backup og meta

ကျောရိုးအာရုံကြောမကြီး ဒဏ်ရာရခြင်းအတွက် ရှေးဦးသူနာပြုစုနည်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောရိုးဆိုင်ရာ ထိခိုက်ဒဏ်ရာ ရခြင်းအကြောင်း

    ကျောရိုးအာရုံကြောမကြီးဆိုတာ လည်ပင်းနှင့် ကျောရိုးနောက်ကြော တစ်လျှောက်ဆင်းသွားသော တစ်ရှူးလွှာအထူကြီးကို ခေါ်ပါတယ်။ ၎င်းကို ကျောရိုးဆစ်တွေက ကာကွယ်ပေးထားပါတယ်။ တကယ်လို့ ဒီကျောရိုးအာရုံကြောမကြီး ပျက်စီးသွားမယ်ဆိုရင် ခန္ဓါကိုယ် မလှုပ်ရှားနိုင်တော့ပဲ ဖြစ်သွားနိုင်ပါတယ်။ ဒီကျောရိုးအာရုံကြောမကြီးကို ကျောရိုးဆစ်တွေက ကာကွယ်ပေးထားတဲ့ အတွက်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိဖို့ရာ အန်မတန်မှ ခဲယဉ်းပါတယ်။ တကယ်လို့ ကျောရိုးဆိုင်ရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့မယ်ဆိုရင် X-ray ဓါတ်မှန်ရိုက်ခြင်းဖြင့်သာ သိနိုင်ပါတယ်။ တကယ်လို့ ကျောရိုးဆိုင်ရာ ဒဏ်ရာရရှိတယ်လို့ ယူဆခဲ့ရင် အောက်ဖော်ပြပါအချက်များမှ တစ်ခုသာ ရှိသော်လည်းပဲ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။

    ကျောရိုးအာရုံကြောမကြီး ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ဖော်ပြနေတဲ့ အချက်အချို့ကို သတိပြုခြင်း

    • စိတ်ဖောက်ပြန်ခြင်း သို့မဟုတ် စိတ်ပျော်ရွှင်တက်ကြွလွန်းခြင်း ကဲ့သို့ စိတ်ရောဂါ အခြေအနေများ ခံစားနေရခြင်း၊

    • မူးဝေခြင်း၊

    • ဦးခေါင်း၊ လည်ပင်း သို့မဟုတ် နောက်ကျော သက်တောင့်သက်သာ မရှိခြင်း၊

    • ခန္ဓါကိုယ် လှုပ်ရှား၍ မရခြင်း၊

    • ၂ မီတာကျော် အမြင့်မှ ဦးခေါင်း သို့မဟုတ် လည်ပင်းဖြင့် ပြုတ်ကျခြင်း၊ ၎င်းအမြင့်ဟာ အရပ် အနေတော်ရှိတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဦးခေါင်းလောက်ထိ အမြင့်ရှိပါတယ်။

    • ဦးခေါင်းထဲမှ အရည်များ နှာခေါင်း သို့မဟုတ် နားမှ ထွက်လာခြင်း၊

    • ဦးခေါင်းကောင်းစွာ လှုပ်၍မရခြင်း၊

    • သူငယ်အိမ်၂ဖက် အရွယ်အစား မညီမျှခြင်းနှင့် အလင်းနှင့်တွေ့သောအခါ တုန့်ပြန်မှု မမှန်ကန်ခြင်း၊

    • ဦးခေါင်း သို့မဟုတ် နောက်ကျော ထိခိုက်ဒဏ်ရာ ရထားခြင်း၊

    • လိင်တံကာလကြာမြင့်စွာ တောင့်တင်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ကုသခြင်း

    အရင်ဆုံး အသက်ကယ်ရန် ဦးစားပေးရမည့် အချက်။ တတ်နိုင်သမျှ ကျောရိုးကို မလှုပ်ရှားနိုင်အောင် ပြုလုပ်ပေးပါ။ သို့သော် အသက်ရှု လမ်းကြောင်းပွင့်ရန် အသက်ရှုရန်နှင့် နှလုံးနှင့် ဦးနှောက်သို့ သွေးလည်ပတ်မှု ရောက်အောင် ပြုလုပ်ပေးရမှာကတော့ ပထမဆုံး ဦးစားပေးပဲ ဖြစ်ပါတယ်။

    အရမ်းအရေးပေါ် မဟုတ်ပဲနဲ့ လူနာကို မလိုအပ်ပဲ ပြောင်းရွှေ့ခြင်း မလုပ်သင့်ပါဘူး။ လူနာကို မပြောင်းရွှေ့ပဲနဲ့ အသက်ရှု၊ မရှုကို အရင်ဆုံး စစ်ဆေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ အသက်မရှု ဘူး ဆိုရင် နှလုံးခုန်အောင် ရင်ဘတ်ကို ဖိပြီး အသက်ကယ်ခြင်းနည်းကို ချက်ချင်း စတင်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကျောရိုးတွေရဲ့ လှုပ်ရှားမှုကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ကြိုးစားရပါမယ်။ ကျောရိုးမကြီး လှုပ်ရှားမှု မဖြစ်စေရန် အရိုးရှင်းဆုံး နည်းလမ်းကတော့ သဲအိတ်ထားပေးခြင်းပဲ ဖြစ်ပါတယ်။ သဲအိမ်ဆိုလို့ သဲ တွေ အသည်းအသန် လိုက်ရှာနေစရာ မလိုအပ်ပါဘူး။ တဘတ်၊ အဝတ် စတာတွေကို ရိုးရှင်းစွာ ခေါက်ပြီး လူနာရဲ့ ဦးခေါင်း ပတ်ဝန်းကျင်မှာ ထားပေးခြင်းဖြင့် ကျောရိုးမကြီး လှုပ်ရှားမှု မရှိအောင် ပြုလုပ်နိုင်ပါတယ်။ လူနာရဲ့ မျက်နှာတစ်ဝိုက်ကို မအုပ်မိအောင်တော့ ကြိုးစားရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ သင်ဟာ သူအသက်ရှုပြီလားဆိုတာကို စောင့်ကြည့်ဖို့ရာ လိုအပ်တဲ့ အတွက် ဖြစ်ပါတယ်။

    တကယ်လို့ သင်ဟာ လူနာကို နှလုံးခုန်စေရန် ရင်ဘတ်ဖိပြီး အသက်ကယ်ဖို့ ခန္ဓါကိုယ် အနေအထားပြောင်းရတော့မယ်ဆိုရင် သူတို့ရဲ့ ကျောရိုးကို မလှုပ်ရှားအောင် အကောင်းဆုံး ဂရုစိုက်သင့်ပါတယ်။ သင့်ရဲ့ ဘေးနားမှာ အကူအညီလိုလျှင် ချက်ချင်းလာလုပ်ပေးရန် လူအချို့လည်း အဆင်သင့်ရှိနေသင့်ပါတယ်။ ဒီလိုအချိန်မှာ သင်လုပ်မယ့် အသင့်တော်ဆုံးသော နည်းလမ်းအမျိုးမျိုး အကြောင်းကို သင့်ဘေးနားမှာရှိတဲ့ လူတွေကိုသာ သင်ကြားပြသပေးနိုင်တဲ့ အချိန်လည်း ဖြစ်ပါတယ်။

    ရေထဲမှာ ကျောရိုးအာရုံကြောမကြီး ထိခိုက်ဒါဏ်ရာ ရရှိတဲ့အခါ ကယ်ဆယ်နည်း

    ကျောရိုးဆိုင်ရာ ထိခိုက်ဒဏ်ရာ ရရှိခြင်းရဲ့ အချို့သော အကြောင်းအရင်းတွေမှာ ရေတိမ်တိမ်ထဲကို ဒိုင်ဗင်ထိုးချခြင်းရဲ့ နောက်ဆက်တွဲ အကျိုးကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။ အသက်ကယ် သမားတွေနဲ့ သက်တော်စောင့်တွေဟာ လူတွေရေထဲမှာ ဒီလိုမျိုး ကျောရိုးဆိုင်ရာ ထိခိုက်ဒဏ်ရာ ရရှိတဲ့အခါ ပြုလုပ်ပေးရမယ့် အသက်ကယ်နည်း အထူးလေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် သင်ကြားရလေ့ရှိပါတယ်။ ဒီလိုလေ့ကျင့်သင်ကြားခြင်း အားဖြင့် ဒီလိုအခြေအနေနဲ့ ကြုံတွေ့လာရတဲ့အခါ အသင့်တော်ဆုံး သောနည်းလမ်းအမျိုးမျိုး ကို သင်ယူရရှိမှာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ လူနာတစ်ယောက်ကို ရေထဲမှာတွေ့ရှိ ပြီးသူဘာဖြစ်တယ်မှန်း သေချာမမြင်ခဲ့ဘူးဆိုရင် သို့မဟုတ် တကယ်လို့ လူနာဟာ ကျောရိုးဆိုင်ရာ ထိခိုက်ဒဏ်ရာ ရတယ်ဆိုတာ မသေချာဘူးဆိုရင် အခြားသော ကယ်ဆယ်ရေးသမားကို အကူအညီပေးရန် ခေါ်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement