အမာရွတ်ပေါ်မှာ ဗီတာမင် အီး ကို အသုံးမပြုရပါဘူး။ ဗီတာမင် အီး ဟာ အမာရွတ်တွေကို လျင်မြန်စွာ ပျောက်ကင်းစေတယ်လို့ သင့်အနေနဲ့ ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် မိုင်ယာမီတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာချက်တခုအရ အာဟာရဓာတ်တွေကို အမာရွတ်နဲ့ တိုက်ရိုက်ထိတွေ့ အသုံးပြုမယ်ဆိုရင် အမာရွတ်ပျောက်ဖို့ ပိုလို့တောင် ကြာမြင့်စေတယ်လို့ ဆိုပါတယ်။ ဗီတာမင် အီး ဟာ ကောင်းကျိုးမရှိရုံမျှမက လူနာကိုးဆယ်ရာခိုင်နှုန်းမှာ ပိုလို့တောင် ဆိုးသွားစေတယ်ဆိုတာကို အဆိုပါ လေ့လာမှုကတဆင့် သိရှိခဲ့ရတာပါ။
တကယ်လို့ သင့်အမာရွတ်တွေဟာ သူ့အလိုလို ပျောက်ကွယ်မသွားဖူးဆိုရင် သင့်အနေနဲ့ အရေပြားဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ လေဆာရောင်ခြည်အသုံးပြု ကုသခြင်းဟာ သင့်အရေပြားမျက်နှာပြင်ကို ချောမွေ့ညီညာစေတဲ့အပြင် collagen (ကော်လဂျင်) ဓာတ်အသစ်တွေ ဖြစ်ပေါ်မှုကိုလည်း အားပေးပါတယ်။ collagen ဓာတ်ဟာ အရေပြားရဲ့ ဖွဲ့စည်းတည်ဆောက်မှုမှာ အရေးပါတဲ့ ပရိုတင်းတမျိုး ဖြစ်တဲ့အတွက် အသစ်ဖြစ်ပေါ်လာတဲ့ collagen ဓာတ်တွေဟာ ဝက်ခြံအမာရွတ် ချိုင့်ခွက်နဲ့ အမာရွတ်တွေကို ညီညာချောမွေ့သွားစေမှာပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။