backup og meta

ခြေနင်းတော် ရွှေဖိနပ်ကြောင့် ခြေထောက်မထိခိုက်စေဖို့ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေနင်းတော် ရွှေဖိနပ်ကြောင့် ခြေထောက်မထိခိုက်စေဖို့ဆိုရင်

    ဖိနပ်တို့ အဝတ်အစားတို့ ခန္တာကိုယ်ပေါ်မှာ ဆင်မြန်းရတဲ့အရာတွေဟာ ယျေဘုယျအားဖြင့် အဆင်တန်ဆာတစ်ခုအဖြစ် ရှုမြင်ခြင်းခံရတတ်ပါတယ်။ အထူးသဖြင့် ဖိနပ်ပေါ့။ ဒါပေမယ့် မှန်ကန်သင့်လျော်တဲ့ ဖိနပ်ကို စီးပေးခြင်းဟာ  မိမိရဲ့ခြေထောက်ကို သက်သောင့်သက်သာဖြစ်စေသလို ခန္တာကိုယ်အပေါ် မလိုလားအပ်တဲ့ ထိခိုက်မှုတွေဖြစ်မလာအောင်လည်း ကာကွယ်ရာ ရောက်တယ်ဆိုတာမျိုးကိုတော့ သိတဲ့သူနည်းပါးပါတယ်။ ခြေထောက်မထိခိုက်စေဖို့ဆိုရင် ဖိနပ်မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ လိုအပ်တာပေါ့။

    ဖိနပ်ဆိုတာဟာ ခြေထောက်အတွက် ကူရှင်ထိုင်ခုံတစ်ခုလိုပါပဲ။ ခန္တာကိုယ်ဟာ အနေအထားမှန်ကန်တဲ့ ထိုင်ခုံမျိုးမှာ သက်သောင့်သက်သာ ထိုင်ပြီးနားဖို့ လိုအပ်သလို ခြေထောက်ဟာလည်း သူ့ကို ကောင်းကောင်း ပံ့ပိုးပေးနိုင်တဲ့ ဖိနပ်မျိုး စီးထားဖို့ လိုပါတယ်။ ဒါမှ ခြေထောက်လည်း သက်သောင့်သက်သာဖြစ်မှာဖြစ်ပြီး ခြေလှမ်းတိုင်းကို စိတ်အေးအေးချမ်းချမ်းနဲ့ လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

    ကိုယ့်အတွက် သက်သောင့်သက်သာရှိစေမယ့် ဖိနပ်ဆိုတာ ဘယ်လိုမျိုးလဲ

    နူနူးညံ့ရမယ် – ဖိနပ်အလယ်သားဟာ ဖိနပ်တစ်ခုမှာ အရေးအပါဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ သူဟာ ခန္တာကိုယ် မှန်မှန်ကန်ကန် ရပ်တည်နိုင်နေဖို့ သိပ်ကို အရေးပါပါတယ်။ တကယ်လို့ ဖိနပ်က မာမာတောင့်တောင့်ကြီးဖြစ်နေရင် ကိုယ်လည်း သက်သောင့်သက်သာရှိမှာမဟုတ်ပါဘူး။

    ခြေထောက်ကို အထောက်အကူပြုရမယ် – ကိုယ်စီးထားတဲ့ ဖိနပ်ကြောင့် သွားရေးလာရေးမှာ မှန်ကန်တဲ့ ခြေလှမ်းတွေလှမ်းနိုင်ဖို့ လိုပါတယ်။ ဖိနပ်နဲ့ မြေကြီးထိတဲ့ ပုံစံမမှန်ရင် ခြေခေါက်လဲတာမျိုး ခြေကျင်းဝတ်ထိခိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    သက်သောင့်သက်သာဖြစ်ရမယ် – ခြေထောက်မထိခိုက်စေဖို့ဆိုရင် ဖိနပ်တစ်ရံဟာ ကိုယ်စီးထားလို့ စီးထားမှန်းမသိအောင်ကို သက်သောင့်သက်သာဖြစ်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ပဲ အချိန်တိုင်း ဖိနပ်စီအာရုံရောက်နေတဲ့အထိ မသက်မသာဖြစ်နေရင် အနည်းဆုံးတော့ စိတ်မချမ်းမသာဖြစ်ရပါလိမ့်မယ်။

    အံဝင်ခွင်ကျဖြစ်ရမယ် – ဖိနပ်လေးက စီးရတာ ကွက်တိပဲလို့ တော်တော်များများက ပြောကြတယ်။ တကယ်တမ်း ဖိနပ်တစ်ရံရဲ့ အတွင်းပိုင်းဟာ လူ့ခြေထောက်ထက် ၁ စင်တီမီတာကနေ ၁.၅ စင်တီမီတာဝန်းကျင်လောက် ပိုကြီးနေဖို့လိုအပ်ပါတယ်။ ဒါမှ အံဝင်ခွင်ကျ မကျပ်မချောင်နဲ့ စိတ်ချမ်းချမ်းသာသာစီးလို့ရမှာပါ။

    ခြေထောက်မထိခိုက်စေဖို့ဆိုရင် ဘယ်လို စီးသင့်သလဲ 

    ညပိုင်း ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်ပြီးကာစအချိန်မျိုးတွေမှာ ချောင်ချောင်ပွပွ ဖိနပ်မျိုးတွေ ဝတ်ဆင်ပေးတာက သက်သောင့်သက်သာရှိစေမှာအမှန်ပါ။

    ခြေထောက်မထိခိုက်စေဖို့ဆိုရင် ဖိနပ်ဝယ်ယူတဲ့အခါတိုင်း သတိထားပြီး အတိုင်းအတာကို ဆန်းစစ်ဖို့လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ ဖိနပ်ဆိုက်ဒ်တွေဟာ မမှန်တတ်သလို ခန္တာကိုယ်ကြီးထွားမှု၊ အသက်အရွယ်တို့ကြောင်လည်း ဆိုက်တွေ ပြောင်းလဲနေနိုင်ပါတယ်။

    အားကစားလုပ်တဲ့အချိန်မှာ စီးတဲ့ ဖိနပ်၊ သာမန်အချိန်တွေမှာ စီးတဲ့ဖိနပ်စသဖြင့် ခွဲခြားထားတာဟာ ကောင်းမွန်တဲ့ အလေ့အကျင့်ဖြစ်ပါတယ်။ တစ်ချို့ဖိနပ်တွေဟာ သီးသန့်ဒီဇိုင်းထုတ်ထားတာမို့ သာမန်အချိန်တွေမှာ စီးရင် အဆင်မပြေနိုင်ပါဘူး။

    ခြေထောက်မှာ ထိခိုက်ဒါဏ်ရာရနေတာလိုမျိုး တစ်ချို့အခြေအနေတွေမှာ ခြေဖဝါးအထူးကုလိုမျိုး ကျန်းမာရေးနဲ့ ပတ်သက်ပြီး နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး ဝယ်ယူတာကလည်း ကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ရှိနေတဲ့ ဖိနပ်ကိုပဲ ဇွတ်ဆက်စီးနေတာက ရောဂါပျောက်ကင်းမှုနှုန်းကို နှေးကွေးစေပါလိမ့်မယ်။

    မှန်ကန်တဲ့ ဖိနပ်ကို ရွေးချယ်မစီးဖြစ်ရင် ဘာတွေဖြစ်လာနိုင်သလဲ 

    ဖိနပ်ကို ခက်ခက်ခဲခဲထိုးသွင်းနေရပြီ၊ ဝတ်ထားချိန်မှာ ကျပ်ထုပ်နေတာမျိုး၊ လမ်းလျှောက်တိုင်း ဖိနပ်ကတစ်ခြား လူကတစ်ခြားဖြစ်နေတာမျိုးတွေ ကြုံနေရပြီဆိုရင် ကိုယ်နဲ့ အံကိုက်မဖြစ်တဲ့ ဖိနပ်မျိုးတွေကို စီးမိနေတာ သေချာပါပြီ။ ဒီလိုဆိုဘာတွေဖြစ်လာနိုင်သလဲ?

    သေချာတာကတော့ ဖိနပ်ပွန်းတာတွေ၊ အဆစ်လွဲတာတွေ၊ ခြေဖမိုးက သွေးကြောတွေယောင်ယမ်းတာမျိုးတွေ၊ ထိခိုက်ဒါဏ်ရာရတာတွေဖြစ်နိုင်ချေများပါတယ်။

    အရမ်းကျပ်တဲ့ ဖိနပ်မျိုးတွေကို မကြာခနစီးဖြစ်နေမယ်ဆိုရင် ခြေဖနောင့်ကိုလည်း ထိခိုက်နိုင်ပြီးတော့ ဆက်စပ်ရောဂါတွေအဖြစ် Plantar fasciitis လို ခြေဖနောင့်ကြွက်သား နာကျင်ယောင်ယမ်းမှုမျိုးတွေ ကြုံရနိုင်ပါတယ်။

    မှားယွင်းတဲ့ အပြေးဖိနပ်တွေစီးပြီး ပြေးနေမိမယ်ဆိုရင် ဒူးခေါင်းအထိ ထိခိုက်နိုင်ပြီး iliotibial band syndrome အထိ ဖြစ်နိုင်ချေရှိပါတယ်။

    ဒီလို ကိုယ်နဲ့မကိုက်တဲ့ ဖိနပ်မျိုးတွေကို စီးဖြစ်နေရင် ကယ်လ်စီယံဓာတ်လျော့နည်းတာနဲ့ စိတ်ဖိစီးမှုများတာမျိုးတွေလည်း ဖြစ်နိုင်ချေရှိပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement