backup og meta

တိရစ္ဆာန် ကိုက်ခံရတဲ့အခါ

တိရစ္ဆာန် ကိုက်ခံရတဲ့အခါ

တိရစ္ဆာန် ကိုက်ခံရတဲ့အခါ

အဓိကအားဖြင့် တိရစ္ဆာန်တွေကို ခွေးရူးပြန်ရောဂါ ရနိုင်တဲ့တိရစ္ဆာန်တွေနဲ့ စိတ်ချရတဲ့ တိရစ္ဆာန်တွေရယ်လို့ နှစ်မျိုးခွဲနိုင်ပါတယ်။

ခွေးရူးပြန်ရောဂါ ရနိုင်တယ်ဆိုရင် ဒီရောဂါဟာ သေစေနိုင်တဲ့ ရောဂါဖြစ်တာမို့ သတိထားရပါမယ်။ ခွေးကိုက်မှ ဖြစ်တာမဟုတ်ဘဲ လင်းနို့၊ မြေခွေး၊ ခွေးအ၊ ကြောင်မျိုးစိတ်တချို့နဲ့ တောရိုင်းတိရစ္တာန်တွေ ကိုက်ခံရရင်လည်း ဖြစ်တတ်ပါတယ်။ သူတို့မှာ ဘာလက္ခဏာမှ ရှိမနေရင်တောင် ရောဂါပိုးကို ပြန့်ပွားစေနိုင်ပါတယ်။ ရှားရှားပါးပါးအနေနဲ့ ရှဉ့်တွေမှာလည်း ဒီပိုးက ရှိနေတတ်ပါတယ်။

ခွေးရူးပြန်ရောဂါ မရနိုင်တဲ့ တိရစ္ဆာန်ကိုက်ခြင်းတွေကတော့ ကြွက်၊ ပူး၊ ယုန် စတာတွေကို ပြောတာဖြစ်ပါတယ်။

လက္ခဏာတွေက ဘာတွေလဲ

ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့

• ပြတ်ရှဒဏ်ရာများနှင့် သွေးထွက်ခြင်း

• အညိုအမဲစွဲခြင်း

• ကြိတ်ချေခံရခြင်းနဲ့

• ထိုးသွင်းဒဏ်ရာများ ဖြစ်ပါတယ်။

ဘာလုပ်သင့်လဲ

ခွေးရူးပြန်ရောဂါပိုးနဲ့ ထိတွေ့မိလိုက်တယ်ထင်ရင် အနာကို ဆပ်ပြာ၊ ရေတို့နဲ့ ၁၀မိနစ်ကနေ ၁၅မိနစ်ကြာအောင် ချက်ချင်းဆေးကြောပစ်ဖို့ သိပ်အရေးကြီးပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အနာကို ရေဘုံဘိုင်အောက်မှာ ထားပြီး ဆေးချပစ်ပါ။ တိရစ္တာန်က မသွားသေးဘဲ ရှိနေသေးတယ်ဆိုရင်တော့ ရဲအကူအညီခေါ်ပါ။ တကယ်လို့ ဖမ်းမိတယ်၊ သေသွားတယ်ဆိုရင်လည်း မထိတွေ့မိအောင် သတိထားပါ။ ပိုးရှိတဲ့ တိရစ္တာန်ဆီက တံတွေးနဲ့ ကိုယ့်အနာနဲ့ ထိတွေ့မိရင်တောင် ပိုးကူးစက်သွားနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆေးခန်းပြဖို့ လိုမလဲ

• ကိုက်ခံရတာက ခွေးရူးပြန်ပိုးရှိနိုင်တဲ့ တိရစ္ဆာန်ဖြစ်နေရင်

• အရေပြားပေါက်ပြဲသွားရင်

• ဒါမှမဟုတ် သင့်မှာ အရေးပေါ်ပြဿနာတခုခု ရှိရင် သင့်ကလေးရဲ့ဆရာဝန်ဆီ အမြန်ဆုံးဆက်သွယ်ဖို့ လိုပါမယ်

ဘယ်လိုကာကွယ်လို့ရမလဲ

အဲဒီလို တိရစ္ဆာန်မျိုးတွေနဲ့၊ ဘာရောဂါပိုးမှ ရှိမနေတဲ့ တိရစ္ဆာန်တွေနဲ့တောင် မထိတွေ့ဖို့အတွက် သင့်ကလေးကို သင်ကြားပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Animal bites: First aid. http://www.mayoclinic.org/first-aid/first- aid-animal- bites/basics/ART-20056591. Accessed August 19,2016

Animal bites. https://www.healthychildren.org/English/health-issues/conditions/from- insects-animals/Pages/Animal-Bites.aspx. Accessed August 19,2016

Animal bite Child. http://www.fairview.org/healthlibrary/Article/511272EN. Accessed August
19,2016

Animal or human bite. https://www.legacyhealth.org/housecalls2011/ped-en/peds/animalorhumanbite.html. Accessed August 19,2016

 

ယခုပုံစံ

12/05/2020

Dr. Phio Thiha မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

အဆိပ်သောက်ထားသူကို အရေးပေါ် ပြုစုနည်း



Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement