ့ coco glucosideတွေ အဓိကပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာတွေပါ။

ခြောက်သွေ့တဲ့အသားအရည်နဲ့ ၂၅ပတ်ဝန်းကျင် အသားအရည်တွေအတွက် အဆီ၊ရေနဲ့ emollients(ရေဓါတ်ဆုံးရှူံးမှုကို ကာကွယ်ပြီး အသားအရေကို နူးညံ့ချောမွေ့စေသောပစ္စည်း) တွေ ပိုပြီးပါဝင်တဲ့ လိုးရှင်းခရင်မ်နဲ့ နို့ရည်တွေကိုရှာဖွေသင့်ပါတယ်။ နှင်းဆီရည်(rose water)ဟာ အရေပြားကို အစိုဓါတ် ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ glycerin ကတော့ အရေပြား အစိုဓါတ် ထိန်းပေးနိုင်တဲ့ နူးညံ့တဲ့ သဘာ၀ ချောဆီပေါ့။

Glycerin ဟာပုံမှန်ဆဲလ် ကြီးထွားရင့်သန်မှုကိုအားပေးတဲ့အတွက် ထိခိုက်လွယ်သောအရေပြား sensitive skinတွေအတွက်လည်း ကောင်းပါတယ်။ သင့်အသားအရည်ဟာ ယားယံတတ်ပြီးနီရဲနေတတ်ရင်တော့ အပေါ်ယံလွှာတွေဖယ်ရှားပေးတဲ့မျက်နှာသစ်ဆေးတွေ ဂျေးချွတ်ဆေးတွေမသုံးသင့်ပါဘူး။ ပြီးတော့ alcohol ပါသော အလှကုန်ကိုရှောင်ပါ။ ရှားစောင်း လက်ပတ်ဟာ အသားရောင်ယမ်းခြင်း၊ လောင်ကျွမ်းခြင်းနဲ့ နီရဲနေတာတွေအတွက် အရမ်းကောင်းတဲ့ ဆေးတစ်လက်ပါ။

တကယ်လို့ သင့်မှာ ပေါင်းစပ်အသားအရည်ရှိခဲ့မယ်ဆိုရင် သင့်မျက်နှာကိုတင်းကြပ်နေတာမျိုးမဖြစ်စေဘဲ အရည်ပြားရဲ့ သဘာဝအဆီတွေကို ချန်ထားပေးနိုင်မဲ့ မျက်နှာသစ်ဆေးကို ရှာဖွေတဲ့အခါမှာ အနည်းငယ်ခက်ခဲ မှားယွင်းစေနိုင်ပါတယ်။ လက်ဖက်ဆီ၊ ရှားစောင်းလက်ပတ်၊ ရွှံ့စေး၊ witch hazelနဲ့ စမုန်ဖြူတွေဟာ ဝက်ခြံပေါက်တာ သက်သာစေပါတယ်။ အမြှုပ်ထမျက်နှာသစ်ဆေးတွေဟာ ဝက်ခြံပေါက်တဲ့ အသားအရည်တွေ အတွက်ဆိုရင် ခြောက်သွေ့လွန်းစေပြီးသင့်အရည်ပြားက သဘာဝအဆီတွေဆုံးရှုံးသွားတာကို ပြန်ဖြည့်ဖို့ အဆီတွေပိုပြီးထုတ်လာတဲ့ အခြေအနေကိုဦးတည်သွားစေ နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.skinacea.com/how-to/pick- right-rcleanse– part2.html#.VVqo0rmqpBc

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လှပသောအသားအရေအတွက် ဗီတာမင်နဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ

အမျိုးသားတွေပါ ပြုလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းခြင်း



Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement